Sport
PSG ကို ငြင်းပီး ယူနိုက်တတ်ကိုချစ်လို့ အသင်းမှာ ဆက်နေခဲ့တာပါဆိုတဲ့ ဂျာနူဇက်
UNICODE
PSG ကို ငြင်းပီး ယူနိုက်တတ်ကိုချစ်လို့ အသင်းမှာ ဆက်နေခဲ့တာပါဆိုတဲ့ ဂျာနူဇက်
” ကျနော်က မန်ချက်စတာယူနိုက်တတ်ကို အရမ်းကိုချစ်ခဲ့တာပါ၊ ပီးတော့ ကျနာ် ယူနိုက်တတ်နဲ့ အောင်မြင်မှု တေယူနိုင်ကြောင်း ပြချင်ခဲ့တယ်။သို့ပေမယ့် ကျနော့် ဘ၀က မတူညီမှု လမ်းကြောင်း တေနဲ့ လျောက်လှမ်း ခဲ့ရတယ်။ကျနော်ခု မှ အသက် က 25 ပါ လာလီဂါမှာ ကစားခွင့် ရနေသေးတယ်၊ကမ္ဘာ့ ဖလားကို နှစ်ကြိမ် နွဲခွင့် ရခဲ့တယ်၊ကိုပါဖိုင်နယ်မှာ လည်း ကစားခွင့်ရခဲ့တယ်၊ဒီအတွက် ကျနော် ပျော်ရွှင် မိပါတယ်။ ယူနိုက်တတ် အောင်မြင်နေတာကိုဘဲ ကျနော် အမြဲ မြင်ခြင်ပါတယ်။
ကျနော်ကအမြဲ ယူနိုက်တတ် ပါဘဲ။အားလုံးသိတဲ့ အတိုင်းကျနော်က ဒီမှာ ကြီးပြင်းခဲ့တာပါ။ မန်ချက်စတာမြို့ နဲ့ မြို့မှာ ရှိနေတဲ့ ပရိတ် သတ်တွေကိုကျွန်တော် ချစ်တယ် ပီးတော့ ပရိသတ်တယောက် အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အခြား ဆုဖလားပွဲ တွေမှာ ယူနိုက်တက် ပြန်လည်ပြီး ချန်ပီယံ ဖြစ်တာမျိုး မြင်တွေ့ချင်မိတယ်။
(မန်စီးတီး နှင့် အခြား ကလပ်များ စိတ်ဝင်စားမှု ခံခဲ့ရသည့်ကြားမှ ယူနိုက်တကိ မှာ ကစားဖို့ ရွေးချယ်ခဲ့သည်နှင့် ပက်သက်ပြီး ) ယူနိုက်တက် ကို ကျွန်တော် ရွေးခဲ့တာက အသင်းရဲ့ အကယ်ဒမီ နဲ့ အသင်းမှာ လုပ်ကိုင်နေတဲ့သူတွေ ကြောင့်ပဲ ကျွန်တော့်အတွက် ယူနိုက်တက် က အကြီးအကျယ်ဆုံး ကလပ် အသင်းဖြစ်ပြီး စာချုပ်ချုပ် ကစားချင်တဲ့ အိမ်မက်လည်း ရှိခဲ့တယ်
လူငယ် ကစားသမား ဘဝမှာ ပေါ့ဘာ လင်ဂတ် တို့နဲ့ အတူ ကစားခဲ့ဖူးတယ် ကျွန်တော် အထင်အကြီးဆုံး လူငယ်တွေထဲက ဆို ပေါ့ဘာ နဲ့ ရာဗဲလ်မော်ရစ်ဆင် တို့ပဲ သူတို့ရဲ့ နည်းစနစ်ပိုင်းတွေ က အရမ်းကောင်းတယ် သူတို့ကို အမှီလိုက်နိုင်အောင် လုပ်ရမယ် လို့တောင် အတွေးရှိခဲ့ဖူးတယ်။တကယ်လို့ ဆာအဲလက်စ် သို့မဟုတ် Moyes သာ ယူနိုက်တက်မှာ ဆက်ပြီး ရှိနေခဲ့ရင် ကျွန်တော် အသင်းမှာ ဆက် ကစားဖြစ်နေမှာပဲ ဒီနည်းပြ နှစ်ယောက် က ကျွန်တော့်အပေါ် ယုံကြည်တဲ့ သူ တွေ ဖြစ်ပြီး ကွင်းထဲမှာ ကိုယ့်ပုံစံ ကိုယ်တိုင် ဖော်ပြနိုင်အောင် အခွင့်အရေး ပေးခဲ့ကြတယ် လူးဝစ်ဗန်ဟားလ် ရောက်လာတဲ့အခါ သူ့မှာလည်း ဖိအား တွေ ရှိခဲ့တယ် ထင်ပါတယ်။အခြား အသင်းကို ပြောင်းဖို့လည်း အဲ့ဒီအချိန် က အတွေးမရှိခဲ့ဘူး ခေါ်ချင်တဲ့ အသင်းက ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် ဟုတ်တယ် ဆိုရင်တောင် ယူနိုက်တက် မှာပဲ ကျွန်တော် ဆက်ကစား မယ် လို့ စိတ်မှာ တွေးခဲ့ပြီး ဒီမှာပဲ ကစားသမား ဘဝ ဖြတ်သန်းမယ် လို့ ဆုံးဖြတ်ထားခဲ့တယ်။( PSG အသင်း ၏ ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမှု ကို ငြင်းပယ်ခဲ့သည် နှင့် ပက်သက်ပြီး ) PSG က ကျွန်တော့် ဆီ ငွေ ပမာဏ များစွာ နဲ့ အဆိုပြုလာတာ ရှိခဲ့တယ် ဒါပေမယ့် ကျွန်တော် က ဒီမှာ ကြီးပြင်းလာတော့ ကျွန်တော့် နှလုံးသား က ဒီမှာပဲ မန်ချက်စတာ မှာ ကျွန်တောိ နေထိုင်ခဲ့တာ ရနှစ်ခွဲ ပါ ယူနိုက်တက် က ကျွန်တော့် အသင်း ဒီလိုပဲ တွေးခဲ့တယ်
