Sport

ပေါ့ဘာနဲ့ ယူနိုက်တတ်ရဲ့ ကွင်းလယ် ပြဿနာ ‌အပေါ်ဆန်းစစ်လေ့လာကြည့်ခြင်း

UNICODE

ပေါ့ဘာနဲ့ ယူနိုက်တတ်ရဲ့ ကွင်းလယ် ပြဿနာ ‌အပေါ် ဆန်းစစ်လေ့လာကြည့်ခြင်း

ကျနော်တို့ မန်ချက်စတာယူနိုက်တတ် အသင်းမှာ ယခု အချိန်မှာ ဆိုရင် ကွင်းလယ် မှာ မာတစ်၊တော်မီနေး၊ဖရက်၊ပေါ့ဘာ၊ ဗန်ဒီဘီ၊ ဖာနန်ဒက် ဆိုပြီး ပုံမှန်အားဖြင့်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမား ၆ ယောက်ရှိပါတယ်။အဆိုပါကစားသမား တေထဲမှာ အရည်အသွေးမြှင့် ကွင်းလယ် လူ အနေနဲ့ က ၂ ဦး လောက်သာ ပါ၀င်ပြီးတော့ တခြား ကစားသမားတေကတော့ သာမာန်နဲ့ သာမာန် ထက် အနည်းငယ် ပို တဲ့ အနေအထားမှာသာ ရှိကြပါတယ်။ပီးတော့ အများစု က Box to box ကစားသမားတေ ဖြစ်နေပြန်ပါတယ်။ဆိုတော့ ယူနိုက်တတ် ကွင်းလယ်ကို အဓိက အားဖြင့်အတွဲအဖက် ၂ မျိုး နဲ့ မြင်တွေ့ရတတ်ပါတယ်။‌ပထမဆုံးအနေနဲ့က မာတစ်၊ဖာနန်ဒက်၊ပေါ့ဘာ အတွဲ ဒီအတွဲကို အဓိက ပြောရမယ်ဆိုရင် ပေါ့ဘာနဲ့ ဖာနန်ဒက်ပါ၊ ပေါ့ဘာနဲ့ ဖာနန်ဒက် နှစ်ဦးစလုံးက ကမ္ဘာ့အဆင့် ကွင်းလယ်လူတေ ဖြစ်ကြပါတယ်။ဒါပေမယ့် ‌၎င်းတို့နှစ်ဦးဟာ တော်မီနေး၊ဖရက်တို့ တစ်ယောက်‌ချင်းနဲ့ တွဲကစားမယ် ဆို ပုံမှန်ခြေပျောက်သွားတတ်ကြပါတယ်။အထူးသဖြင့် ပေါ့ဘာပါ။ပေါ့ဘာဟာ အဓိကအားဖြင့် နောက်တန်းဆင်းကူရာမှာ အားနည်းသူ ဖြစ်တာ နဲ့ အညီ တော်မီနေး နဲ့ ဖရက်တို့ နဲ့ တွဲကစားရင် ၎င်းက ကွင်းလယ်တိုက်စစ် နေရာမှာ ကစားမှ သာခြေပေါ် တတ်ပါတယ်။ယူနိုက်တတ် တို့မှာ ဖာနန်ဒက် ရဲ့ အကောင်းဆုံးနေရာက လည်း ကွင်းလယ်တိုက်စစ် နေရာဖြစ်နေတာ ကြောင့် ပေါ့ဘာက အလိုလို ကွင်းလယ် ကို ဆင်းကစားချိန်မှာ သာမာန်ထက် ဘောလုံး အပျက်များ လာခဲ့ပါတယ်။အထူးသဖြင့် ယူနိုက်တတ် က ၄-၂-၃-၁ ပုံစံကစား‌ေလ့ရှိပြီး ပေါ့ဘာကို တော်မီနေး နဲ့ တွဲပြီး ကွင်းလယ် မှာ အထိုင်ချလိုက်မယ်ဆို ပေါ့ဘာက ခြေစွမ်း ပုံမှန် အနေအထားရောက်သွားပြီးတော့ နောက်တန်းကို ပိုမိုလိုက်ပါကူညီနေရတတ်ပါတယ်။ဖရက်နဲ့ ဆိုရင်လည်း ဒီတိုင်းပါဘဲ။ဘာလို့ ဆို ဖရက်ရော၊တော်မီနေးရောက ကွင်းလယ်ခံစစ်ကစားရမှာ တစ်ကွင်းလုံးကို မထိန်းချုပ် နိုင်လို့ပါ၊ဒါကြောင့် ပေါ့ဘာလည်းပုံမှန်ထက် ခြေစွမ်း မပြသနိုင်ဘဲ ရုန်းကန်နေရတတ်ပါတယ်။

