Sport

လိဒ်ယူနိုက်တက်နှင့် နှင်းဆီဒါဘီ မတိုင်ခင် မဖြစ်မနေသိထားသင့်သော အချက် ၅ ချက်

UNICODE

လိဒ်ယူနိုက်တက်နှင့် နှင်းဆီဒါဘီ မတိုင်ခင် မဖြစ်မနေသိထားသင့်သော အချက် ၅ ချက်

နံပါတ်တစ်-အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားထားသော ပွဲစဉ်များတွင် မန်ယူနိုက်တက် အသင်းသည် တစ်ခြားသော ပရီးမီးယားလိဂ် အသင်းများထက် လိဒ်ယူနိုက်တက် အသင်းကို ပိုမို အနိုင်ရရှိထားကြောင်း သိရပါသည်။ထို့ပြင်ယခုပွဲစဉ်ဟာပရီးမီးယားလိဂ်မှာလိဒ်ယူနိုက်တက်နှင့် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပြန်လည်တွေ့ဆုံခြင်းလည်းဖြစ်ပါသည်။

နံပါတ်နှစ်-မန်ချက်စတာယူနိုက်တတ်ဟာ နောက်ဆုံး ၁၃ ကြိမ် အိမ်ကွင်းအိုးထရက်ဖိုဒ့်၌ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားထားရာ တွင် တစ်ကြိမ်သာ ရှုံးနိမ့်ထားကြောင်း သိရပါသည်။အဆိုပါပွဲစဉ်မှာ လွန်ခဲ့သော ၁၉၈၁ ခုနှစ်က ဖြစ်ကြောင်း သိရပါသည်။

နံပါတ်သုံး-မန်ယူနိုက်တတ် အသင်းနှင့် လိဒ်စ်ယူနိုက်တက် အသင်းကြား ဂိုးကွားခြားချက် အများဆုံးပွဲစဉ်အဖြစ် မန်ယူနိုက်တတ် အသင်းက လွန်ခဲ့သော ၁၉၃၀ ခုနှစ်က ၅-၀ နဲ့ အနိုင်ရရှိခဲ့သော ပွဲဖြစ်ပီး ယခု အိုးထရက်ဖိုဒ်၌ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ အဆိုပါပွဲစဉ်၏ နှစ်ကိုးဆယ်ပြည့် နှစ်ပါတ်လည် မယ့်နေ့ဖြစ်ကြောင်း လည်း သိရပါတယ်။

နံပါတ်လေး-မန်ယူနိုက်တက်အသင်းနှင့် လိဒ်စ်ယူနိုက်တက် အသင်းပွဲစဉ်ကို အိုးထရက်ဖိုဒ်ကွင်း အတွင်း မနက်ဖြန်ည ၁၁ နာရီတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်တိုနီတေလ်လာက ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

နံပါတ်ငါး-မန်ယူနိုက်တက် အသင်းဟာနောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲထိအနိုင်ရရှိထားပြီး ၁ ပွဲသရေကျ ကာရှုံးပွဲမရှိသေးတာကို တွေ့ရပါတယ်။လိဒ်အသင်းကလည် နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲရှုံး ၂ ပွဲနိုင်ကာ ၁ ပွဲသရေ ကျထားတာကို တွေ့ရပါတယ်။ဒါအပြင် မန်ယူနိုက်တက် ဟာ လိဒ်ယူနိုက်တက် နှင့် နောက်ဆုံး ၅ ကြိမ်တွေ့ဆုံရာမှာ ၃ ကြိမ်အနိုင်ရပြီး တစ်ကြိမ်သရေကျကာ တစ်ကြိမ်ရှုံးနိမ့်ထားကြောင်း သိရပါသည်။

#MUFF

ZAWGYI







#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X