Sport

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နဲ့ မန်ချက်စတာယူနိုက်တတ်

UNICODE

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နဲ့ မန်ချက်စတာ ယူနိုက်တတ်

ဒီခေါင်းစဉ်က နည်းနည်းတော့ ထူးဆန်းတယ်၊ဘာကြောင့်ဆို ခင်ဗျားတို့ ရဲ့ အမြင်မှာဆို ယူနိုက်တတ် ချန်ပီယံဆု ဖလား ရမယ့် အကြောင်း လို့ မြင်မိပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒါကမှားနေပါပြီ ဒီတစ်ခါ ကျနော် ပြောခြင်တဲ့ အကြောင်းက တခြားရည်ရွယ်ချက်ပါ။ဘာလဲဆိုတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အတွက် ယူနိုက်တတ် တို့ တကယ်ကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေပြီ လား ဆိုတာ နဲ့ ပါတ်သတ်ပြီး ဆွေးနွေးသွားမှာပါ။ ရှက်ဖီးနဲ့ ပွဲအပြီးမှာ ယူနိုက်တတ် တို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်လောက်တဲ့ အနေအထားကိုရောက်တော့မယ် လို့ ပေါလ်စခိုလ်းနဲ့ အို၀င်က ပြောသွားခဲ့တယ်။ဆိုတော့ ယူနိုက်တတ် အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်နေပီ လား။ ကျနော့် အဖြေ ကတော့ YES ပါ။ဒါပေမယ့် ကျနော် တို့ ယူနိုက်တတ် ချန်ပီယံ ဖြစ်သင့် ပီလားဆို ရင်တော့ NO လို့ ဖြေပါရစေ။ ချန်ပီယံ အသင်းတေကို စိန်ခေါ် ဖို့ အတွက် လုံလောက်တဲ့ ကစားဟန်နဲ့ အဆင့် အတန်းတစ်ခုကို ရောက်နေပြီ ဖြစ်ပေမယ့် ယူနိုက်တက်တို့ ချန်ပီယံ ဆုဖလားကို ဆွတ်ခူးဖို့ ဆိုရင်တော့ လိုအပ်ချက်တေ အများအပြားနဲ့ပါ။မရနိုင်ဖူး လို့ပြောတာတော့ မဟုတ်ပါဖူး။ဒါပေမယ့် လို့ရခဲ့မယ် ဆိုရင်တောင် ကံကောင်းခြင်းသာ ဖြစ်ပါလိမ့်မယ်။ကျနော် တို့ ပရိတ်သတ်တေ လိုခြင်တဲ့ ယူနိုက်တတ် ဆိုတာ က တကယ်ကို အသင်းတိုင်း ကို သူသေ ကိုယ်သေ ယှဉ်ကစားနိုင်တဲ့ ခြေစွမ်းတေ နဲ့ ချန်ပီယံ အသင်းတစ်သင်းပါ။ဒါကြောင့် ကျနော်တို့ ဒီခြေစွမ်းနဲ့ ဖလားရခဲ့မယ် ဆိုရင်တောင် အပြည့်အ၀ ပျော်ရွင်နိုင်မှာ မဟုတ်ပါဖူး။ရေရှည် အတွက် ဆို ပိုမကောင်းပါဖူး။ဒါကြောင့် ကျနော် တို့ လိုခြင်တဲ့ အသင်းက အချိန် အနည်းငယ် ထပ်ပေးဖို့ လိုအပ်ပါဦးမယ်။ ကျနော် ဒီပေခ်ျ့ ကို စတင် တည်ထောင်စဉ်ထဲ က ဆိုလ်းရှားနည်းပြ ဖြစ်လာချိန်မှာ သူ့ကိုယ် အချိန်ပေးသင့်ကြောင်း ကို ကျနော် ပြောခဲ့ပေမယ့် အများစုက လက်မခံခဲ့ကြပါဖူး။ဒါပေမယ့် ယူနိုက်တတ် အတွက် အထူးသဖြင့် ပရိတ်သတ်တေ လိုခြင်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်မှု အထူးသဖြင့် ယူနိုက်တတ် ရဲ့ DNA ဖြစ်တဲ့ သရဲနီစိတ်ဓါတ်တေကို ပြန်လိုခြင်တယ် တွေ့ခြင်တယ် ဆိုရင်တော့ ယူနိုက်တတ် အတွက် ဆိုလ်းရှားက အကောင်းဆုံးသော နည်းပြပါ။


