Sport

ယူနိုက်တက်ပရိတ်သတ်တေကြာ: အထူးရေပန်းစားပြောစရာဖြစ်ခဲ့ရတဲ့ဖာနန်ဒက်ရဲ့ ရီစရာအပြုအမူ အကြောင်း

UNICODE

ယူနိုက်တက်ပရိတ်သတ်တေရဲ့ အထူးရေပန်းစားပြောစရာဖြစ်ခဲ့ရတဲ့ဖာနန်ဒက်ရဲ့ ရီစရာအပြုအမူ အကြောင်း

မနေ့ညက ယူနိုက်တက် အသင်းဟာ ဝုဗ်ဗာဟန်တမ် အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ရက်ဖို့ရဲ့ အချိန်ပိုသွင်းဂိုး နဲ့ အတူ အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာတော့ ပွဲဆက်ကစားရမှုကြောင့် ပွဲပမ်းတဲ့ ဒါဏ်တေကို ခံစားနေရတဲ့ ယူနိုက်တက်ကစားသမားတေဟာ ခက်ခက်ခဲခဲ ဝုဗ်ဗာဟန်တမ် အသင်းကို ရင်ဆိုင်သွားခဲ့ပြီး အနိုင်သုံးမှတ်ကို ရယူကာ အမှတ်ပေးဇယားရဲ့ အဆင့်နှစ်နေရာသို့ တက်လှမ်း သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ရာသီ၀က်ပြီးဆုံးချိန်မှာတော့ ယူနိုက်တက်တို့ဟာ ချန်ပီယံပြေး လမ်းအတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီးတော့ ဇယားထိပ်မှာဦးဆောင်နေတဲ့ လီဗာပူးအသင်းကိုအနီးကပ်ဆုံးဖိအားပေးနိုင်နေပြီလည်းဖြစ်ပါတယ်။ဒါ့အပြင် မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်ရဲ့ တိုက်စစ်မှုးဖြစ်သူ မားကပ်ရက်ဖို့ အနိုင်ဂိုး သွင်းယူနိုင်ချိန် ကလေးတစ်ယောက်လို ခုန်ပေါက် အောင်ပွဲခံပုံကလည်း တကယ်ကိုယူနိုက်တက်ပရိတ်သတ်တေကြားမှာ ရေပန်းစားခဲ့ပါတယ်။ဖာနန်ဒက်ဟာပြီးခဲ့တဲ့ ဇန်နဝါရီကာလကမှ ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့်လည်း ၎င်းရောက်ရှိလာသည့် အချိန်မှ စ၍ ပရီးမီးယားလိဂ်မှာ ၎င်းထက် ဂိုးဖန်တီးပေးထားနိုင်သူ မရှိသေးသလို သွင်းဂိုးမှာလည်း ၎င်းထက် လီဗာပူးတိုက်စစ်မှုးဖြစ်သူ ဆာလက်တစ်ဦးသာ ပိုမို ဂိုးသွင်းထားနိုင်သေးသည် အထိ ခြေစွမ်းကောင်းတေ ပြသထားသူ ဖြစ်ပြီး အချိန်နိုအတွင်း ယူနိက်တက်မှာမရှိမဖြစ်ကစားသမား တစ်ယောက်ဖြစ်လာခဲ့တာ လည်းဖြစ်ပါတယ်။

ဒါ့အပြင် အသင်းအပေါ် ၎င်းရဲ့ ဦးတောင်နိုင်စွမ်း နိုင်လိုစိတ်ပြင်းပြမှုတေကြောင့်လည်း ယူနိုက်တက် ပရိတ်သတ်တေအတွက် တကယ်ကို အဖိုးဖြတ်မရတဲ့ အဖိုးတန်ကစားသမား ဖြစ်နေခဲ့ပါပြီ။ထို့ပြင်ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ် အက်ဒီစင်ကာဗာနီတစ်ယောက်ဦးဆောင်ဂိုး သွင်းယူလိုက်ချိန်မှာ ကလေးတစ်ယောက်လို အပြုအမူနဲ့ အောင်ပွဲခံပုံကြောင့် ပရိတ်သတ်တေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပြီးတော့ ယခုအခါမှာလည်း တိုက်စစ်မှုး ဖြစ်သူ ရက်ဖို့ အနိုင်ဂိုးသွင်းယူလိုက်ချိန်မှာ ၎င်းရဲ့ ကလေးဆန်စွာ ခုန်ပေါက်ကာ ပျော်ရွင်မြူးထူးစွာ အောင်ပွဲခံနေတဲ့ ပုံရိပ်ဟာ ပရိတ်သတ်တေကြားမှာ အထူးရေပန်းစားလျက်ရှိပြီး ယူနိုက်တက် ပရိတ်သတ်တိုင်းရဲ့ အချစ်ကို အပြည့်အ၀ ထပ်မံသိမ်းပိုက်သွားလျက်ရှိပါတယ်ခင်ဗျား။ကဲဘော်ဒါ‌တို့ရော ဖာနန်ဒက်ရဲ့ ချစ်စရာအောင်ပွဲခံပုံကို မြင်လိုက်ကြလားဗျာ။

#Muff

ယူႏိုက္တက္ပရိတ္သတ္ေတရဲ႕ အထူးေရပန္းစားေျပာစရာျဖစ္ခဲ့ရတဲ့ဖာနန္ဒက္ရဲ႕ ရီစရာအျပဳအမူ အေၾကာင္း

