Uncategorized
ဖာနန်ဒက်ကိုသူ့ရဲ့Team of the yearမှာမထည့်တဲ့အကြောင်းကိုပြောပြသွားတဲ့လီပါပူးကစားသမားဟောင်း
UNICODE
ဖာနန်ဒက်ကိုသူ့ရဲ့Team of the yearမှာမထည့်တဲ့အကြောင်းကိုပြောပြသွားတဲ့လီပါပူးကစားသမားဟောင်း
Amazon Prime မှာ pundit အဖြစ်ဆောင်ရွက်နေသူ လီဗာပူးကစားသမားဟောင်းမက်မာနာမန်က ၎င်းရဲ့ Team of the year မှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ထက် ကယ်ဗင်ဒီဘရိုင်းကို ဘဲ ရွေးချယ်သွားမည် ဖြစ်တဲ့ အကြောင်း ကို ယခုကဲ့သို့ ရှင်းပြပေးသွားခဲ့ပါတယ်။ဒါ့အပြင်ဘရူနိုရဲ့ ယူနိုက်တက်မှာ ပင်နယ်တီသွင်းဂိုးတေများပြားနေမှုနဲ့ ပါတ်သတ်ပြီးလည်းအောက်ပါ ထိုးနှက်သွားခဲ့ပါတယ်။လီဗာပူးကစားသမားဟောင်း မက်မာနာမန် က “ကျနော်ကတော့ ကျနော့်ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ကွင်းလယ်တိုက်စစ်နေရာအတွက် ဘရူနိုဖာနန်ဒက်ထက် ကယ်ဗင်ဒီဘရိုင်းနားကိုဘဲ အမြဲတမ်းရွှေးချယ်သွားမှာပါ။ဒါ့အပြင် လီဗာပူး ကွင်းလယ်လူ ၂ ဦး ဖြစ်သူ ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ကလည်း လီဗာပူးရဲ့ ၂၀၁၉-၂၀ ရာသီ အမှတ်ပေးဖလား အောင်မြင်မှုမှာ အဓိက နေရာကနေ ပါဝင် ခဲ့ကြတဲ့ အတွက် သူတို့ကို ရွေးချယ် ခဲ့ပါတယ်။ဖာနန်ဒက်ကယူနိုက်တက်အတွက်တကယ်ကို မယုံနိုင်အောင်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တေပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် ကျနော့်အသင်းမှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့က မပါမဖြစ်ပါဖို့လိုပါတယ်။သူတို့က ပရီးမီးယားလိဂ်ဖလားကို ရမှတ်များစွာနဲ့ ဆွတ်ခူးရာမှာ အဓိက လူတေလေ။ကွင်းလယ်တိုက်စစ်နေရာအတွက်တော့ ဖာနန်ဒက်ထက် ဒီဘရိုင်းနားကိုပဲ ကျနော်ရွေးချယ်သွားမှာပါ။တကယ်လို့သူတို့နှစ်ဦးထဲက တစ်ဦးကိုရွေးပါဆိုရင်လည်း ဒီဘရိုင်းနားကို ဘဲ အကြိမ်ကြိမ်ရွေးချယ်သွားမှာပါ” လို့ဆိုခဲ့ပါတယ်။ထို့နောက်မက်မာနာမန်က ဘရူနိုဖာနန်ဒက်ရဲ့ပင်နယ်တီသွင်းဂိုးတေနဲ့ပါတ်သတ်ပြီး” ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် မယုံနိုင်စရာစွမ်းဆောင်ရည်တေကိုစွမ်းဆောင်ခဲ့ပါတယ် ပင်နယ်တီ သွင်းဂိုးတွေ များစွာလည်း အပါအ၀င်ပေါ့ ” လို့ ခနဲ့သွား ခဲ့ ပါတယ်။
ယခု Team of the year ဟာ မက်မာနာမန် ၊ ပီတာခရောက် နဲ့ အလန်ရှီးယား တို့ ၃ ဦးပေါင်း ရွေးချယ် ခဲ့ကြတာ ဖြစ်ပြီး နောက်ဆုံးအဆုံးသတ်မှာ ခရောက်ချ် နဲ့ အလန်ရှီးယား တို့က ဒီအသင်းမှာဖာနန်ဒက်စ် အတွက် ဖာဘယ်ညိုကို ဖယ်ရှားကာ ထည့်သွင်းရွေးချယ်သွားခဲ့ပါတယ်။မက်မာနာမန် ၊ ပီတာခရောက် နဲ့ အလန်ရှီးယား တို့ရဲ့ ၃ ဦးပေါင်း Team of the Year
ဂိုး – အလီဆန် (လီဗာပူး)
နောက်တန်း – ကော်နာကိုဒီ(ဝုဖ်)၊အာနိုး ၊ ဗန်ဒိုက် ၊ ရောဘတ်ဆန် (လီဗာပူး)
ကွင်းလယ် – ဟန်ဒါဆန် (လီဗာပူး) ၊ ဖာနန်ဒက်(မန်ချက်စတာယူနိုက်တက်) ၊ ဒီဘရိုင်းနား (မန်စီးတီး)
တိုက်စစ် – ဆာလာ (လီဗာပူး) ၊ ကိန်း ၊ ဆွန်ဟောင်မင် (တော့တင်ဟမ်)
#Muff
ZAWGYI
ဂိုး – အလီဆန် (လီဗာပူး)
#Muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X