Sport

ဇယားအောက်ဆုံးကအသင်းကို အို၀င်ကြောင့် ရုန်းကန်ရဦးမယ့်ယူနိုက်တတ်ပွဲ ပွဲကြိုသုံးသပ်ချက်

UNICODE

ဇယားအောက်ဆုံးကအသင်းကို အို၀င်ကြောင့် ရုန်းကန်ရဦးမယ့်ယူနိုက်တတ်ပွဲ ပွဲကြိုသုံးသပ်ချက်

ယခုနောက်ပိုင်းဘောလုံးပွဲသုံသပ်ချက်တေရဲ့ မပါမဖြစ် အဓိက ဇာတ်ကောင် ကတော့ ပရိတ်သတ်နေရဲ့ ချစ်စနိုးအခေါ်အဝေါ် အင်ဂလန်လင်းမူ ခေါ် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်တေ ကမရှိမဖြစ်ကို ပါ၀င်လာခဲ့ပြီ လည်း ဖြစ်ပါတယ်။အို၀င်က ဒီပွဲစဉ်မှာ ယူနိုက်တတ် အသင်းက ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိမယ် လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။အို၀င်ရဲ့ ခန့်မှန်းမှုတေက ဘယ်လောက်ထိ ကြောက်စရာကောင်း သလဲဆိုရင် မနေ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ကလည်း အနိုင်ရလဒ် ခန့်မှန်းခံ ရပေမယ့် နှစ်သင်းစလုံး အနိုင်မရရှိခဲ့ပါဖူး။ဆိုတော့ မန်စီးတီးအသင်း ဆိုလျင် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ၀က်ဘရွန်းအသင်းကို ၁-၁ နဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ အဆိုပါပွဲကို အို၀င်က ၄-၁ ရလ်ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။ထို့ပြင် ချဲဆီးအသင်းကို ၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိမယ် လို့ ခန့်မှန်းပေးခဲ့ပေမယ့် လက်တွေ့မှာတော့ ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ဆိုတော့ကာ အို၀င်ရဲ့ အစွမ်းပကားကတော့ လူတိုင်း အတွက် ကြောက်စရာကောင်းလောက်အောင်ထွန်းလင်းတောက်ပလာတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ယူနိုက်တတ် အသင်းကလည်း ဒီပွဲမှာ အနိုင်ရလဒ်အတွက် တကယ်ကို ခက်ခဲဦးမှာ လည်း ဖြစ်ပါတယ်။ယူနိုက်တတ် ဟာ မနက်ဖြန်ည ၂:၃၀ အချိန်မှာ ရှက်ဖီးယူနိုက်တတ်အသင်းကိုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တတ်ဟာ ဒီရာသီမှာ ရမှတ်တစ်မှတ်သာ ရရှိထားပြီး အဆိုပါပွဲစဉ်ဟာ အိမ်ကွင်း ဖူဟမ်အသင်းနှင့် ပွဲစဉ် ဖြစ်ပါတယ်။ ရှက်ဖီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲဆက်တိုက် နိုင်ပွဲလုံး၀ မရရှိသေးဘဲ တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရပီး ခံစစ်က လည်း အတော်လေးကို ဆိုးရွားနေတာ တွေ့ရပါတယ်။တစ်ဖက်က ယူနိုက်တတ်ကို ကြည့်ပြန်တော့ လည်း ဒီရာသီ ပရီးမီးယားလိဂ်မှာအဝေးကွင်း ခြေစွမ်းအကောင်းဆုံးအသင်းဖြစ်ပီးတော့ ၅ ပွဲကစားထားရာ ၅ ပွဲလုံး အနိုင်ရရှိထားတာ ကြောင့် ယူနိုက်တတ်ဘက် က အနိုင်ရရှိဖို့ အခွင့် အလမ်းသာနေတာ ဖြစ်ပါတယ်။သို့ပေမယ့် အဓိက အချက်အနေနဲ့ကတော့ ယူနိုက်တတ် တို့ ဟာ ခံစစ် အားပြုတဲ့ အသင်းတေနဲ့ တွေ့ရင် ရုန်းကန်တတ်ရတဲ့ တစ်ချက် က ယူနိုက်တတ်ကို အနှောင့် အယှက်ပေးနိုင်ပီးတော့ ယူနိုက်တတ်ဟာ ရှက်ဖီးနဲ့ တွေ့ဆုံတဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ကာ ၁ ပွဲသရေကြထားတာကြောင့် ယူနိုက်တတ်တို့ ဒီပွဲကို ခက်ခက်ခဲခဲ ကစားရနိုင်ဖူး အနိုင် ၃ မှတ်ရရှိသွားမယ် လို့ ခန့်မှန်း ရမိပါတယ်။ဒါကြောင့်မို့ ဒီတစ်ခါတော့ အို၀င်ရဲ့ ခန့်မှန်းချက်က မှန်ကန်သွားနိုင်ပါတယ်လို့ သုံးသပ်လိုက်ပါတယ်ဗျာ။

#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X