Sport

ယူနိုက်တတ်နှင့် ပြန်လည်ဆုံတွေ့ရတော့မယ့် ဂျာနူဇက်အပေါ် အတွေးဆ တစ်‌စေ့တစ်‌စောင်း

UNICODE

ယူနိုက်တတ်နှင့် ပြန်လည်ဆုံတွေ့ရတော့မယ့် ဂျာနူဇက်အပေါ် အတွေးဆ တစ်‌စေ့တစ်‌စောင်း

ယူရိုပါလိဂ်မဲခွဲမှုအပြီးမှာ‌တော့ကျနော်တို့ ရဲ့ ယူနိုက်တတ်အသင်းဟာ၃၂သင်းအဆင့်မှာစပိန်ကလပ်ရီးရဲဆိုဆီဒက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ယူနိုက်တတ်နဲ့ ဆိုစီဒက် နှစ်သင်းတို့ဟာ သမိုင်းတစ် လျှောက် ၂ကြိမ်တွေ့ဆုံခဲ့ဖူးပြီး 2013/14က ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဖြစ်ခဲ့ပါတယ်ပထမအကျော့ Old Trafford မှာ ပြိုင်ဘက်
ဆိုဆီဒက် ကစားသမား မာတီနက် ရဲ့ OGဂိုး နဲ့ အနိုင်ရခဲ့ပြီး ဒုတိယ အကျော့မှာ ဗန်ပါစီ ရဲ့ ပင်နယ်တီအလွဲတွေ ဖယ်လာနီ ရဲ့ အနီကဒ်တွေနဲ့အတူ ဂိုးမရှိသရေ ကျခဲ့ပါတယ်၊ယခုအချိန်မှာတော့ ရီးရဲလ်ဆိုဆီဒက် ဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး ယူနိုက်တတ် အတွက် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဖူး။ထို့ပြင် ကျနော်တို့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဂျာနူဇက်ကို လည်း ပြိုင်ဘက် အဖြစ် ပထမဆုံး အကြိမ်ပြန်လည် တွေ့ဆုံရမှာ ဖြစ်ပါတယ်။

 

ဂျာနူဇက်ဆိုတဲ့ကစားသမားအကြောင်းကို ယူနိုက်တတ် ပရိတ်သတ် တိုင်းမေ့လို့ ရမယ်လို့တော့ မထင်မိပါဖူး၊ကျနော်တို့ ယူနိုက်တတ် ရဲ့ ကျဆုံး ခမ်းတေ စတင်နေချိန်မှာ ထင်ပေါ် ပြီး စဉ်ပေါ်ကို ရောက်လာသူ တစ်ယောက်ဆိုမှား မယ် မထင်လှပါဖူး၊ ပိန်ပိန် လှီလှီအရပ်ရှည် ရှည် နဲ့ ကောင်လေးတစ်ယောက်က ဒေးဗစ်မိုရက်စ် ရဲ့ တော်ကောက်မှု နဲ့ အတူ ယူနိုက်တတ် အသင်းကြီးကို ပွဲထွက် ကစားသမား အဖြစ်‌ထွန်းပေါက်လာခဲ့ပြီး ပရိတ်သတ်တိုင်းရဲ့ အချစ်ကိုအားလုံးသိမ်းကြုံး ယူနိုင်ခဲ့သူ ပေါ့၊
အကယ်ဒမီထုတ်ကုန်လေး အဖြစ် ထွက်ပေါ် လာတဲ့သူ့ကို လူတိုင်းကို မှတ်မှတ်ရရဖြစ်စေခဲ့တဲ့ ပွဲ ဆိုရင် ဆန်းဒါးလန်းကို ရှုံးနေရာကနေ အနိုင်ဖြစ်စေတဲ့ထိ နှစ်ဂိုးစလုံးကို သူကိုယ်တိုင် သွင်းယူ ခဲ့တဲ့ ပွဲဖြစ်မယ်ထင်တယ်၊အဲဒီပွဲက ဂျာနူဇက် အတွက် ပထမဆုံး လူတိုင်းရဲ့ စိတ်ထဲ ကို ကိန်းအောင်းသွားစေတဲ့ ပွဲဖြစ်လိမ့်မယ်။အဲ့အချိန်က ယူနိုက်တတ် က တကယ်ကို ရုန်းကန်နေရတာ ဖြစ်ပြီးတော့ ခြေစွမ်းကောင်းတေ ပြသနိုင်ခဲ့ပေမယ့် ဂျာနူဇက်တစ်ယောက်က ပရိတ်သတ်တေရဲ့ မြှောက်အားတေကြောင့် ပြန်မကျလာနိုင်တော့သည် လောက်ထိအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းသည် အထိ ကျနော်တို့ အားလုံးက ဂျာနူဇက် ကို ချစ်ခဲ့ကြတာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကြိုးစားခဲ့ပေမယ့် ဆရာကောင်းနဲ့ မတွေ့ရတော့ တဲ့ နောက် ကျနော်တို့ ရဲ့ ဂျာနူဇက်က ယူနိုက်တတ်ပရိတ်သတ်တိုင်း စီကနေ အငှားတစ်လှည့် ပြန်လာတစ်လှည့်နဲ့ မျှော်လင့်ချက်တေ ကို ဆိတ်သုန်းစေခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ ဆိုဆီဒက် အသင်းကို အပြီး တိုင် ပြောင်း ရွှေ့ သွားခဲ့ တာပဲဖြစ်ပါတယ်။ ဆိုဆီဒက်မှာ အလယ်လတ် ကစားသမား အဖြစ်သာ ရှင်သန်နေရတဲ့ ဂျာနူဇက် ဟာတစ်ချိန်က ကျနော်တို့ အားလုံး အပြည့် အ၀ မျှော်လင့် ခဲ့ ကြတဲ့ ဂျာနူဇက် ဖြစ်ပြီးတော့ အခုချိန်မှာတော့ ၎င်းဟာ ယူနိုက်တက် ကို ပြိုင်ဘက် အဖြစ် ပြန်လည် ဆုံတွေ့ရမှာဆိုတော့ သူနဲ့ ပါတ်သတ်တဲ့ အမှတ်တရလေးတေကို အမှတ်ရသလောက်လေးတေပြောပြ သွားကြပါဦးဗျာ။ပီးတော့ ပြန်လည်ကြိုဆိုပါတယ် ငါ့ကောင်ကြီးရေ

မည်သည့်မီဒီယာမှ ကူးယူဖေါ်ပြခြင်းမပြုရ
#MUFF

ZAWGYI






#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X