ဒါကြောင့် ဆိုလ်းရှားက ပေါ့ဘာ၊ဖာနန်ဒက် အတွဲကို သုံးပီ ဆိုရင် မာတစ်ကို လုံး၀ ထည့်ကစားမှ သာ နှစ်ယောက်လုံး အတွက် ခြေစွမ်းပိုမိုပြ သနိုင်တာ ကိုတွေ့ရပါတယ်။မာတစ် ကစားတဲ့ ပုံစံက ပုံမှန်အား ဖြင့် ဗဟိုနောက်ခံလူ ‌နှစ်ယောက်ရဲ့ အရှေ့အလယ် တည့်တည့် မှာနေရာယူပီးတော့ ကစားတဲ့ ပုံစံ ပါ၊ခံစစ်ကို အဓိက ကာကွယ်ပြီး တိုက်စစ်ကို ချိတ်ဆတ် ပေးတဲ့ ဟန်ပါ။Deeplying playmaker ပေါ့။သာမာန်အား ဖြင့် Half Back ပုံစံလို့ ထင်ရပီးတော့ အနည်းငယ်တော့ ကွာခြားပါတယ်။မာတစ်ရဲ့ သက်လုံအနေအထားကြောင့် ဆိုလ်းရှားက Half back ပုံစံမကစားနိုင်တာ ကို ရိပ်မိခဲ့ဟန်တူပါတယ်။ ဒီဘက်ခေါတ်ရဲ့ Half back ကစားနေတဲ့ ကစားသမားတေ ဆိုရင် လက်လှမ်းမီသလောက်ဆိုရင်တော့ စပါးက အဲရစ်ဒိုင်ယာ နဲ့ မန်စီးတီးက ဖာနန်ဒင်ဟိုတို့ ဖြစ်ပါတယ်။မန်စီးတီးမှာ ဒိဘရိုင်းတစ်ယောက် ကြမ်း ချင်သလို ကြမ်းနိုင်တာဟာ ဖာနန်ဒင်ဟို နဲ့ အနည်းငယ် အချိုးကျတယ် ဆို မှားမယ် တော့မထင်ပါဖူး။တကယ်လို့ တော်မီနေးသာ Half Back ကစားပုံနဲ့ အတော်လေး ကိုက်ညီ ခဲ့မယ် ဆိုရင် ယူနိုက်တတ် ကွင်းလယ်ဟာ အတော်လေး ‌ကို ကြောက်စရာကောင်းသွားမှာပါ‌။ဒါကြောင့် ရာသီ အစမှာ ဆိုလ်းရှား အနေနဲ့ တော်မီနေးကို ကွင်းလယ် ခံစစ်မှာ တစ်ယောက်ထဲ အထိုင်ထားပြီး Half Back ပုံစံ ကစားစေခဲ့ပေမယ့် ရလဒ်တေက အဆင်မပြေ ဖြစ်ခဲ့ပြီး ကစားသမားကလည်း အဆင်မပြေဖြစ်ခဲ့တာ ကြောင့် မူလ အတိုင်း တော်မီနေးရယ်၊ ဖရက်ရယ်ကို ပြန်လည် တွဲသုံးပြီး ဖာနန်ဒက် နဲ့ တွဲသုံး စေခဲ့ပြန်ပါတယ်။ဒါကတော့ ဒုတိယ အတွဲအဖက်ပါ။ဒီပုံစံကတော့ အလုပ်ဖြစ်ခဲ့ပြီး ယူနိုက်တတ်တို့ ကွင်းလယ် အနည်းငယ် ဦးပြန်မော့လာခဲ့ပြန်ပါတယ်။သို့ပေမယ့် ပေါ့ဘာကတော့ ဘေးရောက်နေခဲ့ပြီး ကံကောင်းခြင်တော့ အဆိုပါ အချိန်မှာ ပေါ့ဘာက ကိုရိုနာရောဂါကြောင့် အနားယူနေရတဲ့ အချိန်ဖြစ်ခဲ့တာပါ။နောက်ပိုင်း ဖရက်နဲ့ တော်မီနေးတို့ အတွဲက လည်း သမီးယောက်ဖလားဆို ရအောင် နှစ်ယောက်တွဲပေးလိုက်ပီ ဆိုရင် တကယ်ကို ကောင်းမွန်ပြီး တစ်ဖက် အသင်းကိုထိန်းချုပ်နိုင်ပေမယ့် တိုက်စစ် ပံ့ပိုးပေးမှု ကတော့ အားနည်းနေခဲ့ပြန်ပါတယ်။ပွဲတိုင်းမှာ တိုက်စစ် ပံ့ပိုးမှု မှာ ဖာနန်ဒက်ရဲ့ ရုန်းအားကောင်းမွန်မှုကြောင့် သိပ်မသိသာ ခဲ့ပေမယ့် တစ်ချို့တစ်လေ ပွဲတေ မှာတော့ တိုက်စစ် ပံ့ပိုးမှု အားနည်းမှု ကြောင့် ယူနိုက်တတ် တို့ အတော်လေး ရုန်းကန်ရပြန်ပါတယ်။ဂိုးလိုအပ်နေချိန် သာမာန် ဘောလုံးပေးပို့မှုတေကို ဆိုလိုခြင်းဖြစ်ပါတယ်။ပရိတ်သတ်တေဆို ဂိုးလိုနေချိန်နောက်ပြန်ပေးလို့ ဆဲရတဲ့ အချိန်တေ လည်း နည်းမယ် မထင်ပါဖူး။


