Sport

နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့သုံးမှတ်ရယူသွားခဲ့တဲယူနိုက်တက်၁-၀ဝုဗ်ဗာဟန်တန် ပွဲအပြီးသုံးသပ်ချက်

UNICODE

နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့သုံးမှတ်ရယူသွားခဲ့တဲယူနိုက်တက်၁-၀ဝုဗ်ဗာဟန်တန် ပွဲအပြီးသုံးသပ်ချက်

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အသင်းရဲ့ ပြီးခဲ့တဲ့ ပွဲထွက်လူစာရင်းက ကစားသမား အနည်းငယ်ကို အပြောင်းအလဲပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။အထူးသဖြင့် တိုက်စစ်မှုး မာရှယ်နေရာမှာ ကာဗာနီက ပွဲထွက်ပါ ၀င်လာခဲ့ပြီးတော့ ကွင်းလယ် အတွဲဖက်မှာလည်း မာတစ်နဲ့ ပေါ့ဘာတို့က ပုံမှန်ပွဲထွက်နေကြ
ဖရက်နဲ့ တော်မီနေး တို့ အစားပွဲထွက်ပါ၀င်လာခဲ့ပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲစဉ်က မပါ၀င်လာနိုင်ခဲ့တဲ့ ဘစ်စာကာ လည်း ပါ၀င်လာခဲ့ပြီး ဘယ်နောက်ခံလူ လုခ်ရှောနေရာမှာလည်း တဲလက်စ်က ပွဲထွက်ပါ၀င်လာခဲ့ပါတယ်။ဝုဗ်ဗာဟန်တမ် ဘက်ကလည်း တိုက်စစ်မှုး ‌ရာအူလ်းဂျေမီနက်စ်က လွဲပြီး ထရာအိုရေး၊နက်တို၊ရူဘင်နီးဗက်စ် အစရှိတဲ့ ကစားသမား အစုံအလင်နဲ့ ယူနိုက်တက်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့ လည်း ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ဝုဗ်ဗာဟန်တမ် အသင်းကို အနီးကပ်တွဲလုံး၊အဝေးဘောပေးပို့မှု စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ထိုးဖေါက်တိုက်စစ် ဆင်မှု တေ ပြုလုပ်သွားပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်တေမရဘဲ တစ်ဖက်အသင်းရဲ့ တည်ငြိမ်တဲ့ ဖျက်ထုတ်မှု တေကြောင့် သွင်းဂိုး မရရှိခဲ့ပါဖူး။ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ် အတွင်းမှာ ဂိုးရနိုင်တဲ့ အပိုင် အခွင့်အရေး နှစ်ကြိမ်လောက် ရရှိခဲ့ပေမယ့် တစ်ဖက်ဂိုးသမားရဲ့ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုကြောင့် ဂိုးမရရှိခဲ့ပါဖူး။

