Sport

ရှက်ဖီး ၂-၃ ယူနိုက်တတ် ပွဲအပြီး အထင်လွဲစရာ သတိထားမိသော အချက် ၃ ချက်

UNICODE

ရှက်ဖီး ၂-၃ ယူနိုက်တတ် ပွဲအပြီး အထင်လွဲစရာ သတိထားမိသော အချက် ၃ ချက်

ယူနိုက်တတ်အသင်းဟာ မနေ့ညက ၂:၃၀ အချိန် က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တတ် အသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာရဲ့ ခြေစွမ်းပြမှု နှင့် အတူ ရက်ဖို့၊မာရှယ်တို့ ရဲ့ သွင်းဂိုးတေ နဲ့ ၃ ဂိုး ၂ ဂိုးဆို တဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။အဆိုပါ ပွဲစဉ်မှာတော့ သာမာန် မဟုတ်တဲ့ လူပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် ၃ ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။နံပါတ် တစ်အနေ နဲ့ကတော့ကွင်းလယ်ယူနိုက်တတ် မှာ ပေါ့ဘာ က ထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာ လူတိုင်း လက်ခံရမယ့် အချက်ဖြစ်ပါတယ်။ပေါ့ဘာဟာ ကမ္ဘာ့ အဆင့် ကွင်းလယ်လူ ဖြစ်ပြီး ပြိုင်ဘက် အသင်းရဲ့ ဂိုးနဲ့ ပိုနီးကပ်လေ ပိုပြီးတော့ ခြေစွမ်းကြောက်စရာကောင်းလေပါဘဲ။ဒါပေမယ့် ပေါ့ဘာရဲ့ ခံစစ်ကစားပုံကတော့လူပြောများစရာ ဖြစ်အောင် ညံ့ဖျင်းတာ ကိုတွေ့ရပါတယ်။ယနေ့ပွဲရဲ့ သွင်းဂိုး ၂ ဂိုး မှာ ပေါ့ဘာရဲ့ စွမ်းရည်ကအဓိက ကျခဲ့တာ ဖြစ်ပေမယ်လို့ ပေါ့ဘာရဲ့ မိမိဂိုးရှေ့မှာ ဘောလုံးပျက်မှုတေက တကယ်ကို တစ်ဖက်အသင်းကသာအခွင့်အရေး ယူနိုင်ခဲ့ရင်အန္တရာယ်သိပ်များလှမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပွဲဆက်များ လာမှုကြောင့် ဖာနန်ဒက်တစ်ယောက် ပင်ပန်းနေပုံကလည်း လူတိုင်းကို သိသာစေမှာဖြစ်ပါတယ်။ပွဲပန်းနေတဲ့ ဖာနန်ဒက် ကို ၁ ပွဲတန်သည် နှစ်ပွဲတန် သည် အနားပေးစေလိုပါတယ်။ဒုတိယတစ်ချက်ကတော့ Var ကိုပြောပရစေ ၊ဒုတိယ ယူနိုက်တတ်တို့ ပေးခဲ့ရတဲ့ ဂိုးဟာ တကယ်ဆို မဖြစ်သင့်တဲ့ ထောင့်ကန်ဘောကတစ်ဆင့်ပေးခဲ့ရတာပါ။အဆိုပါ ထောင့်ကန်ဘောဟာ လုံး၀ မပေးရမယ့် အလုံးဖြစ်ပေမယ့် ထောင့်ကန်ဘောခွင့်ပြု ခဲ့ရပီး ယူနိုက်တတ် တို့ သွင်းဂိုး ခွင့်ပြုခဲ့ရပါတယ်။သာမာန်လူကတော့ မနစ်နာပေမယ့် ညက ပွဲလောင်းကြေးသမားတေကတော့ ကြေးရှုံးသွားပါတယ်။တကယ်လို့ အဲ့ထောင့်ကန်ဘောမပေးခင် Varသာ ပြန်စစ်ဆေးခဲ့မယ် ဆို တကယ်ကို ၀မ်းသာ‌စရာဖြစ်မှာမို့ Var ကို မရှင်းမရှင်း အနေအထားတေ အားလုံးမှာ အသုံးပြုသင့်တယ်လို့ ယူဆမိပါတယ်။

နံပါတ် ၃ အချက် အနေနဲ့ ကတော့ ယူနိုက်တတ် တိုက်စစ် ကစားသမား များ ပါ။ ယူနိုက်တတ် တိုက်စစ်မှာ တွဲလုံးတေ အစားတစ်ကိုယ်ကောင်းဆန်မှု တေကို မြင်တွေ့နေရပြီးတော့ အကယ်၍ တကိုယ်ကောင်းဆန်မှု တေသာ မရှိပါက လိုက်ပဇစ်ကို ရှံးပြီး ချန်ပီယံလိဂ်က ထွက်ခွာကမှာ မဟုတ်သလို ယနေ့ ပွဲစဉ်မှာ လည်း သွင်းဂိုးတေ ပိုမိုပြတ်သားနိုင်မှာ ဖြစ်ပါတယ်။ထို့အပြင် တတိယဦးဆောင်ဂိုး ကလည်း မာရှယ်အနေနဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး လူပေးတာ လို့ မမြင်မိပါဖူး၊ဒါကြောင့် ယူနိုက်တတ် တိုက်စစ် မှုး တေ အနေနဲ့ ပိုမို အခွင့်အလမ်း သာတဲ့ လူတေကို ပြန်လည် ထောက့်ပံ့ပေးဖို့ ပိုမို ဂရုစိုက်‌လေ့ကျင့်သင့်တယ် လို့မြင်မိပါတယ်။ခဗျားတို့ အမြင်တေလည်း ဆွေးနွေးပေးကြပါဦးဗျ။

#MUFF

ZAWGYI





#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X