Sport

အချိန်တန်ဒီရာသီကုန်ရင် ဆိုးလ်ရှားလည်း အထုတ်ခံရမှာဘဲဆိုတဲ့ ဗန်ဟားလ်

UNICODE

အချိန်တန်ဒီရာသီကုန်ရင် ဆိုးလ်ရှားလည်း အထုတ်ခံရမှာဘဲဆိုတဲ့ ဗန်ဟားလ်

ယူနိုက်တက်အသင်းရဲ့ ပရိတ်သတ်တေရင်ထဲမှာ အမြဲမေ့လို့မရမယ့် နည်းပြတေထဲမှာ ဗန်ဟားလည်းအပါအ၀င်ဖြစ်ပါလိမ့်မယ်။မြန်မာ ပရိတ်သတ်တေအတွက်ဆို ပက်ဆောင်ဟွာ၊ယူနိုက်တက် ပရိတ်သတ်တေအတွက်ဆို ဗန်ဟား စတဲ့နှစ်ယောက်ဟာ ပရိတ်သတ်တေရဲ့ ၁၀၀% ချစ်ခြင်းမေတ္တာတရားကို အပြည့်အ၀ရရှိထားသူတေလည်းဖြစ်ကြပါတယ်။ယခုအခါမှာတော့ ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ ဗန်ဟားက ဆိုလ်းရှားနဲ့ ပါတ်သတ်ပြီး ယခုကဲ့သို့ ပြောကြားသွားခဲ့ပါတယ်။ဗန်ဟားက” ယူနိုက်တက်ဟာ နည်းပြတစ်ယောက်ကို သာမာန်အားဖြင့်ဘောလုံးရသီအတွင်းမှာထုတ်ပါယ်‌လေ့မရှိပါဖူး။အထူးသဖြင့် အသင်းရဲ့ လီဂျန့်ကစားသမားတစ်ယောက်ဖြစ်တဲ့သူ့ငိုဆို ပိုလိုတောင် လွယ်လွယ်ကူကူထုတ်ပါယ်မှာတော့ မဟုတ်ပါဖူး။ဒါပေမယ့်လည်းယခုမဖြစ်သေးပေမဲ့ ရာသီကုန်ရင်တော့ ဖြစ်လာမှာပါ။
ယူနိုက်တက်မှာ သူလောက်လောက်လားလားလုပ်ပြထားနိုင်တာ တစ်ခုဘဲရှိပါသေးတယ်အဲ့တာ ‘တန်ပြန်တိုက်စစ်ပါ” ‌စိန့်နဲ့ ပွဲတုန်းက ၄-၄-၂ ကစားတယ် နောက်တစ်ပွဲမှာကြတော့ ၄-၂-၃-၁ ဘယ်လိုဘဲ ကစားကွကမတေပြောင်းပြောင်း နောက်ဆုံးကစားတာ တန်ပြန်တိုက်စစ်တေ ဘဲလို့ကျနော်တို့မြင်တယ်။(*အံမယ်အေးပေါ့သူ့အလှ့ည်တုန်းကကျဘောလုံးကိုင်ပြီးတစ်ဖက်ဂိုးရှေ့ဖြင့်မရောက်ဘဲ)။သူ့အသင်းမှာ ဘရူနို၊ရက်ဖို့ တို့ကဘဲတိုးတက်လာပြီး ကျန်တဲ့ကစားသမားတေကတော့ သာမန်ဘဲ။လေ့ကျင့်ရေးကွင်းမှာလည်း နည်းစနစ်ပိုင်းနဲ့ပါတ်သတ်ပြီးဘာမှလေ့ကျင့်နေမယ်လို့ ကျနော်တော့မထင်ဖူး။စီးတီးနဲ့ ကစားတာကြည့်ကတာလည်း စီးတီးကစားသမားတေရဲ့ အခိုင်းအစေလိုပါဘဲ၊၁၀ယောက်လောက်က ခံစစ်မှာဘဲ အချိန်တေကုန်နေပီး စီးတီးတိုက်စစ်ကိုဘဲ ခုခံနေကတာပါ။ကျနော်တော့ ယူနိုက်တက် ထက် စီးတီးကို ကြည့်ရတာ ပိုစိတ်ချမ်းသာမိတယ်ဟု” ပြောသွားခဲ့တာဘဲဖြစ်ပါတယ်။

#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X