Sport
နည်းဗျူဟာတေစဉ်းစားကလွန်းလို့ဆံပင်တေတောင်ဖြူနေပြီဆိုတဲ့ဆိုလ်းရှားရဲ့ သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်
UNICODE
နည်းဗျူဟာတေစဉ်းစားကလွန်းလို့ဆံပင်တေတောင်ဖြူနေပြီဆိုတဲ့ဆိုလ်းရှားရဲ့ သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်
ဒီဇင်ဘာပွဲကျပ် ကာလတေရောက်လာတာနဲ့ အမျှ ယူနိုက်တတ် အသင်းက လည်း ပွဲစဉ်တေ ကို ခပ်စိတ်စိတ်ကစားလာရပြီလဲဖြစ်ပါတယ်။မနေ့က ရှက်ဖီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်အပြီး ယခုအခါမှာတော့နာမည်ကြီး တန်းတက် အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တတ် အသင်းကို အိမ်ကွင်းမှာ လာမယ့် တနင်းဂနွေနေ့ည ၁၁ နာရီတိတိအချိန်မှာ လက်ခံယှဉ်ပြိုင်ကစားရဦးမှာလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မတိုင်ခင် နည်းပြ ဖြစ်သူ ဆိုလ်းရှားရဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောစကားတစ်ချို့ကို ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။ဆိုလ်းရှားက”အိမ်ကွင်းမှာရလဒ်မကောင်းဖူး၊ အဝေးကွင်းမှာတော့ ရလဒ်ကောင်းတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလို့ ကျနော် တော့ မထင်ပါဖူး။ပရိတ်သတ် က ဟိုကွင်းမှာ ရှိလို့၊ဒီကွင်းမှာ မရှိဖူး မို့လို့ဆိုတဲ့ ပြဿနာ မျိုး မရှိသင့်ပါဖူး။ကစားသမားတေ အနေနဲ့ ကွင်းမရွေးဘဲ အခု အနေအထားတေကို အသားကျနေသင့်ပါပြီ။ပြီးခဲ့တဲ့ ကိစ္စ‌တွေကို ပြန်ပြောပြရတာ ကျနော် တကယ်သဘော မကျပါဖူး။အတိတ်ကို ပြန်ကြည့်ရတာကို တကယ် မကြိုက်ပါဖူး။ကျနော်ကတော့ ရှေ့ဆက်ရမယ် ဆိုတာ ကိုဘဲတွေးတယ်။ကျနော့် အသင်းအတွက် ကျနော် လိုခြင်တဲ့ အဆင့်တစ်ခု ကိုရောက်ဖို့ လိုအပ်ချက်‌ေတွရှိနေသေးတာ ကျနော် နားလည်ပါတယ်။လုပ်စရာတွေအများကြီး လိုနေသေးတာလည်း သဘောပေါက်မိပါတယ်။
ဒီ့အတွက် ကျနော်တို့ နေ့စဉ်ကြိုးစားပြီးလုပ်ကိုင်နေကြပါတယ်။ကျနော် နည်းပြသက်တမ်းက ၂ နှစ်တောင် ‌ကုန်ဆုံးသွားပါပြီ ဒီကာလတေမှာ ကျနော် တကယ် ပျော်ရွှင်ပါတယ်။အခုဆို ကျနော့်ဆံ‌ပင်တေ ပိုတောင်အဖြူမြန်လာနေပီလေ၊အဲ့တာ ဒီလိုကန်ရခက်ခဲတဲ့ ပွဲတေကြောင့်ပေါ့ဗျာ။ဘိုင်လီနဲ့ တွမ်တို့ က အသေးစားဒါဏ်ရာတေ ရှိနေပေမယ့် လာမယ့် လိဒ်စ်ယူနိုက်တတ် နဲ့ ပွဲအတွက်တော့အဆင်သင့်ရှိနေမှာပါ။ကာဗာနီကတော့ စစ်ဆေးမှု တေပြုလုပ်ဆဲပါ။သူ့ခံစားချက်တေ မူမမှန်သေးဖူးလို့ ပြောပါတယ်။ဒါကြောင့် လာမယ့် လေ့ကျင့်ရေးမှာ သူ့ကို စောင့်ကြည့်ရဦးမှာပါ။ဒီပွဲကိုတကယ်ကျနော်မစောင့်နိုင်တော့ဘူး။ စောင့်ခဲ့ရတဲ့ အချိန်တေလည်း အတော်လေးကြာနေပါပီ၊ဘယ်လောက်ထိ ဒီပွဲက ကလပ်အသင်းအတွက်ရော၊ပရိတ်သတ်တေ အတွက်ပါ အရေးပါတယ် ဆိုတာ ကျနော်သိပါတယ်။သူတို့ ကျနော်တို့ ကိုအခြေနေတစ်ခုထိရောက်အောင် စမ်းသပ်ကစားပြီး ခက်ခဲမယ့် ပွဲဆိုတာ ကျနော် နားလည်ပါတယ်” ဟုပြောသွားခဲ့တာ ဘဲဖြစ်ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X