Sport

တော်မီနေးအတွက်ဂုဏ်ယူစရာသတင်းအပါအဝင်ယနေ့ညနောက်ဆုံးရယူနိုက်တတ်သတင်းတိုများ

UNICODE

တော်မီနေးအတွက်ဂုဏ်ယူစရာသတင်းအပါအဝင်ယနေ့ညနောက်ဆုံးရယူနိုက်တတ်သတင်းတိုများ

ယူနိုက်တတ် အသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ် ကစားသမား ဖြစ်သူ မက်တော်မီနေးဟာ လာမယ့် ရှက်ဖီးယူနိုက်တတ် အသင်းနှင့် ပွဲစဉ်မှာ ပွဲ (၁၀၀) ပြည့်မြောက်မည် ဖြစ်က‌ကြောင်း သိရပါသည်။ဂုဏ်ယူပါတယ် တော်မီနေးရေ။

ယူနိုက်တတ် အသင်းသည် ရှက်ဖီးယူနိုက်တတ် ကို အနိုင်ရရှိပါက အဝေးကွင်း ၁၀ ပွဲဆက် အနိုင်ရရှိထားတဲ့ ၄ သင်းမြောက် အသင်း ဖြစ်လာမည်ဖြစ်သည်။

ယူနိုက်တတ်အသင်းသည်လာမယ့်ဇန်နဝါရီ အပြောင်း အရွှေ့တွင် အသင်းမှာ မလိုအပ်သော ကစားသမားများ ဖြစ်သည့် ရိုမီယို၊ရိုဂျို တို့ကို အငှား(သို့) ရောင်းချ သွားရန် စီစဉ်ထားကြောင်းသိရပါသည်။

ယူနိုက်တတ် နည်းပြဖြစ်သူ ဆိုလ်းရှားရဲ့ နွေရာသီ အဓိက ပြစ်မှတ်မှာ၀က်ဟမ်းကွင်းလယ်လူဒီလန်ကရိုက်ဖြစ်ကြောင်း သိရပါသည်။

ယခုနွေရာသီကမှခေါ်ယူထားသည့် ဥရုဂွေးတိုက်စစ်ကစားသမား ပယ်လီစထရီသည် ယူနိုက်တတ် ယူ ၂၃ အသင်းတွင်သွင်းဂိုးများ ရယူကာ ခြေစွမ်းပြသထားနိုင်သော်လည်း ယခုအချိန်တွင် အသင်းကြီးအတွက် ပါ၀င်ခွင့် ရဖွယ်မရှိသေးကြောင်းသိရပါသည်။

ယူနိုက်တတ် တိုက်စစ်မှုး ဖြစ်သူ ကာဗာနီဟာ ယနေ့ ထရိန်နင်တွင် ပြန်လည် ပါ၀င်လာသောကြောင့် လာမယ့် ပွဲစဉ်တွင် အသင်းလူစာရင်းတွင်။ ပါ၀င်လာနိုင်ကြောင်း သိရပါသည်။

ယူနိုက်တတ် တောင်ပံကစားသမားဖြစ်သူ ဒန်နီရယ်ဂျိမ်းကို လာမယ့်ဇန်နဝါရီတွင် လိဒ်ယူနိုက်တတ် အသင်းက အငှားဖြင့် ခေါ်ယူရန် စိတ်၀င်စားနေကြောင်း သိရပါသည်။

#MUFF

ZAWGYI









#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X