မေန႔ညက ယူႏိုက္တက္ အသင္းဟာ ဝုဗ္ဗာဟန္တမ္ အသင္းကို အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ရက္ဖို႔ရဲ႕ အခ်ိန္ပိုသြင္းဂိုး နဲ႔ အတူ အႏိုင္သုံးမွတ္ကို ရယူသြားႏိုင္ခဲ့ပါတယ္။အဆိုပါပြဲစဥ္မွာေတာ့ ပြဲဆက္ကစားရမႈေၾကာင့္ ပြဲပမ္းတဲ့ ဒါဏ္ေတကို ခံစားေနရတဲ့ ယူႏိုက္တက္ကစားသမားေတဟာ ခက္ခက္ခဲခဲ ဝုဗ္ဗာဟန္တမ္ အသင္းကို ရင္ဆိုင္သြားခဲ့ၿပီး အႏိုင္သုံးမွတ္ကို ရယူကာ အမွတ္ေပးဇယားရဲ႕ အဆင့္ႏွစ္ေနရာသို႔ တက္လွမ္း သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ ရာသီ၀က္ၿပီးဆုံးခ်ိန္မွာေတာ့ ယူႏိုက္တက္တို႔ဟာ ခ်န္ပီယံေျပး လမ္းအတြင္းကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ရွိလာခဲ့ၿပီးေတာ့ ဇယားထိပ္မွာဦးေဆာင္ေနတဲ့ လီဗာပူးအသင္းကိုအနီးကပ္ဆုံးဖိအားေပးႏိုင္ေနၿပီလည္းျဖစ္ပါတယ္။ဒါ့အျပင္ မေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္ရဲ႕ တိုက္စစ္မႈးျဖစ္သူ မားကပ္ရက္ဖို႔ အႏိုင္ဂိုး သြင္းယူႏိုင္ခ်ိန္ ကေလးတစ္ေယာက္လို ခုန္ေပါက္ ေအာင္ပြဲခံပုံကလည္း တကယ္ကိုယူႏိုက္တက္ပရိတ္သတ္ေတၾကားမွာ ေရပန္းစားခဲ့ပါတယ္။ဖာနန္ဒက္ဟာၿပီးခဲ့တဲ့ ဇန္နဝါရီကာလကမွ ယူႏိုက္တက္ အသင္းကို ေရာက္ရွိလာခဲ့သူ ျဖစ္ေပမယ့္လည္း ၎ေရာက္ရွိလာသည့္ အခ်ိန္မွ စ၍ ပရီးမီးယားလိဂ္မွာ ၎ထက္ ဂိုးဖန္တီးေပးထားႏိုင္သူ မရွိေသးသလို သြင္းဂိုးမွာလည္း ၎ထက္ လီဗာပူးတိုက္စစ္မႈးျဖစ္သူ ဆာလက္တစ္ဦးသာ ပိုမို ဂိုးသြင္းထားႏိုင္ေသးသည္ အထိ ေျခစြမ္းေကာင္းေတ ျပသထားသူ ျဖစ္ၿပီး အခ်ိန္ႏိုအတြင္း ယူနိက္တက္မွာမရွိမျဖစ္ကစားသမား တစ္ေယာက္ျဖစ္လာခဲ့တာ လည္းျဖစ္ပါတယ္။ဒါ့အျပင္ အသင္းအေပၚ ၎ရဲ႕ ဦးေတာင္ႏိုင္စြမ္း ႏိုင္လိုစိတ္ျပင္းျပမႈေတေၾကာင့္လည္း ယူႏိုက္တက္ ပရိတ္သတ္ေတအတြက္ တကယ္ကို အဖိုးျဖတ္မရတဲ့ အဖိုးတန္ကစားသမား ျဖစ္ေနခဲ့ပါၿပီ။ထို႔ျပင္ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲစဥ္ အက္ဒီစင္ကာဗာနီတစ္ေယာက္ဦးေဆာင္ဂိုး သြင္းယူလိုက္ခ်ိန္မွာ ကေလးတစ္ေယာက္လို အျပဳအမူနဲ႔ ေအာင္ပြဲခံပုံေၾကာင့္ ပရိတ္သတ္ေတရဲ႕ အခ်စ္ကို သိမ္းပိုက္ထားႏိုင္တာျဖစ္ၿပီးေတာ့ ယခုအခါမွာလည္း တိုက္စစ္မႈး ျဖစ္သူ ရက္ဖို႔ အႏိုင္ဂိုးသြင္းယူလိုက္ခ်ိန္မွာ ၎ရဲ႕ ကေလးဆန္စြာ ခုန္ေပါက္ကာ ေပ်ာ္႐ြင္ျမဴးထူးစြာ ေအာင္ပြဲခံေနတဲ့ ပုံရိပ္ဟာ ပရိတ္သတ္ေတၾကားမွာ အထူးေရပန္းစားလ်က္ရွိၿပီး ယူႏိုက္တက္ ပရိတ္သတ္တိုင္းရဲ႕ အခ်စ္ကို အျပည့္အ၀ ထပ္မံသိမ္းပိုက္သြားလ်က္ရွိပါတယ္ခင္ဗ်ား။ကဲေဘာ္ဒါ‌တို႔ေရာ ဖာနန္ဒက္ရဲ႕ ခ်စ္စရာေအာင္ပြဲခံပုံကို ျမင္လိုက္ၾကလားဗ်ာ။


#Muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X