Sport

ယနေ့ညရှက်ဖီးနဲ့ပွဲအတွက်မာတာပါ၀င်လာနိုင်တဲ့ အနီးကပ်ဆုံးခန့်မှန်းလူစာရင်း

UNICODE

မာတာပါဝင်လာနိုင်တဲ့ ယနေ့ည ရှက်ဖီးနဲ့ပွဲအတွက် အနီးကပ်ဆုံးခန့်မှန်းလူစာရင်း

မန်ချက်စတာယူနိုက်တတ်အသင်းဟာ ယနေ့ည ၂:၃၀ အချိန်တိတိ မှာတော့ ရှက်ဖီးယူနိုက်တက် အသင်း ရဲ့ အိမ်ကွင်း ဘရာမောလ်လိန်း ကွင်းအတွင်းမှာ ဧည့်သည် အဖြစ် သွားရောက်ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာတော့ ယူနိုက်တတ်အသင်းရဲ့ အဝေးကွင်း ၆ ပွဲမြောက် ပွဲစဉ်ဖြစ်ပြီးတော့ ဒီရာသီမှာ ယူနိုက်တတ် အသင်းဟာ အဝေးကွင်း ပွဲစဉ် ၅ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ထို့ ကြောင့် ဒီပွဲစဉ်မှာ ယူနိုက်တတ်အသင်း အနိုင်ရရှိပါက အဝေးကွင်း ဒီရာသီ အဝေးကွင်း ၆ ပွဲလုံးကို အနိုင်ရရှိတဲ့ တစ်သင်းတည်းသောအသင်းဖြစ်မှာ ဖြစ်လို့ ဇယားအောက်ဆုံးက အသင်းတစ်သင်းကို အမှတ်ခွဲမပေးရဖို့အရေးယူနိုက်တတ် ဘက်က အစွမ်း ကုန် ကြိုး စား ကစားသွားမှာ လည်းဖြစ်ပါတယ်။ ဒါအပြင် ဒီဇင်ဘာပွဲကြပ် ကာလက လည်းရောက်ရှိလာနေပြီ ဖြစ်တာကြောင့် ယူနိုက်တတ် အနေနဲ့ ဒီပွဲစဉ်မှာ အဓိက ကစားသမားများနဲ့ အရန်ကစားသမား တစ်ချို့ကို မျှတစွာ အသုံးချ ပြီး ပွဲထုတ်လာမယ် လို့လည်း ခန့်မှန်းရရှိပါတယ်။

ဒါအပြင် တိုက်စစ် မှုး ဖြစ်သူ ကာဗာနီ မှာ ပါဝင်နိုင်ဦးမှာ မသေချာသေးသော ကြောင့် တိုက်စစ်ကို မာရှယ်က သာ ဦးဆောင်လာ ဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းရရှိပါတယ်။ထို့ကြောင့် ယူနိုက်တတ် တိုက်စစ်ကို မာရှယ်၊ရက်ဖို့ တို့နှင့် ခံစစ် ကစားတဲ့ အသင်းတေနဲ့ ဆို နေရာလွတ်နဲ့ ဂိုးဖန်တီးမှုတေ ပိုမို ပြု လုပ်ပေးနိုင်သော မာတာက ဂရင်းဝုဒ်အစား ပါဝင်လာနိုင်တယ် လို့ ခန့်မှန်းရရှိပါတယ်။ကွင်းလယ်နေရာမှာ တော့ အထိုင်ကျနေပီးသား ဖြစ်သော တော်မီနေး၊ဖရက်တို့ ကို ဖာနန်ဒက်၏ နောက်မှာ ဝန်းရံစေကာ ပွဲထွက်လာနိုင်သည် ဟုခန့်မှန်းရမိပါသည်။ထို့ပြင် နောက်ခံလူနေရာမှာတော့ ဘယ်နောက်ချံနရာမှာ တဲလက်စ်က ပါဝင်လာနိုင်ပြီး ပုံမှန် ခံစစ်အတွဲ ဖြစ်သော မက်ဂွားယား၊လင်ဒီလောဒ့်တို့ ပါဝင်လာနိုင်ပြီး ညာခြမ်းမှာတော့ ပုံမှန်အတိုင်း ဘစ်စာကာ က ပွဲထွက်လာနိုက်ပါတယ်။ဂိုးသမားနေရာမှာတော့ ပုံမှန်ဖမ်းနေကြ ဒီဂီယာသာ ပါဝင်လာနိုင်ပါတယ် လို့ ခန့်မှန်းရမိပါသည်။

ခန့်မှန်းလူစာရင်း

ဂိုး-ဒီဂီယာနောက်တန်း-မက်ဂွားယား၊လင်ဒိလောဒ့်၊တဲလက်စ်၊ဘစ်စာကာကွင်းလယ်-တော်မီနေး၊ဖရက်၊ဖာနန်ဒက်တိုက်စစ်- မာတာ၊မာရှယ်၊ရက်ဖို့

#MUFF

ZAWGYI




ခန့်မှန်းလူစာရင်း

ဂိုး-ဒီဂီယာ



#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X