Sport

စာရေးသူကိုယ်တိုင်စိတ်မကောင်း မျက်ရေကျရတဲ့ အီဂါလိုရဲ့ ဖွင့်ဟ စကားတစ်ခွန်း

 

UNICODE

စာရေးသူကိုယ်တိုင်စိတ်မကောင်း မျက်ရေကျရတဲ့ အီဂါလိုရဲ့ ဖွင့်ဟ စကားတစ်ခွန်း

“ယူနိုက်တက်ပရိတ်သတ်တေကျနော့်ကို ဒီမှာ ဆက်ကစားစေခြင်တယ်ဆိုတာ ကျနော် နားလည်ပါတယ်။ကျနော်က ယူနိုက်တက်ရဲ့ ပရိတ်သတ်တစ်ယောက်ပါ။ယူနိုက်တက်အတွက် အကောင်းဆုံးတေကိုမှ ပေးဆပ်ခြင်သူ တစ်ယောက်ပါ။ကျနော်က ယူနိုက်တက်ရဲ့ အမြဲ တမ်းအမာခံအရိတ်သတ်တစ်ယောက်‌ပဲလေ။
ဒီကိုကျနော် ပိုက်စံအတွက် လာခဲ့တာ မဟုတ်ပါဖူး။ကျနော့် နှလုံးသားကို နောက်ဆုံး အချိန်ထိတိုင်အောင် ပေးဆပ်ပြီး ကစားဖို့လာခဲ့တာပါဗျာ။မှတ်မိသေးမယ်ထင်တယ် ပီးခဲ့တဲ့ မတ်လ က ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ ကျနော်တို့ ဒုတိယဂိုး ရခဲ့တဲ့ အချိန်ကိုပေါ့ ၊စကော့ ကြောင့် ဒုတိယဂိုးရသွားတဲ့ အချိန်မှာ ရခဲ့တဲ့ ခံစားမှုမျိုး ဒီခံစားမှုက ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ခံစားမှုမျိုးဗျ။စကော့ ဒီဂိုး ကို သွင်းယူခဲ့ပေမယ့် ကျနော်ကတော့ ကျနော် သွင်းယူခဲ့သလို‌မျိုး ခုန်ပေါက်ပြီး အောင်ပွဲခံခဲ့ရပါတယ်။အိုးထရက်ဖိုဒ်မှာ ကျနော့်ရဲ့ အချိန်တေက ခဏတာသာဆိုပေမယ့် ကျနော့်ဘ၀ရဲ့ အကောင်းဆုံးနဲ့ အမှတ်အရဆုံးအချိန် အပိုင်းအခြားလေးပါဘဲဗျာ”

ဒါကတော့ အီဂါလိုရဲ့ စကားပေါ့ဗျာ။အီဂါလိုအကြောင်းကို ဘာသာ ပြန်ရပီဆိုရင် စာရေးသူဟာ ကိုယ်တိုင်တောင် တကယ်စိတ်မကောင်းခြင်းများစွာဖြစ်မိတာအမှန်ပါ။အကယ်၍များ ခင်ဗျားသာ အီဂါလိုဆိုပါတော့ ခင်ဗျားကို ငွေတေပုံပေးနေတဲ့ ကလပ်အသင်းကြီးရှိနေခဲ့တာတောင် ခင်ဗျားရဲ့ အချစ်ဆုံးသော ကလပ်အသင်းတစ်ခုအတွက် ကစားရမှာမသေချာတဲ့ ကလပ်အသင်းအတွက်နဲ့ ခင်ဗျားဟာငွေတေ ကို စွန့်လွတ်ပြီး ခင်ဗျား ရူးသွပ်နိုင်မှာလား၊ကျနော်တို့ လိုအရူးအမူ ဖြစ်တဲပရိတ်သတ်တေကတော့ yes လို့ဖြေမှာ သေချာတာပေါ့။ဒါက တကယ်ဆို ခက်ခဲတဲ့ အလုပ်ပါ။အီဂါလို ယူနိုက်တက်ကို ဘယ်လောက်ချစ်တယ် ဆိုတာ ပရိတ်သတ်တစ်ယောက်အနေ‌နဲ့တောင် ခံစားလို့ရပါတယ်။တကယ်လို့ဗျာ စာရေးသူ ကျနော့်ကို ယူနိုက်တက် ကွင်းထဲမှာ ဘောကောက်အနေနဲ့ ခေါ်မယ် ဆိုရင်တောင် အရာရာကို ဘေးဖယ်ပြီးတော့ ဘောကောက်သွားလုပ်မိမယ်ဆိုတာ တကယ့်ရင်တွင်းခံစားချက်အမှန်တရားပါ၊မဖြစ်နိုင်မှန်းသိပါတယ်၊ဒါပေမယ့် အီဂါလိုရဲ့ ရင်ထဲမှာလည်း ဒီလိုခံစားရမယ် ဆိုတာ ကို ကိုယ်ချင်းစာ ခံစားမိလို့ပါ။

