Sport

ကောင်းလားလို့မေးမေးပြီးကြိတ်ခဲ့တဲ့ မန်ယူနိုက်တက် ၆-၂ လိဒ်ယူနိုက်တက် ပွဲအပြီး သုံးသပ်ချက်

UNICODE

ကောင်းလားလို့မေးမေးပြီးကြိတ်ခဲ့တဲ့ မန်ယူနိုက်တက် ၆-၂ လိဒ်ယူနိုက်တက် ပွဲအပြီး သုံးသပ်ချက်

ကျနော်တို့အားလုံးမျှော်လင့်နေကြတဲ့ မန်ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တတ်တို့ရဲ့ နှင်းဆီဒါဘီ ကတော့ ယနေ့ည မှာဘဲ မန်ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ဒီပွဲစဉ်ကတော့ ယူနိုက်တက်ရဲ့ ဒီရာသီ အကောင်းဆုံးသော ပွဲစဉ်အဖြစ် သတ်မှတ်မယ် ဆိုရင်တောင်သတ်မှတ်လို့ရ‌နိုင်လောက်တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ယူနိုက်တက်ဘက်က ပထမပိုင်းမှာ ၄ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြ သွားနိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ယူနိုက်တက်ရဲ့ ပထမပိုင်း သွင်းဂိုးများကို ကွင်းလယ်ကစားသမားတေဖြစ်တဲ့ တော်မီနေးကနှစ်ဂိုး ၊ဖာနန်ဒက်တို့နှင့် နောက်ခံလူ ‌လင်ဒီလောဒ့်တို့ က တစ်ဂိုးစီ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။တော်မီနေးကလည်း ပွဲစစခြင်း ၃ မိနစ်မှာတင် သွင်းဂိုး ၂ဂိုး ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ပထမဆုံးသော ပွဲ အစ ၃ မိနစ် အတွင်း ၂ ဂိုးသွင်းယူနိုင်သော ပထမဆုံးသော ကစားသမား ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် နှစ်သင်းစလုံး အပြန်အလှန်ပြေးလွှားတိုက်စစ်ဆင်မှုတေနဲ့ အတော်လေးကို မြိုင်ခဲ့တဲ့ ပွဲစဉ်လဲဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ပြိုင်ဘက် လိဒ်ယူနိုက်တက်အသင်းက လည်းအတော်လေးကို ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ဒီပွဲစဉ်မှာ ချီးကျူးရမယ့် ကစားမားကတော့ အကုန်လုံးဖြစ်ပေမယ့် အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ကစားသမားကတော့ တော်မီနေးဖြစ်ခဲ့ပါတယ်။ခံစစ်ကို ဖရက်နဲ့အတူ အကောင်းဆုံးကူညီနိုင်ခဲ့တဲ့ အပြင် သွင်းဂိုး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု လည်း နှစ်ကြိမ်အထိလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။လင်ဒီလောဒ့်ကလည်းသွင်းဂိုးတစ်ဂိုးရယူသွားနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသွားခဲ့ပါတယ်။

