Sport

ဘသူမှမချီးကျူးဘဲမေ့နေကြတဲ့ အမေ့ခံကစားသမားကိုဝိုင်းချီးကျူးခဲ့ကြတဲ့ဖာနန်ဒက်နဲ့သူငယ်ချင်းတစ်သိုက်

 

UNICODE

ဘသူမှမချီးကျူးဘဲမေ့နေကြတဲ့ အမေ့ခံကစားသမားကိုဝိုင်းချီးကျူးခဲ့ကြတဲ့ဖာနန်ဒက်နဲ့သူငယ်ချင်းတစ်သိုက်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဝုဗ်အသင်းနှင့် ပွဲစဉ်မှာတိုက်စစ်စားသမားဖြစ်သူ မားကပ်ရက်ဖို့ရဲ့ အချိန်ပို သွင်းဂိုးနဲ့အတူအနိုင်မှတ်သုံးမှတ်ကို အရယူခဲ့ပြီး နှစ်ဟောင်းကို အနိုင်နဲ့ နှုတ်ဆက်ကာ အမှတ်ပေးဇယား ကိုအဆင့်နှစ်နေရာ နဲ့ နှုတ်ဆက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ယူနိက်တက်ရဲ့ အဆိုပါ နိုင်ပွဲဟာ မလွယ်ကူ ဘဲ ခက်ခက် ခဲခဲကစားခဲ့ရပြီး ကစားသမားတေဟာ ပွဲပန်းမှု ဒါဏ်တေ၊ အ‌အေးဒါဏ်တေကြားမှာ အနိုင် သုံးမှတ်ကိုနောက်ဆုံးအချိန်မှာ ခက်ခက်ခဲခဲ ရယူနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်အပြီးမှာတော့အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို အနိုင်ဂိုးရှင် မားကပ်ရက်ဖို့ က ရရှိခဲ့ပြီး နောက်ခံကစားသမားဖြစ်သူ အဲရစ်ဘိုင်လီက လည်း တကယ်ကို ပရိတ်သတ်အကြိုက်အံ့ဩ စရာ ခြေစွမ်းတေပြသသွားနိုင်ခဲ့ပါတယ်။အဲရစ်ဘိုင်လီဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၁၄ ကြိမ် ပါ၀င်ကစားခဲ့ရာမှာ ၁၁ ပွဲအထိ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး ဂိုးမပေးရသည့် ပွဲကလည်း ၉ ပွဲအထိရှိအောင် ဦးဆောင်ကစားထားနိုင်တာလည်းဖြစ်ပါတယ်။ထို့အပြင် ပရိတ်သတ်များ ဘိုင်လီကို မက်ဂွားယားရဲ့ အကောင်းဆုံး ပါတနာအဖြစ် နဲ့ သတ်မှတ်ထားကြပြီး ၎င်းကလည်း ပါ၀င်ခွင့်ရတဲ့ ကစားပွဲတိုင်းမှာ ကျောက်ဆောင်ကြီးသဖွယ် မာမာထန်ထန်ကစားဟန်နဲ့ အကောင်းဆုံး ပေးဆပ်ကစားထားတာလည်းဖြစ်ပါတယ်။ဒါအပြင်၎င်းကို ပရိတ်သတ်တစ်ချို့က အံဩထွယ်တေနဲ့ ပြည့်နှက်နေတဲ့ လူရွင်တော်တစ်ယောက်လို့လည်းသုံးနှုန်းသွားခဲ့ကြပါတယ်။အဆိုပါ အကြောင်းမှာ မနေ့ညက ပွဲစဉ်အတွင်း၎င်းပြသခဲ့တဲ့ စကေးတစ်ချို့ကြောင့် ဖြစ်ပါတယ်။မနေ့ညက ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာလည်း ၎င်းရဲ့ ခြေစွမ်းဟာ ပရိတ်သတ်များ သတိပြုစရာဖြစ်ခဲ့ပေမယ့် အကောင်းဆုံးကစား


သမားဆုကို မရရှိခဲ့ပါဖူး။သို့ပေမယ့် ၎င်းဟာ ယူနိုက်တက် အသင်းဖေါ်တေဖြစ်ကြတဲ့ ဖာနန်ဒက်၊တော်မီနေးနဲ့ လင်ဒီလောဒ့်တို့ ရဲ့ ချီးကျူးမှုကို တော့ အပြည့်အ၀ ရရှိထားခဲ့ပါတယ်။ဘရူနိုဖာနန်ဒက် က အင်စတာဂရမ် တွင် ဘိုင်လီရဲ့ ပိုစ့်အောက်၌ မင်းက တော့ ငါ့ရဲ့ Man of the match ပါကွာဟု မှတ်ချက်ပြုသွားခဲ့ပါတယ်။ဒါ့အပြင် မက်တော်မီနေးနဲ့ နောက်ခံလူ ဗစ်တာလင်ဒီလောဒ့်တို့ကလည်း အသီသီး ဂုဏ်ပြုသွားခဲ့တာကို တွေ့ခဲ့ရပြီး တကယ်ကို ချစ်စရာကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ဘိုင်လီဟာ ဒါဏ်ရာပြဿနာတေသာ မကြုံတွေ့ရရင် အသင်းရဲ့ အကောင်းဆုံး ခံစစ်ကစားသမားအဖြစ်ရပ်တည်နိုင်မှာ ဖြစ်ပေမယ့် ၎င်းဟာ ဒါဏ်ရာပြဿနာတေကြောင့်သာ ခြေစွမ်းကောင်းမွန်စွာ မပြသနိုင်ဘဲ ခက်ခဲခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ခင်ဗျားတို့ အမြင်မှာရော ဘိုင်လီဟာ မက်ဂွားယားရဲ့ တကယ့်ကို အကောင်းဆုံးသောပါတနာ လားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။
#MUFF

ZAWGYI


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X