ထားပါ ကိုယ်ရင်ထဲက ငယ်စဉ်ကတည်းက ရူးမိုက်စွာ တကယ်ချစ်တဲ့ အသင်းကို ကစားသမားအဖြစ်နဲ့ရောက်လာတဲ့ အချိန်မှာ အသင်းက ထွက်ခွာရတော့မယ့် အချိန်မှာလုံလောက်စွာ မကစားရတဲ့ ခံစားချက်ဆို ဘယ်လောက်တောင်ခံစားရမလဲဆိုတာ ပရိတ်သတ်တစ်ယောက်အနေနဲ့တောင် ခံစားနာကျင်ရပါတယ်။ဘ၀က ဗျာ ငယ်ချစ်နဲ့ အတူနေရတဲ့ ကံကိုရခဲ့ပေမယ့် ကိုယ်ချစ်ရသူရဲ့အိမ်မှာ ခြံစောင့်အဖြစ်လောက်နဲ့ နေရတဲ့ ဘ၀မျိုးလိုဘဲ တကယ်ကို ရင်ထုမနာ ခံစားချက်မျိုးပေါ့ဗျာ။ကိုယ်ချစ်တဲ့သူ အမြဲရှိနေတဲ့အိမ်ရဲ့ အထဲကိုတောင်၀င်ခွင့် မရတဲ့ ခြံစောင့်တစ်ယောက်ရဲ့ ဘ၀ခံစားမှုမျိုးပေါ့ဗျာ။အချစ်ဆိုတာ ငွေနဲ့၀ယ်ယူလို့မရဖူးဆိုတာ ဒါမျိုးကို ပြောတာပေါ့ကွာစိတ်မကောင်းပါဖူးအီဂါလိုရေ၊ခွဲရတော့မယ်ဆိုပေမယ့် အီဂါလိုရေ ဘာဘဲပြောပြောပါ တစ်ဘ၀ လုံး မင်းကို ငါတို့ ယူနိုက်တက် ပရိတ်သတ်တေ မင်းကို သတိရနေမှာပါကွာ။ယူနိုက်တက်ရဲ့ ယိုယွင်းနေတဲ့ အချိန်တစ်ခဏမှာ မင်းအသုံးတော်ခံခဲ့ဖူးတာတေကို ဘယ်သောအခါမှ ငါတို့ မမေ့နိုင်ပါဖူး ကွာ။
#muff

ZAWGYI

စာေရးသူကိုယ္တိုင္စိတ္မေကာင္း မ်က္ေရက်ရတဲ့ အီဂါလိုရဲ႕ ဖြင့္ဟ စကားတစ္ခြန္း

“ယူႏိုက္တက္ပရိတ္သတ္ေတက်ေနာ့္ကို ဒီမွာ ဆက္ကစားေစျခင္တယ္ဆိုတာ က်ေနာ္ နားလည္ပါတယ္။က်ေနာ္က ယူႏိုက္တက္ရဲ႕ ပရိတ္သတ္တစ္ေယာက္ပါ။ယူႏိုက္တက္အတြက္ အေကာင္းဆုံးေတကိုမွ ေပးဆပ္ျခင္သူ တစ္ေယာက္ပါ။က်ေနာ္က ယူႏိုက္တက္ရဲ႕ အၿမဲ တမ္းအမာခံအရိတ္သတ္တစ္ေယာက္‌ပဲေလ။
ဒီကိုက်ေနာ္ ပိုက္စံအတြက္ လာခဲ့တာ မဟုတ္ပါဖူး။က်ေနာ့္ ႏွလုံးသားကို ေနာက္ဆုံး အခ်ိန္ထိတိုင္ေအာင္ ေပးဆပ္ၿပီး ကစားဖို႔လာခဲ့တာပါဗ်ာ။မွတ္မိေသးမယ္ထင္တယ္ ပီးခဲ့တဲ့ မတ္လ က ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာ ဒါဘီမွာ က်ေနာ္တို႔ ဒုတိယဂိုး ရခဲ့တဲ့ အခ်ိန္ကိုေပါ့ ၊စေကာ့ ေၾကာင့္ ဒုတိယဂိုးရသြားတဲ့ အခ်ိန္မွာ ရခဲ့တဲ့ ခံစားမႈမ်ိဳး ဒီခံစားမႈက ဘယ္တုန္းကမွ မရခဲ့ဖူးတဲ့ ခံစားမႈမ်ိဳးဗ်။စေကာ့ ဒီဂိုး ကို သြင္းယူခဲ့ေပမယ့္ က်ေနာ္ကေတာ့ က်ေနာ္ သြင္းယူခဲ့သလို‌မ်ိဳး ခုန္ေပါက္ၿပီး ေအာင္ပြဲခံခဲ့ရပါတယ္။အိုးထရက္ဖိုဒ္မွာ က်ေနာ့္ရဲ႕ အခ်ိန္ေတက ခဏတာသာဆိုေပမယ့္ က်ေနာ့္ဘ၀ရဲ႕ အေကာင္းဆုံးနဲ႔ အမွတ္အရဆုံးအခ်ိန္ အပိုင္းအျခားေလးပါဘဲဗ်ာ”

 

ဒါကေတာ့ အီဂါလိုရဲ႕ စကားေပါ့ဗ်ာ။အီဂါလိုအေၾကာင္းကို ဘာသာ ျပန္ရပီဆိုရင္ စာေရးသူဟာ ကိုယ္တိုင္ေတာင္ တကယ္စိတ္မေကာင္းျခင္းမ်ားစြာျဖစ္မိတာအမွန္ပါ။အကယ္၍မ်ား ခင္ဗ်ားသာ အီဂါလိုဆိုပါေတာ့ ခင္ဗ်ားကို ေငြေတပုံေပးေနတဲ့ ကလပ္အသင္းႀကီးရွိေနခဲ့တာေတာင္ ခင္ဗ်ားရဲ႕ အခ်စ္ဆုံးေသာ ကလပ္အသင္းတစ္ခုအတြက္ ကစားရမွာမေသခ်ာတဲ့ ကလပ္အသင္းအတြက္နဲ႔ ခင္ဗ်ားဟာေငြေတ ကို စြန႔္လြတ္ၿပီး ခင္ဗ်ား ႐ူးသြပ္ႏိုင္မွာလား၊က်ေနာ္တို႔ လိုအ႐ူးအမူ ျဖစ္တဲပရိတ္သတ္ေတကေတာ့ yes လို႔ေျဖမွာ ေသခ်ာတာေပါ့။ဒါက တကယ္ဆို ခက္ခဲတဲ့ အလုပ္ပါ။အီဂါလို ယူႏိုက္တက္ကို ဘယ္ေလာက္ခ်စ္တယ္ ဆိုတာ ပရိတ္သတ္တစ္ေယာက္အေန‌နဲ႔ေတာင္ ခံစားလို႔ရပါတယ္။တကယ္လို႔ဗ်ာ စာေရးသူ က်ေနာ့္ကို ယူႏိုက္တက္ ကြင္းထဲမွာ ေဘာေကာက္အေနနဲ႔ ေခၚမယ္ ဆိုရင္ေတာင္ အရာရာကို ေဘးဖယ္ၿပီးေတာ့ ေဘာေကာက္သြားလုပ္မိမယ္ဆိုတာ တကယ့္ရင္တြင္းခံစားခ်က္အမွန္တရားပါ၊မျဖစ္ႏိုင္မွန္းသိပါတယ္၊ဒါေပမယ့္ အီဂါလိုရဲ႕ ရင္ထဲမွာလည္း ဒီလိုခံစားရမယ္ ဆိုတာ ကို ကိုယ္ခ်င္းစာ ခံစားမိလို႔ပါ။ထားပါ ကိုယ္ရင္ထဲက ငယ္စဥ္ကတည္းက ႐ူးမိုက္စြာ တကယ္ခ်စ္တဲ့ အသင္းကို ကစားသမားအျဖစ္နဲ႔ေရာက္လာတဲ့ အခ်ိန္မွာ အသင္းက ထြက္ခြာရေတာ့မယ့္ အခ်ိန္မွာလုံေလာက္စြာ မကစားရတဲ့ ခံစားခ်က္ဆို ဘယ္ေလာက္ေတာင္ခံစားရမလဲဆိုတာ ပရိတ္သတ္တစ္ေယာက္အေနနဲ႔ေတာင္ ခံစားနာက်င္ရပါတယ္။ဘ၀က ဗ်ာ ငယ္ခ်စ္နဲ႔ အတူေနရတဲ့ ကံကိုရခဲ့ေပမယ့္ ကိုယ္ခ်စ္ရသူရဲ႕အိမ္မွာ ၿခံေစာင့္အျဖစ္ေလာက္နဲ႔ ေနရတဲ့ ဘ၀မ်ိဳးလိုဘဲ တကယ္ကို ရင္ထုမနာ ခံစားခ်က္မ်ိဳးေပါ့ဗ်ာ။ကိုယ္ခ်စ္တဲ့သူ အၿမဲရွိေနတဲ့အိမ္ရဲ႕ အထဲကိုေတာင္၀င္ခြင့္ မရတဲ့ ၿခံေစာင့္တစ္ေယာက္ရဲ႕ ဘ၀ခံစားမႈမ်ိဳးေပါ့ဗ်ာ။စိတ္မေကာင္းပါဖူးအီဂါလိုေရ၊ခြဲရေတာ့မယ္ဆိုေပမယ့္ အီဂါလိုေရ ဘာဘဲေျပာေျပာပါ တစ္ဘ၀ လုံး မင္းကို ငါတို႔ ယူႏိုက္တက္ ပရိတ္သတ္ေတ မင္းကို သတိရေနမွာပါကြာ။ယူႏိုက္တက္ရဲ႕ ယိုယြင္းေနတဲ့ အခ်ိန္တစ္ခဏမွာ မင္းအသုံးေတာ္ခံခဲ့ဖူးတာေတကို ဘယ္ေသာအခါမွ ငါတို႔ မေမ့ႏိုင္ပါဖူး ကြာ။
#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X