ဆိုလ်းရှားကို ဘာကြောင့် ဒီလောက် ညွှန်းနေရသလဲဆိုရင်တော့ ပြောရရင်ယူနိုက်တက် ဆိုတဲ့ အသင်းက ပုံမှန်ထက်ကို ဖိအားတေ များပြားလှတဲ့ အသင်းတစ်သင်းပါ။တော်လှပါတယ် ဆိုတဲ့ နည်းပြတေကလည်း အဆိုပါဖိအားတေကို အလူးအလဲခံခဲ့ရတာ ဖြစ်ပြီးတော့ မော်ရင်ဟိုဆို ရင် ဖိအားတေ ဒါဏ်ကို အများဆုံးခံခဲ့ရသူ ဆိုမှားမယ် တော့မထင်ပါဖူး။မော်ရင်ဟိုက နည်းစနစ်ပိုင်းမှာ ထူးချွန်သူ တစ်ယောက်ရယ် လို့ ဖြစ်ပေမယ့် လို့ ယူနိုက်တတ် မှာ အမှန်တကယ် ခက်ခဲခဲ့ရပါတယ်။ဒါကဆိုလ်းရှားရဲ့ အားသာချက်ပါ၊ သူက အသင်းရဲ့ လီဂျန့် ကစားသမားတစ်ယောက် ဖြစ်နေတာ ကတစ်ကြောင်း၊ပီးတော့ သူ့ရဲ့ မလိုအပ်တဲ့ လူတေကို ရှင်းထုတ်ပြီး လိုအပ်တဲ့နေရာတေကို စနစ်တကျ ဖြည့်တင်းတဲ့ နေရာမှာ ဆရာကျ ပုံတေက တကယ်လေးစားစရာပါ။အမှန်ဆို ဆိုလ်းရှား မရောက်ခင် ယူနိုက်တတ် က ငွေတေသာ သုံးနေပေမယ့် လူတစ်ချို့က သုံးမရစုတ်ပြတ်နေတာပါ။ဒါကို ဆိုလ်းရှားကတော့ အကောင်းဆုံး ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ပြီးတော့ ကစားသမားတေရဲ့ ဖိအားကို ဖယ်ထုတ်ပေးတဲ့ နေရာမှာ ဆိုလ်းရှားက တကယ်တော်လွန်းပါတယ်။ဒါက ယူနိုက်တတ်ပါ အထူးသဖြင့် ယူနိုက်တတ်လို အသင်းမှာ ကစားတဲ့ ကစားသမားတေဟာ ခြေစွမ်းပျောက် သွားတဲ့ အကြောင်း ပြချက်တေကို ပြပါဆို ဖိအားတေကြောင့် လို့ပြောရပါလိမ့်မယ်။အနီးကပ်ဆုံးဆန်းချက် ၊လူကာကူတို့ ကဖိအားတေကြောင့် ယူနိုက်တတ် မှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ဒီလိုဖိအားတေကို ရှင်းပေးတဲ့ နေရာမှာ ဆိုလ်းရှားကတကယ်ကို ထူးချွန်ပါတယ်။ဖိအားမရှိတဲ့နောက်မှာ ကစားသမားတေက ပိုမိုပြီး ခြေစွမ်းပြလာနိုင်ပါတယ်။ပီးတော့ဆိုလ်းရှားကတော့ ပြုံးပြုံးလေးပါဘဲ။ဒါကြောင့် ပရိတ်သတ်တေရော ယူနိုက်တတ် အတွက် ဆိုလ်းရှားကို အချိန် ၂ နှစ်ဘဲ ထပ်ပေးလိုက်ပါ။ချန်ပီယံ ဆုတေကို တကယ်ပြည့်၀တဲ့ စွမ်းတောင်ရည်‌တွေနဲ့ အတူ စိန်ခေါ်လာနိုင်လိမ့်မယ် လို့ သုံးသပ်မိပါတယ်ဗျာ။
#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X