ဆိုတော့ ယူနိုက်တတ် အတွက် ပေါ့ဘာကို လိုအပ် လာပြန်ပါတယ်။ဒါပေမယ့် ပေါ့ဘာရဲ့ ဘောလုံးကိုင် ကစားတဲ့ ဟန်ကြောင့် High pressing ကစားတဲ့ ဒီဘက် ခေါတ်မှာ ကွင်းလယ်မှာဘောလုံး အပျက်များတာ ကြီးက အန္တရာယ် တစ်ခု ဖြစ်လာပြန်ပါတယ်။ဒါကြောင့် မာတစ်က ပေါ့ဘာရဲ့ အနောက်မှာ ကာဗာ အနေနဲ့ ရှိနေရပြန်ပါရော။ဒါကြောင့် ဒိုင်းမွန်းပုံစံ ကွင်းလယ် ကို လည်း စမ်းသုံးခဲ့သေးပေမယ့် အနည်းငယ်လိုအပ်ချက်တေ ရှိနေပြန်ပါသေးတယ်။ပြီးတော့ကာ မာတစ်ရဲ့ အသက်အရွယ်က ပွဲတိုင်း ကစားလို့ ရတဲ့ အရွယ်မဟုတ်တော့ပါဖူး။ဗန်ဒီဘီကတော့ ပွဲကစားချိန် အရမ်းနည်းနေသေးတာ ကြောင့် ထည့်သွင်းမသုံးသပ်တော့ပါဖူး။ပြီးတော့ကာ ယူနိုက်တတ်မှာ Half Back ပုံစံ ကိုပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့ ကစားသမားက မရှိပါဖူး။ဒါကြောင့် ယူနိုက်တတ် အနေနဲ့ ကွင်းလယ်မှာ ပေါ့ဘာ၊ဖာနန်ဒက်တို့ အမြင့် ဆုံး အခြေအနေရောက်အောင် ဒါအပြင် ကမ္ဘာ့အဆင့် မှီ ကွင်းလယ် တစ်ခု ကို ထပ်မံဖန်တီးခြင်တယ် ဆိုရင်တော့ ယခုလာမယ့် ဈေးကွက်မှာ Half Back ပုံစံ ကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်မယ့် ကစားသမားတစ်ယောက် ဒါမှ မဟုတ် မာတစ်နေရာမှာ ကစားမယ့် ငယ်ရွယ်တဲ့ Deeplying paly maker စစ်စစ်တစ်‌ယောက်တော့ မဖြစ် မနေခေါ် သင့်တယ် လို့ မြင်မိပါတယ်။အက်မင် အမြင်မှာတော့ ဒီအချိန်မှာ ဒီလန်ကရိုက်စ် က အကောင်းဆုံးသော ခေါ်ယူမှု ဖြစ်မယ် လို့ ထင်မိပါတယ်။မဟုတ်ရင်တော့ ယူနိုက်တတ် ကွင်းလယ်က ဒီထက် ပိုတဲ့ အဆင့်တစ်ခု ကို ရေုက်ဦး မယ်လို့ မမြင်မိပါဖူး။
ကဲဆိုတော့ ခင်ဗျားတို့ အမြင်တေလည်း ၀င်ရောက် ဆွေးနွေးသွားနိုင်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။

