Sport
စံချိန်များရှင် ယူနိုက်တတ် ရဲ့ ရှက်ဖီး နဲ့ ပွဲအပြီး တင်ရှိခဲ့သော စံချိန်မှတ်တမ်းကောင်းများ
UNICODE
စံချိန်များရှင် ယူနိုက်တတ် ရဲ့ ရှက်ဖီး နဲ့ ပွဲအပြီး တင်ရှိခဲ့သော စံချိန်မှတ်တမ်းကောင်းများ
မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ မနေ့ည က ပွဲစဉ်မှာ သွင်းဂိုးခွင့်ပြုပီး မှ ပြန်လည် အနိုင်ရမှုကြောင့် ယခုနှစ်အဝေးကွင်း ပွဲစဉ် ၆ ပွဲစလုံးတွင် သွင်းဂိုးများ စတင်ခွင့်ပြုပီး မှ အနိုင်ရလဒ်ကို ရရှိခြင်း ဖြစ်သည်။အဆိုပါမှတ်တမ်းမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ယူနိုက်တတ် အသင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရပါသည်။
ယူနိုက်တက်အသင်းသည် ရှက်ဖီးအသင်း ကိုအနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ် လျှောက်ပထမဆုံးအ​ဝေးကွင်းတွင်မှတ်(1000)ပြည့်မြောက်ခဲ့သော အသင်းဖြစ်ခဲ့ကြောင်း သိရပါသည်။
ယူနိုက်တက်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်းတွင် (19)ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ ပရီးမီးယားလိဂ်ရှိ တစ်ခြားသောအသင်းများထက်(4)ဂိုးပိုများသသည်ဟုသိရသည်။
United တို့ဟာ အဝေးကွင်း ၁၀ပွဲဆက်တိုက် အနိင်ရရှိလာခဲ့ပြီး  Tottenham (10ပွဲ) , Chelsea (11ပွဲ) နဲ့ Manchester City (11ပွဲ)တို့ပြီးနောက် ၄သင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ပီးတော့ဆယ်ပွဲစလုံးတွင် တစ်ပွဲကို၂ဂိုးနှင့်အထက်သွင်းယူနိုင်သော ဒုတိယမြောက်ပရီးမီးယားလိဂ် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။
မနေ့ည က လူစား၀င်ကစားခွင့် ရရှိခဲ့သော တော်မီနေးသည် ယူနိုက်တတ် အသင်း အတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါသည်။
မန်ယူအသင်းသည် လက်ရှိချိန်တွင် ယခင်နှစ်ကယူနိုက်တတ် အသင်းဒီအချိန်၌ ရရှိထားသည့် ရမှတ်ထက် ရမှတ်၇ မှတ်ထိ ပိုမိုစုဆောင်ထားသည်ဟုသိရသည်။
ယူနိုက်တတ် အသင်းတိုက်စစ်မှုး ဖြစ်သည် မာရှယ် သည် ယနေ့ညက သွင်းဂိုးကြောင့် ယခုရာသီ တွင် ယူနိုက်တတ်အသင်း အတွက် ပထမဆုံးသော ပရီးမီးယားလိဂ် သွင်းဂိုး ကို ရရှိသွားခဲ့ပီဘဲဖြစ်ပါတယ်။
ဆိုးလ်ရှား ယူနိုက်တက်နည်းပြ ဖြစ်သည့်အချိန်မှစ၍ ယူနိုက်တက်အသင်း၏သွင်းဂိုးမှာ (124)ဂိုးရှိကာ မန်စီးတီး(167)ဂိုး နှင့် လီဗာပူးလ် (164)ဂိုးတို့ပြီးနောက် တတိယအများဆုံး ဂိုးသွင်းယူသည့် အသင်းလည်းဖြစ်ခဲ့သည်။
#MUFF
ZAWGYI
ယူနိုက်တက်အသင်းသည် ရှက်ဖီးအသင်း ကိုအနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ် လျှောက်ပထမဆုံးအ​ဝေးကွင်းတွင်မှတ်(1000)ပြည့်မြောက်ခဲ့သေည အသင်းဖြစ်ခဲ့ကြောင်း သိရပါသည်။
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X