Uncategorized
မန်စီးတီးရဲ့ မက်လုံးပေးမှုကိုငြင်းပါယ်ပြီး ယူနိုက်တက်မှာဆက်နေခဲ့တယ်ဆိုတဲ့ရက်ဖို့ရဲ့ငယ်ဘ၀အကြောင်း
UNICODE
မန်စီးတီးရဲ့ မက်လုံးပေးမှုကိုငြင်းပါယ်ပြီး ယူနိုက်တက်မှာဆက်နေခဲ့တယ်ဆိုတဲ့ရက်ဖို့ရဲ့ငယ်ဘ၀အကြောင်း
မာကပ်စ်ရက်ဖို့ ဆိုတာ ယူနိုက်တက်ရဲ့ အကယ်ဒမီကနေ ပြီးတော့ တစ်ဆင့်ခြင်း အသင်းကြီးဆီ ကို ထိုးဖေါက်၀င်ရောက်လာကာ ခြေစွမ်းထက် လူငယ်ဘ၀ မှ တစ်ဆင့် အခုဆို အသင်းကြီး အတွက် မဖြစ်မနေ အားကိုးအားထားပြုနေရသော တိုက်စစ် ကစားသမားတစ်ယောက်ဖြစ်နေပြီလည်းဖြစ်ပါတယ်။ဒါ့အပြင်၎င်းဟာ ကိုဗစ်ကာလအတွင်းမှာ ကလေးသူငယ်များ အစာရေစာရရှိ‌ေရးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများကြောင့် ပြိုင်ဘက်အသင်းများရဲ့ကစားသမားများသာမက အသင်းတာ၀န်ရှိသူများ နည်းပြများ၊အသင်းပရိတ်သတ်များရဲ့ လေးစားခြင်းကို ရရှိထားသူလည်းဖြစ်ပါတယ်။အခုအချိန်မှာတော့ ၎င်းရဲ့ သူငယ်ချင်း အကယ်ဒမီ အတူတူ တက်ခဲ့ရသူ အသင်းဖေါ်ဟောင်း ရော်လ်ဆင်ဘတ်ကလေ က ယခုကဲ့သို့ ရက်ဖို့ဒ်ရဲ့ ခက်ခဲကြမ်းတမ်းလှသော ဘ၀ အကြောင်း ကို ပြောပြပေးသွားခဲ့ပါတယ်။
ဘတ်ကလေက “သူ့ဘ၀က တကယ်ကိုဘာမှမရှိတဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရတာပါ။အဲ့လိုဘ၀ကို ဖြတ်သန်းရတဲ့ အချန်မှာ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ အ‌ေတွ့အကြုံကြောင့်ဘဲ အခုချိန်မှာ အဲ့လိုဘ၀တေကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ ကို သူယုံကြည်နေတာပေါ့။သူဖြတ်သန်းခဲ့ရတဲ့ ဘ၀ မျိုးဘယ်ကလေးမှ မဖြတ်သန်းရအောင် သူကြိုးစားနေတာပါ။တစ်ခါတစ်လေဆို သူလေ့ကျင့်ရေးကွင်းကို ဘာမှ တောင်မစားဘဲ လာပြီး လေ့ကျင့်ရတာမျိုးတေရှိပါတယ်။ကျနော်က အဲ့လို ပုံစံနဲ့ မားကပ်စ်ကို မြင်ခဲ့ရတယ်။အဲ့တာက တကယ်ဆိုးရွားလွန်းလှပါတယ်။ဒါပေမယ့် အဲ့အခြေအနေတေကြောင့်ဘဲ မားကပ်စ်က ငယ်ငယ်ထဲက ဒီဘောလုံးသမားဘ၀ မှာ အောင်မြင်မှရမယ် ဆိုတဲ့ အသိကို ရှိနေခဲ့တာ ဖြစ်လောက်တယ်။သူ့အသက် ၈ နှစ်မှာ ယူနိုက်တက် ယူ-၉ အတွက် ၂ ပွဲကစားပေးပြီးနေပါပီ။သူ့ကို အဲ့နှစ်ပွဲအပြီးမှာ ပဲတစ်ခြားသော အသင်းတေက သူ့အစွမ်းအဆကို အသိမှတ်ပြုခဲ့ကြပါတယ်။မန်ချက်စတာမြို့မှာ သူ့ကို သူ့အသက်အရွယ်တန်းမှာ သူ့လောက်ကောင်းတဲ့လူမရှိဖူးလို့ လူတိုင်းက အသိမှတ်ပြုထားတယ်လေ။လီဗာပူး၊အဲဗာတန်တို့ က သူ့ကို လိုခြင်ခဲ့ကြတယ်။တစ်ခြားအသင်းတေကလည်းခေါ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် မားကပ်စ်က ယူနိုက်တက် အမာခံဖန် မိသားစုကနေမွေးဖွားလာသူပါ။မန်စီးတီက နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ဖူးပါတယ်။သူ့အသက် ၁၃ နှစ်တုန်းက ဆို အိမ်တစ်လုံးအပြင်တစ်ခြားတောင်းဆိုတာတေပါ လက်ခံပေးမယ်ဆိုပြီး မက်လုံးပေးကမ်းလှမ်းခဲ့တာပါ။ဒါပေမယ့် သူက မန်ချက်စတာယူနိုက်အတွက်ဘဲ ကစားမယ်လို့ ငယ်စဉ်ထဲက စိတ်ဆုံးဖြတ်ထားသူပေါ့။သူ့ကို ဘလိုကမ်းလှမ်းမှုတေ လာလာ လုံး၀စိတ်ယိုင်သွားခဲ့ခြင်းမရှိခဲ့ပါဖူး။သူရဲ့ရွေးချယ်မှုက အမြဲထာ၀ရ မန်ချက်စတာယူနိုက်တက် ဖြစ်နေခဲ့တာပါ” ဟုပြောပြသွားခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X