စီးပွားဖြစ် ကူးယူ ဖေါ်ပြခြင်း မပြုရ
#MUFF

ZAWGYI

 

 

ေပါ့ဘာနဲ႔ ယူႏိုက္တတ္ရဲ႕ ကြင္းလယ္ ျပႆနာ ‌အေပၚ ဆန္းစစ္ေလ့လာၾကည့္ျခင္း

က်ေနာ္တို႔ မန္ခ်က္စတာယူႏိုက္တတ္ အသင္းမွာ ယခု အခ်ိန္မွာ ဆိုရင္ ကြင္းလယ္ မွာ မာတစ္၊ေတာ္မီေနး၊ဖရက္၊ေပါ့ဘာ၊ ဗန္ဒီဘီ၊ ဖာနန္ဒက္ ဆိုၿပီး ပုံမွန္အားျဖင့္ပြဲထြက္ခြင့္ရေနတဲ့ ကစားသမား ၆ ေယာက္ရွိပါတယ္။အဆိုပါကစားသမား ေတထဲမွာ အရည္အေသြးျမႇင့္ ကြင္းလယ္ လူ အေနနဲ႔ က ၂ ဦး ေလာက္သာ ပါ၀င္ၿပီးေတာ့ တျခား ကစားသမားေတကေတာ့ သာမာန္နဲ႔ သာမာန္ ထက္ အနည္းငယ္ ပို တဲ့ အေနအထားမွာသာ ရွိၾကပါတယ္။ပီးေတာ့ အမ်ားစု က Box to box ကစားသမားေတ ျဖစ္ေနျပန္ပါတယ္။ဆိုေတာ့ ယူႏိုက္တတ္ ကြင္းလယ္ကို အဓိက အားျဖင့္အတြဲအဖက္ ၂ မ်ိဳး နဲ႔ ျမင္ေတြ႕ရတတ္ပါတယ္။‌ပထမဆုံးအေနနဲ႔က မာတစ္၊ဖာနန္ဒက္၊ေပါ့ဘာ အတြဲ ဒီအတြဲကို အဓိက ေျပာရမယ္ဆိုရင္ ေပါ့ဘာနဲ႔ ဖာနန္ဒက္ပါ၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္ ႏွစ္ဦးစလုံးက ကမာၻ႔အဆင့္ ကြင္းလယ္လူေတ ျဖစ္ၾကပါတယ္။ဒါေပမယ့္ ‌၎တို႔ႏွစ္ဦးဟာ ေတာ္မီေနး၊ဖရက္တို႔ တစ္ေယာက္‌ခ်င္းနဲ႔ တြဲကစားမယ္ ဆို ပုံမွန္ေျခေပ်ာက္သြားတတ္ၾကပါတယ္။အထူးသျဖင့္ ေပါ့ဘာပါ။ေပါ့ဘာဟာ အဓိကအားျဖင့္ ေနာက္တန္းဆင္းကူရာမွာ အားနည္းသူ ျဖစ္တာ နဲ႔ အညီ ေတာ္မီေနး နဲ႔ ဖရက္တို႔ နဲ႔ တြဲကစားရင္ ၎က ကြင္းလယ္တိုက္စစ္ ေနရာမွာ ကစားမွ သာေျခေပၚ တတ္ပါတယ္။ယူႏိုက္တတ္ တို႔မွာ ဖာနန္ဒက္ ရဲ႕ အေကာင္းဆုံးေနရာက လည္း ကြင္းလယ္တိုက္စစ္ ေနရာျဖစ္ေနတာ ေၾကာင့္ ေပါ့ဘာက အလိုလို ကြင္းလယ္ ကို ဆင္းကစားခ်ိန္မွာ သာမာန္ထက္ ေဘာလုံး အပ်က္မ်ား လာခဲ့ပါတယ္။အထူးသျဖင့္ ယူႏိုက္တတ္ က ၄-၂-၃-၁ ပုံစံကစား‌ေလ့ရွိၿပီး ေပါ့ဘာကို ေတာ္မီေနး နဲ႔ တြဲၿပီး ကြင္းလယ္ မွာ အထိုင္ခ်လိုက္မယ္ဆို ေပါ့ဘာက ေျခစြမ္း ပုံမွန္ အေနအထားေရာက္သြားၿပီးေတာ့ ေနာက္တန္းကို ပိုမိုလိုက္ပါကူညီေနရတတ္ပါတယ္။ဖရက္နဲ႔ ဆိုရင္လည္း ဒီတိုင္းပါဘဲ။ဘာလို႔ ဆို ဖရက္ေရာ၊ေတာ္မီေနးေရာက ကြင္းလယ္ခံစစ္ကစားရမွာ တစ္ကြင္းလုံးကို မထိန္းခ်ဳပ္ ႏိုင္လို႔ပါ၊ဒါေၾကာင့္ ေပါ့ဘာလည္းပုံမွန္ထက္ ေျခစြမ္း မျပသႏိုင္ဘဲ ႐ုန္းကန္ေနရတတ္ပါတယ္။ဒါေၾကာင့္ ဆိုလ္းရွားက ေပါ့ဘာ၊ဖာနန္ဒက္ အတြဲကို သုံးပီ ဆိုရင္ မာတစ္ကို လုံး၀ ထည့္ကစားမွ သာ ႏွစ္ေယာက္လုံး အတြက္ ေျခစြမ္းပိုမိုျပ သႏိုင္တာ ကိုေတြ႕ရပါတယ္။မာတစ္ ကစားတဲ့ ပုံစံက ပုံမွန္အား ျဖင့္ ဗဟိုေနာက္ခံလူ ‌ႏွစ္ေယာက္ရဲ႕ အေရွ႕အလယ္ တည့္တည့္ မွာေနရာယူပီးေတာ့ ကစားတဲ့ ပုံစံ ပါ၊ခံစစ္ကို အဓိက ကာကြယ္ၿပီး တိုက္စစ္ကို ခ်ိတ္ဆတ္ ေပးတဲ့ ဟန္ပါ။Deeplying playmaker ေပါ့။သာမာန္အား ျဖင့္ Half Back ပုံစံလို႔ ထင္ရပီးေတာ့ အနည္းငယ္ေတာ့ ကြာျခားပါတယ္။မာတစ္ရဲ႕ သက္လုံအေနအထားေၾကာင့္ ဆိုလ္းရွားက Half back ပုံစံမကစားႏိုင္တာ ကို ရိပ္မိခဲ့ဟန္တူပါတယ္။