ယူနိုက်တက် ပထမအသင်းကြီးနဲ့ စတင် လေ့ကျင့်ခဲ့ရချိန် က ကိုယ့်ကို လက်ခံလာအောင် ကိုယ့်ပုံစံ ဘယ်လိုလဲ ဆိုတာ ပြသချင်ခဲ့တယိ ဒါပေမယ့် Giggsy Scholesy တို့လို ကစားသမားတွေ ကို မြင်ရတဲ့ အခါကျတော့ စိတ်ထဲမှာ ‘wow’ ပဲ သူတို့ရဲ့ လုပ်နိုင်စွမ်း နဲ့ အရည်အသွေး တွေ အပေါ် အထင်ကြီးမိတော့တယ် သူတိုနဲ့ ယှဉ်ရင် ကိုယ် က ကလေး ပါလား ဆိုတာလည်း နားလည်ခဲ့တယ်
( နံပါတ် ၁၁ ဝတ်ဆင်ခွင့် ရခဲ့သည် နှင့် ပက်သက်ပြီး ) ကျွန်တောိ့ ကစားသမား ဘဝရဲ့ ခံစားလို့ အကောင်းဆုံး ဖြစ်ခဲ့တဲ့ အရာတွေထဲက တခုပေါ့ အထူးသဖြင့် Giggsy လို ဂန္တဝင် တယောက် ဝတ်ခဲ့တာ ဖြစ်လို့ပါ Giggs က ‘မင်း အဆင်သင့်ပဲလား ‘ မေးခဲ့တယ် ကစားသမား တယောက်အဖြစ်လည်း သူ က ကျွန်တော့်ကို နှစ်သက်ခဲ့တယ် ဒါ့ကြောင့်လည်း သူ့ရဲ့ နံပါတ် ကျွန်တော့်ဆီ လက်လွှဲခဲ့တာပါ ကျွန်တော် က ဒါနဲ့ပက်သက်ပြီး ပျော်ခဲ့တယ်။အဲ့ဒီအချိန် က ( ဗန်ဟားလ် လက်ထက် ) ယူနိုက်တက် က ကစားသမားများစွာ ကို သန်း ၆၀ သန်း ရ၀ မျိုးတွေသုံးပြီး ခေါ်ခဲ့တယ် ကျွန်တော်က အကယ်ဒမီ က တက်လာတဲ့ လူငယ် တယောက်သာ ဖြစ်တဲ့အတွက် တခါတလေ ငြိမ်ငြိမ်သက်သက် မနေနိုင်ခဲ့ဘူး ဒါပေမယ့် ဒါတွေကို စိတ်ထဲက ထုတ်ပြီး ပရို ပီသအောင် ကြိုးစား ဆက်နေပြီး အခွင့်အရေး ကို စောင့်နေခဲ့တယ်။တစ်ကြိမ်မှာ left wing back အနေနဲ့ ကစားရတယ် ပြီးတော့ right wing back နေရာ မှာ ကစားခဲ့ရတယ် ပြီးတော့ number 10 နေရာ ပြီးတော့ တိုက်စစ်မှူး နေရာ အစုံ ကစားရတယ် ကျွန်တော့် အတွက် ခြေစွမ်း တည်ငြိမ်မှု မရှိခဲ့ဘူး လူငယ် တယောက် အတွက် လိုက်နာ လုပ်ဆောင်ရတာ အမှန်တကယ် အခက်အခဲ ရှိခဲ့တယ် ကျွန်တော့် ကစားသမား ဘဝရဲ့ အဆိုးဆုံး အချိန်အခါ လို့ ကျွန်တော့် စိတ်မှာ တွေးမိတယ် အားလုံးပြီးတဲ့အခါ အိမ်ကိုပဲ အမြဲ ပြန်ဖြစ်ခဲ့ပြီး ဝမ်းနည်းမိတယ် ငါ ဘယ်လိုလုပ်သင့်လဲ စဉ်းစားဖြစ်တယ် ထရိန်နင် မှာ လည်း ကိုယ် ဝမ်းနည်းနေတာ ဘယ်တော့မှ မပြခဲ့ဘူး
အခုအချိန် က တော့ အသင်းကောင်း တသင်းမှာ ပုံမှန် ကစားနေရတဲ့ အတွက် ပျော်ပါတယ် ကျွန်တော့် ကစားသမားဘဝ ရဲ့ အကောင်းဆုံး အနေအထား မရောက်သေးဘူး ပြောရမှာပေါ့ ၂၇ ၂၈ လောက်မှာ ခြေစွမ်း အမြင့်ဆုံး အနေအထား လို့ သတ်မှတ်ထားကြတာ ရှိပါတယ်”ဟု ‌ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
Credit
#MUFF
ZAWGYI
Credit
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X