ဒါ့အပြင်ဆိုလ်းရှားရဲ့ မွေးစား‌သားလေး မာရှယ်ကလည်း အပိုင်အခွင့်ရေးတစ်ချို့ကို ဖြုန်းတီးခဲ့ပေမယ့် ဂိုးဖန်တီးမှု နှစ်ကြိမ် ပင်နယ်တီရရန် တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်ရဲ့ သွင်းဂိုးကိုလည်း အနီး ကပ်ဆုံးပါ၀င်ပါတ်သက် ခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင် ဒီပွဲစဉ်ရဲ့ ရေးဖန်တီးမှုအများဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။ဒန်နီရယ်ဂျိမ်းကလည်း ၎င်းပွဲထွက်ခွင့်ရတဲ့ ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသွားနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုး ရရှိသွားခဲ့ပါတယ်။ဖရက်ရဲ့ ကွင်းလယ်လုပ်အားက လည်းလေးစားစရာ ဖြစ်ခဲ့ပါတယ်။နောက်ခံလူတေအနေနဲ့ လည်း အတတ်နိုင်ဆုံး ကာကွယ်သွားခဲ့ပြီး ဂိုးသမားဒီဂီယာရဲ့ အံ့မခန်းကာကွယ်မှု နှစ်ကြိမ်လောက်တိတိ ကို လည်းမြင်တွေ့ခဲ့ရပါတယ်။ဒါ့အပြင်ဘကာဗာနီရဲ့ ကန်ချက်တစ်ချို့ လည်းကောင်းမွန်ခဲ့ပါတယ်။ယူနိုက်တက် အသင်းရဲ့ သွင်းဂိုးတေကို တော်မီနေး ၂ ဂိုး၊ ဂျိမ်း ၁ ဂိုး၊လင်ဒီလောဒ့် ၁ ဂိုး၊ဖာနန်ဒက် ၂ ဂိုးတို့ ရရှိခဲ့တာဘဲဖြစ်ပါတယ်။ဒါ့အပြင်ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းတော်မီနေးက ရရှိသွားခဲ့ပါတယ်။ကဲ့အားလုံးပြီးဆုံးသွားချိနိမှာတော့ Glory Glory Man United ဆိုတဲ့ သီချင်းကြီးနဲ့ပေါ့ဗျာ

#MUFF

ZAWGYI

ေကာင္းလားလို႔ေမးေမးၿပီးႀကိတ္ခဲ့တဲ့ မန္ယူႏိုက္တက္၆-၂ လိဒ္ယူႏိုက္တက္ ပြဲအၿပီး သုံးသပ္ခ်က္