ဒီဘက္ေခါတ္ရဲ႕ Half back ကစားေနတဲ့ ကစားသမားေတ ဆိုရင္ လက္လွမ္းမီသေလာက္ဆိုရင္ေတာ့ စပါးက အဲရစ္ဒိုင္ယာ နဲ႔ မန္စီးတီးက ဖာနန္ဒင္ဟိုတို႔ ျဖစ္ပါတယ္။မန္စီးတီးမွာ ဒိဘ႐ိုင္းတစ္ေယာက္ ၾကမ္း ခ်င္သလို ၾကမ္းႏိုင္တာဟာ ဖာနန္ဒင္ဟို နဲ႔ အနည္းငယ္ အခ်ိဳးက်တယ္ ဆို မွားမယ္ ေတာ့မထင္ပါဖူး။တကယ္လို႔ ေတာ္မီေနးသာ Half Back ကစားပုံနဲ႔ အေတာ္ေလး ကိုက္ညီ ခဲ့မယ္ ဆိုရင္ ယူႏိုက္တတ္ ကြင္းလယ္ဟာ အေတာ္ေလး ‌ကို ေၾကာက္စရာေကာင္းသြားမွာပါ‌။ဒါေၾကာင့္ ရာသီ အစမွာ ဆိုလ္းရွား အေနနဲ႔ ေတာ္မီေနးကို ကြင္းလယ္ ခံစစ္မွာ တစ္ေယာက္ထဲ အထိုင္ထားၿပီး Half Back ပုံစံ ကစားေစခဲ့ေပမယ့္ ရလဒ္ေတက အဆင္မေျပ ျဖစ္ခဲ့ၿပီး ကစားသမားကလည္း အဆင္မေျပျဖစ္ခဲ့တာ ေၾကာင့္ မူလ အတိုင္း ေတာ္မီေနးရယ္၊ ဖရက္ရယ္ကို ျပန္လည္ တြဲသုံးၿပီး ဖာနန္ဒက္ နဲ႔ တြဲသုံး ေစခဲ့ျပန္ပါတယ္။ဒါကေတာ့ ဒုတိယ အတြဲအဖက္ပါ။ဒီပုံစံကေတာ့ အလုပ္ျဖစ္ခဲ့ၿပီး ယူႏိုက္တတ္တို႔ ကြင္းလယ္ အနည္းငယ္ ဦးျပန္ေမာ့လာခဲ့ျပန္ပါတယ္။သို႔ေပမယ့္ ေပါ့ဘာကေတာ့ ေဘးေရာက္ေနခဲ့ၿပီး ကံေကာင္းျခင္ေတာ့ အဆိုပါ အခ်ိန္မွာ ေပါ့ဘာက ကို႐ိုနာေရာဂါေၾကာင့္ အနားယူေနရတဲ့ အခ်ိန္ျဖစ္ခဲ့တာပါ။ေနာက္ပိုင္း ဖရက္နဲ႔ ေတာ္မီေနးတို႔ အတြဲက လည္း သမီးေယာက္ဖလားဆို ရေအာင္ ႏွစ္ေယာက္တြဲေပးလိုက္ပီ ဆိုရင္ တကယ္ကို ေကာင္းမြန္ၿပီး တစ္ဖက္ အသင္းကိုထိန္းခ်ဳပ္ႏိုင္ေပမယ့္ တိုက္စစ္ ပံ့ပိုးေပးမႈ ကေတာ့ အားနည္းေနခဲ့ျပန္ပါတယ္။ပြဲတိုင္းမွာ တိုက္စစ္ ပံ့ပိုးမႈ မွာ ဖာနန္ဒက္ရဲ႕ ႐ုန္းအားေကာင္းမြန္မႈေၾကာင့္ သိပ္မသိသာ ခဲ့ေပမယ့္ တစ္ခ်ိဳ႕တစ္ေလ ပြဲေတ မွာေတာ့ တိုက္စစ္ ပံ့ပိုးမႈ အားနည္းမႈ ေၾကာင့္ ယူႏိုက္တတ္ တို႔ အေတာ္ေလး ႐ုန္းကန္ရျပန္ပါတယ္။ဂိုးလိုအပ္ေနခ်ိန္ သာမာန္ ေဘာလုံးေပးပို႔မႈေတကို ဆိုလိုျခင္းျဖစ္ပါတယ္။ပရိတ္သတ္ေတဆို