Sport

ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ ခေါ်ယူရမယ့်ကစားသမားနှစ်ယောက်ကိုထောက်ပြသွားခဲ့တဲ့ကစားသမားဟောင်း

UNICODE

ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ ခေါ်ယူရမယ့်ကစားသမားနှစ်ယောက်ကိုထောက်ပြသွားခဲ့တဲ့ကစားသမားဟောင်း

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တ၀င် တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်သူ လူ၀စ်ဆာဟာက တော့ ယူနိုက်တက်အသင်း အနေနဲ့ ကွင်းလယ် ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်ကို အကူအညီပေးနိုင်သည့် ကစားသမားနှစ်ဦးကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အမိအရ ခေါ်ယူသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။အဆိုပါကစားသမားနှစ်ဦးကတော့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုနှင့် ဗီလာကွင်းလယ်လူ ဂျက်ဂရီလ်းရှစ် တို့ ဖြစ်ကြပါတယ်။ဆာဟာက”ကျနော်ထင်တာတော့ ယူနိုက်တက်က အဆိုပါ အမေးဇင်းကစားသမားနှစ်ယောက် ဖြစ်တဲ့ ဂရီလ်းရှစ်နဲ့ ဆန်ချိုတို့ကို ပြီးခဲ့တဲ့ရာသီက ခေါ်ယူဖို့ပြင်ဆင်ခဲ့ပြီးတော့ မအောင်မြင်ခဲ့တာဖြစ်ပါမယ်။ကျနော် ဂရီလ်းရှစ်အကြောင်း အများကြီးမသိပေမယ့် သူကတကယ်ကို အရည်အချင်း ပြည့်၀တဲ့ ကစားသမားတစ်ယောက်ပါ။ပြီးတော့ ဆန်ချိုဆိုတာလည်း တကယ်ကို မယုံနိုင်စရာကစားသမားတစ်ယောက်ပါ။သူတို့နှစ်ယောက်သာ အသင်းကိုပေါင်းထည့်လိုက်မယ်ဆို အသင်းက ပြီးပြည့်စုံသလောက်ရှိသွားမှာသေချာပါတယ်။

တကယ်လို့ဆန်ချိုသာယူနိုက်တက်ကို ရောက်လာပြီး ဘရူနိုနဲ့သာတူတူတွဲကစားမယ်ဆိုသေချာပါတယ် ခင်ဗျားသာတိုက်စစ်မှုးတစ်ယောက်ဆို ဂိုးတေပိုသွင်းနိုင်မယ်ဆိုတဲ့ ခံစားချက်ကို ခံစားရမယ်ဆိုတာ။ဘာလို့ဆိုသူတို့ နှစ်ယောက်ကြောင့်ဘဲလေ။ယူနိုက်တက်အနေနဲ့ ဒီရာသီနွေမှာတော့ ဒီနှစ်ယောက်ကို အပြောင်းအရွှေ့စာရင်းထဲမှာမမေ့သင့်ပါဖူး။သူတို့နှစ်ဦးက ယူနိုက်တက်တိုက်စစ်မှုးတေအတွက် ယုံကြည်မှု အပြည့်ရှိစေမယ့် တကယ် အသုံး၀င်မယ့်ကစားသမားနှစ်ဦးပါ။ဖာနန်ဒက်က အခုဆိုယူနိုက်တက်အတွက် တကယ်ကို မယုံနိုင်စရာ စွမ်းရည်တေကို ပြသနေတာပါ။သူရောက်တဲ့အချိန်ကနေစပြီးတော့ သူ့ရဲ့ ပုံရိပ်ကိုရော အသင်းရဲ့ ပုံရိပ်ကိုပါ မယုံနိုင်စရာ စွဲတင်နိုင်ခဲ့သူပါ၊ကျနော်တို့ ဖာနန်ဒက်ကို သူတို့နှစ်ယောက်နဲ့ တွဲကစားတာကို မြင်ခြင်ပါတယ်” ဟုပြောကြားသွားခဲ့တာဘဲဖြစ်ပါတယ်။

#muff

ZAWGYI



#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X