က်ေနာ္တို႔အားလုံးေမွ်ာ္လင့္ေနၾကတဲ့ မန္ယူႏိုက္တက္နဲ႔ လိဒ္ယူႏိုက္တတ္တို႔ရဲ႕ ႏွင္းဆီဒါဘီ ကေတာ့ ယေန႔ည မွာဘဲ မန္ယူႏိုက္တက္အသင္းရဲ႕ အိုးထရက္ဖို႔ဒ္ကြင္းအတြင္းမွာ ယွဥ္ၿပိဳင္ကစားသြားခဲ့ပါတယ္။ဒီပြဲစဥ္ကေတာ့ ယူႏိုက္တက္ရဲ႕ ဒီရာသီ အေကာင္းဆုံးေသာ ပြဲစဥ္အျဖစ္ သတ္မွတ္မယ္ ဆိုရင္ေတာင္သတ္မွတ္လို႔ရ‌ႏိုင္ေလာက္တဲ့ပြဲစဥ္ပဲျဖစ္ပါတယ္။ယူႏိုက္တက္ဘက္က ပထမပိုင္းမွာ ၄ ဂိုးအထိ သြင္းယူၿပီး ေျခစြမ္းျပ သြားႏိုင္တဲ့ ပြဲလည္းျဖစ္ပါတယ္။ယူႏိုက္တက္ရဲ႕ ပထမပိုင္း သြင္းဂိုးမ်ားကို ကြင္းလယ္ကစားသမားေတျဖစ္တဲ့ ေတာ္မီေနးကႏွစ္ဂိုး ၊ဖာနန္ဒက္တို႔ႏွင့္ ေနာက္ခံလူ ‌လင္ဒီေလာဒ့္တို႔ က တစ္ဂိုးစီ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ေတာ္မီေနးကလည္း ပြဲစစျခင္း ၃ မိနစ္မွာတင္ သြင္းဂိုး ၂ဂိုး ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလ်ာက္ ပထမဆုံးေသာ ပြဲ အစ ၃ မိနစ္ အတြင္း ၂ ဂိုးသြင္းယူႏိုင္ေသာ ပထမဆုံးေသာ ကစားသမား ျဖစ္လာခဲ့ပါတယ္။ဒါ့အျပင္ ႏွစ္သင္းစလုံး အျပန္အလွန္ေျပးလႊားတိုက္စစ္ဆင္မႈေတနဲ႔ အေတာ္ေလးကို ၿမိဳင္ခဲ့တဲ့ ပြဲစဥ္လဲျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ ၿပိဳင္ဘက္ လိဒ္ယူႏိုက္တက္အသင္းက လည္းအေတာ္ေလးကို ေကာင္းမြန္ခဲ့တာကို ေတြ႕ရပါတယ္။ဒီပြဲစဥ္မွာ ခ်ီးက်ဴးရမယ့္ ကစားမားကေတာ့ အကုန္လုံးျဖစ္ေပမယ့္ အႀကိဳက္ဆုံးျဖစ္ခဲ့တဲ့ ကစားသမားကေတာ့ ေတာ္မီေနးျဖစ္ခဲ့ပါတယ္။ခံစစ္ကို ဖရက္နဲ႔အတူ အေကာင္းဆုံးကူညီႏိုင္ခဲ့တဲ့ အျပင္ သြင္းဂိုး ၂ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ လည္း ႏွစ္ႀကိမ္အထိလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။လင္ဒီေလာဒ့္ကလည္းသြင္းဂိုးတစ္ဂိုးရယူသြားႏိုင္ခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းျပသြားခဲ့ပါတယ္။ဒါ့အျပင္ဆိုလ္းရွားရဲ႕ ေမြးစား‌သားေလး မာရွယ္ကလည္း အပိုင္အခြင့္ေရးတစ္ခ်ိဳ႕ကို ျဖဳန္းတီးခဲ့ေပမယ့္ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ ပင္နယ္တီရရန္ တစ္ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္ရဲ႕ သြင္းဂိုးကိုလည္း အနီး ကပ္ဆုံးပါ၀င္ပါတ္သက္ ခဲ့သူလည္းျဖစ္ပါတယ္။ဒါ့အျပင္ ဒီပြဲစဥ္ရဲ႕ ေရးဖန္တီးမႈအမ်ားဆုံးကစားသမားလည္းျဖစ္ခဲ့ပါတယ္။ဒန္နီရယ္ဂ်ိမ္းကလည္း ၎ပြဲထြက္ခြင့္ရတဲ့ ပြဲမွာ အေကာင္းဆုံးေျခစြမ္းျပသြားႏိုင္ခဲ့ၿပီး သြင္းဂိုးတစ္ဂိုး ရရွိသြားခဲ့ပါတယ္။ဖရက္ရဲ႕ ကြင္းလယ္လုပ္အားက လည္းေလးစားစရာ ျဖစ္ခဲ့ပါတယ္။ေနာက္ခံလူေတအေနနဲ႔ လည္း အတတ္ႏိုင္ဆုံး ကာကြယ္သြားခဲ့ၿပီး ဂိုးသမားဒီဂီယာရဲ႕ အံ့မခန္းကာကြယ္မႈ ႏွစ္ႀကိမ္ေလာက္တိတိ ကို လည္းျမင္ေတြ႕ခဲ့ရပါတယ္။


ဒါ့အျပင္ဘကာဗာနီရဲ႕ ကန္ခ်က္တစ္ခ်ိဳ႕ လည္းေကာင္းမြန္ခဲ့ပါတယ္။ယူႏိုက္တက္ အသင္းရဲ႕ သြင္းဂိုးေတကို ေတာ္မီေနး ၂ ဂိုး၊ ဂ်ိမ္း ၁ ဂိုး၊လင္ဒီေလာဒ့္ ၁ ဂိုး၊ဖာနန္ဒက္ ၂ ဂိုးတို႔ ရရွိခဲ့တာဘဲျဖစ္ပါတယ္။ဒါ့အျပင္ဒီပြဲစဥ္ရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္းေတာ္မီေနးက ရရွိသြားခဲ့ပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X