ဂိုးလိုေနခ်ိန္ေနာက္ျပန္ေပးလို႔ ဆဲရတဲ့ အခ်ိန္ေတ လည္း နည္းမယ္ မထင္ပါဖူး။ ဆိုေတာ့ ယူႏိုက္တတ္ အတြက္ ေပါ့ဘာကို လိုအပ္ လာျပန္ပါတယ္။ဒါေပမယ့္ ေပါ့ဘာရဲ႕ ေဘာလုံးကိုင္ ကစားတဲ့ ဟန္ေၾကာင့္ High pressing ကစားတဲ့ ဒီဘက္ ေခါတ္မွာ ကြင္းလယ္မွာေဘာလုံး အပ်က္မ်ားတာ ႀကီးက အႏၲရာယ္ တစ္ခု ျဖစ္လာျပန္ပါတယ္။ဒါေၾကာင့္ မာတစ္က ေပါ့ဘာရဲ႕ အေနာက္မွာ ကာဗာ အေနနဲ႔ ရွိေနရျပန္ပါေရာ။ဒါေၾကာင့္ ဒိုင္းမြန္းပုံစံ ကြင္းလယ္ ကို လည္း စမ္းသုံးခဲ့ေသးေပမယ့္ အနည္းငယ္လိုအပ္ခ်က္ေတ ရွိေနျပန္ပါေသးတယ္။ၿပီးေတာ့ကာ မာတစ္ရဲ႕ အသက္အ႐ြယ္က ပြဲတိုင္း ကစားလို႔ ရတဲ့ အ႐ြယ္မဟုတ္ေတာ့ပါဖူး။ဗန္ဒီဘီကေတာ့ ပြဲကစားခ်ိန္ အရမ္းနည္းေနေသးတာ ေၾကာင့္ ထည့္သြင္းမသုံးသပ္ေတာ့ပါဖူး။ၿပီးေတာ့ကာ ယူႏိုက္တတ္မွာ Half Back ပုံစံ ကိုပိုင္ပိုင္ႏိုင္ႏိုင္ ကစားႏိုင္တဲ့ ကစားသမားက မရွိပါဖူး။ဒါေၾကာင့္ ယူႏိုက္တတ္ အေနနဲ႔ ကြင္းလယ္မွာ ေပါ့ဘာ၊ဖာနန္ဒက္တို႔ အျမင့္ ဆုံး အေျခအေနေရာက္ေအာင္ ဒါအျပင္ ကမာၻ႔အဆင့္ မွီ ကြင္းလယ္ တစ္ခု ကို ထပ္မံဖန္တီးျခင္တယ္ ဆိုရင္ေတာ့ ယခုလာမယ့္ ေဈးကြက္မွာ Half Back ပုံစံ ကို ပိုင္ပိုင္ႏိုင္ႏိုင္ ကစားႏိုင္မယ့္ ကစားသမားတစ္ေယာက္ ဒါမွ မဟုတ္ မာတစ္ေနရာမွာ ကစားမယ့္ ငယ္႐ြယ္တဲ့ Deeplying paly maker စစ္စစ္တစ္‌ေယာက္ေတာ့ မျဖစ္ မေနေခၚ သင့္တယ္ လို႔ ျမင္မိပါတယ္။အက္မင္ အျမင္မွာေတာ့ ဒီအခ်ိန္မွာ ဒီလန္က႐ိုက္စ္ က အေကာင္းဆုံးေသာ ေခၚယူမႈ ျဖစ္မယ္ လို႔ ထင္မိပါတယ္။မဟုတ္ရင္ေတာ့ ယူႏိုက္တတ္ ကြင္းလယ္က ဒီထက္ ပိုတဲ့ အဆင့္တစ္ခု ကို ေရုက္ဦး မယ္လို႔ မျမင္မိပါဖူး။
ကဲဆိုေတာ့ ခင္ဗ်ားတို႔ အျမင္ေတလည္း ၀င္ေရာက္ ေဆြးေႏြးသြားႏိုင္ပါတယ္ဗ်။ေက်းဇူးတင္ပါတယ္။

စီးပြားျဖစ္ ကူးယူ ေဖၚျပျခင္း မျပဳရ
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X