ယူနိုက်တက်ရဲ့ တိုက်စစ် က အဝေးဘောပေးပို့မှုတေကို အဓိက အားဖြင့် ဘယ်ခြမ်းက တဲလက်စ် ဆီက ပြူ‌လုပ်ခဲ့ပေမယ့် လိုရာမရောက်ဘဲ တစ်ဖက်အသင်းကသာ ပိုင်ဆိုင်မှု ပြန်လည်ရယူသွားနိုင်ခဲ့ပါတယ်။ဒါကြောင့် နည်းပြဖြစ်သူ ဆိုလ်းရှားက ဒုတိယပိုင်းစစခြင်းမှာ ဘဲ နောက်ခံလူ တဲလက်စ်ရဲ့နေရာမှာ လုခ်ရှော နဲ့ လူစားလဲလှည် ခဲ့ပြီး ကစားပုံပြောင်းလဲစေခဲ့ပါတယ်။ဒါပေမယ့် ကစားပုံက ထူးခြားသွားခဲ့ခြင်းမရှိဘဲ ဘောလုံးက လည်း ဂိုးပေါက် ကန်သွင်းခွင့်တေမရရှိဘဲ ပျင်းရိစရာကောင်းနေခဲ့ပါတယ်။ဒါကြောင့် တိုက်စစ်ကစားပုံတိုးတက်မှု ယူနိုက်တက် အသင်းက တိုက်စစ် ကစားသမား ဂရင်းဝုဒ်နေရာမှာ မာရှယ်ကို လူစားလဲ ၀င်ရောက် ကစားစေခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၇၀ မှာတော့ ယူနိုက်တက်တို့ထောင့်ကန်ဘောကနေတစ်ဆင့် ကာဗာနီပိတ်သွင်းပြီး သွင်းဂိုး ရယူခဲ့ပေမယ့် ကာဗာနီရဲ့ နေရာယူပုံလူကျွံ့နေခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ဒါပေမယ့် ယူနိုက်တက်ရဲ့ တိုက်စစ် ကစားပုံကတိုးတက်လာခဲ့ခြင်းမရှိဘဲနဲ့ တစ်ဖက်အသင်းခံစစ်ဇုန် အတွင်းမှာ သာ အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ပွဲကစားချိန် မိနစ် ၉၄ မိနစ် အရောက်မှာတော့ ယူနိုက်တက် တို့ အနိုင် ၃ မှတ်ရယူနိုင်မယ့် ဂိုးကို ရက်ဖို့ တစ်ကိုယ်တော် ခြေစွမ်းနဲ့ ညာဘက်ကနေ အပြင်းကန်သွင်းကာ အနိုင် ဂိုးကို သွင်းယူသွားခဲ့ပြီး တော့ ယူနိုက်တက်တို့ အဆင့်နှစ် နေရာထိကို တက်လှမ်းသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

#muff

ZAWGYI

ေနာက္ဆုံးမိနစ္အႏိုင္ဂိုးနဲ႔သုံးမွတ္ရယူသြားခဲ့တဲယူႏိုက္တက္၁-၀ဝုဗ္ဗာဟန္တန္ ပြဲအၿပီးသုံးသပ္ခ်က္

ယူႏိုက္တက္အသင္းဟာ ဒီပြဲစဥ္မွာ အသင္းရဲ႕ ၿပီးခဲ့တဲ့ ပြဲထြက္လူစာရင္းက ကစားသမား အနည္းငယ္ကို အေျပာင္းအလဲျပဳလုပ္ခဲ့တာကို ေတြ႕ရပါတယ္။အထူးသျဖင့္ တိုက္စစ္မႈး မာရွယ္ေနရာမွာ ကာဗာနီက ပြဲထြက္ပါ ၀င္လာခဲ့ၿပီးေတာ့ ကြင္းလယ္ အတြဲဖက္မွာလည္း မာတစ္နဲ႔ ေပါ့ဘာတို႔က ပုံမွန္ပြဲထြက္ေနၾက ဖရက္နဲ႔ ေတာ္မီေနး တို႔ အစားပြဲထြက္ပါ၀င္လာခဲ့ပါတယ္။ဒါ့အျပင္ၿပီးခဲ့တဲ့ လက္စတာနဲ႔ ပြဲစဥ္က မပါ၀င္လာႏိုင္ခဲ့တဲ့ ဘစ္စာကာ လည္း ပါ၀င္လာခဲ့ၿပီး ဘယ္ေနာက္ခံလူ လုခ္ေရွာေနရာမွာလည္း တဲလက္စ္က ပြဲထြက္ပါ၀င္လာခဲ့ပါတယ္။ဝုဗ္ဗာဟန္တမ္ ဘက္ကလည္း တိုက္စစ္မႈး ‌ရာအူလ္းေဂ်မီနက္စ္က လြဲၿပီး ထရာအိုေရး၊နက္တို၊႐ူဘင္နီးဗက္စ္ အစရွိတဲ့ ကစားသမား အစုံအလင္နဲ႔ ယူႏိုက္တက္ကို ရင္ဆိုင္သြားခဲ့ပါတယ္။
ယူႏိုက္တက္အေနနဲ႔ လည္း ပထမပိုင္း ပြဲကစားခ်ိန္ အတြင္းမွာ ဝုဗ္ဗာဟန္တမ္ အသင္းကို အနီးကပ္တြဲလုံး၊အေဝးေဘာေပးပို႔မႈ စတဲ့ နည္းလမ္းေပါင္းစုံနဲ႔ ထိုးေဖါက္တိုက္စစ္ ဆင္မႈ ေတ ျပဳလုပ္သြားေပမယ့္ ဂိုးေပါက္ကန္သြင္းခြင့္ေတမရဘဲ တစ္ဖက္အသင္းရဲ႕ တည္ၿငိမ္တဲ့ ဖ်က္ထုတ္မႈ ေတေၾကာင့္ သြင္းဂိုး မရရွိခဲ့ပါဖူး။ပထမပိုင္းပြဲကစားခ်ိန္ ၄၅ မိနစ္ အတြင္းမွာ ဂိုးရႏိုင္တဲ့ အပိုင္ အခြင့္အေရး ႏွစ္ႀကိမ္ေလာက္ ရရွိခဲ့ေပမယ့္ တစ္ဖက္ဂိုးသမားရဲ႕ ေကာင္းမြန္တဲ့ ဂိုးေပါက္ ကာကြယ္မႈေၾကာင့္ ဂိုးမရရွိခဲ့ပါဖူး။ယူႏိုက္တက္ရဲ႕ တိုက္စစ္ က အေဝးေဘာေပးပို႔မႈေတကို အဓိက အားျဖင့္ ဘယ္ျခမ္းက တဲလက္စ္ ဆီက ျပဴ‌လုပ္ခဲ့ေပမယ့္ လိုရာမေရာက္ဘဲ တစ္ဖက္အသင္းကသာ ပိုင္ဆိုင္မႈ ျပန္လည္ရယူသြားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ နည္းျပျဖစ္သူ ဆိုလ္းရွားက ဒုတိယပိုင္းစစျခင္းမွာ ဘဲ ေနာက္ခံလူ တဲလက္စ္ရဲ႕ေနရာမွာ လုခ္ေရွာ နဲ႔ လူစားလဲလွည္ ခဲ့ၿပီး ကစားပုံေျပာင္းလဲေစခဲ့ပါတယ္။ဒါေပမယ့္ ကစားပုံက ထူးျခားသြားခဲ့ျခင္းမရွိဘဲ ေဘာလုံးက လည္း ဂိုးေပါက္ ကန္သြင္းခြင့္ေတမရရွိဘဲ ပ်င္းရိစရာေကာင္းေနခဲ့ပါတယ္။ဒါေၾကာင့္ တိုက္စစ္ကစားပုံတိုးတက္မႈ ယူႏိုက္တက္ အသင္းက တိုက္စစ္ ကစားသမား ဂရင္းဝုဒ္ေနရာမွာ မာရွယ္ကို လူစားလဲ ၀င္ေရာက္ ကစားေစခဲ့ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ ၇၀ မွာေတာ့ ယူႏိုက္တက္တို႔ေထာင့္ကန္ေဘာကေနတစ္ဆင့္ ကာဗာနီပိတ္သြင္းၿပီး သြင္းဂိုး ရယူခဲ့ေပမယ့္ ကာဗာနီရဲ႕ ေနရာယူပုံလူကြၽံ႕ေနခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ နစ္နာခဲ့ရပါတယ္။ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ တိုက္စစ္ ကစားပုံကတိုးတက္လာခဲ့ျခင္းမရွိဘဲနဲ႔ တစ္ဖက္အသင္းခံစစ္ဇုန္ အတြင္းမွာ သာ အခ်ိန္ကုန္ဆုံးေနခဲ့ပါတယ္။ပြဲကစားခ်ိန္ မိနစ္ ၉၄ မိနစ္ အေရာက္မွာေတာ့ ယူႏိုက္တက္ တို႔ အႏိုင္ ၃ မွတ္ရယူႏိုင္မယ့္ ဂိုးကို ရက္ဖို႔ တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ညာဘက္ကေန အျပင္းကန္သြင္းကာ အႏိုင္ ဂိုးကို သြင္းယူသြားခဲ့ၿပီး ေတာ့ ယူႏိုက္တက္တို႔ အဆင့္ႏွစ္ ေနရာထိကို တက္လွမ္းသြားႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X