Sport

ဟာလန်းကို လုံး၀ မခေါ်ယူပါနဲ့ လို့ ‌ယူနိုက်တတ်ကို သတိပေးသွားတဲ့ ဂယ်ရီနဗီး

UNICODE

ဟာလန်းကို လုံး၀ မခေါ်ယူပါနဲ့ လို့ ‌ယူနိုက်တတ်ကို သတိပေးသွားတဲ့ ဂယ်ရီနဗီး

ယူနိုက်တတ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီနဗီးလ်းက ယူနိုက်တတ် အသင်းအနေနဲ့ အေးဂျင့်ရွိုင်အိုလာနဲ့ စီးပွား‌ရေးလုံး၀ ဆက်မလုပ်သင့်တော့ဖူး လို့ ပြောသွားခဲ့ပါတယ်။ထို့ပြင် ယူနိုက်တတ်ရဲ့ ကာလကြာရှည် ပစ်မှတ်ဖြစ်သူ ဟာလန်းကို လည်း ခေါ်ယူရေး ကိစ္စကို ရပ်တန့် လိုက်ဖို့ အကြံပြုသွားခဲ့ပါတယ်။
ဟာလန်းက ပြီးခဲ့တဲ့ နွေရာသီ က ယူနိုက်တတ် အသင်းသို့ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ် ခဲ့ပြီး ဖြစ်ခဲ့ပေမယ့် အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကြောင့် သာ အသင်းထံ ရောက်ရှိမလာတာ ဖြစ်ပါတယ်။သို့ပေမယ့် ယူနိုက်တတ် နည်းပြ ဆိုလ်းရှားကတော့ ၎င်း ကို ဒီလာမယ့် ဇန်နဝါရီမှာ ထပ်မံကမ်းလှမ်းရန်ရည်ရွယ်ထား ပြီး အသင်းရဲ့ ကာလရှည် ပစ်မှတ် အဖြစ် လည်း သတ်မှတ်ထားကြ တာ လည်း ဖြစ်ပါတယ်။ဟာလန်းကို ယူနိုက်တတ်တို့ ခေါ်ယူခြင်တယ် ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဖူး၊ ဟားလန်းရဲ့ ဂိုးသွင်း စွမ်းရည်က ကြောက်စရာဘဲလေ၊ ဒီရာသီမှာဆို ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၈ ဂိုးထိသွင်းထားနိုင်သူ လည်း ဖြစ်ပါတယ်။ချန်ပီယံလိဂ် ၄ ပွဲမှာ လည်း ၆ ဂိုးထိသွင်း ယူထား သူဖြစ်ပါတယ်။သို့ပေမယ့် ယူနိုက်တတ် ညာနောက်ခံလူဟောင်းဖြစ်သူ ဂယ်ရီနဗီလ်းကတော့ ‌ဟာလန်းကို စာချုပ်ချုပ်ဆိုဖို့ မကြိုးစားပါနဲ့တော့ လို့ ယူနိုက်တတ်ကို စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့ပါတယ်။

နဗီလ်းက” ကျနော့် ဘက်က ကစားသမားက ဒီကလပ်မှာ မကစားခြင်လို့ ပြောင်း မလာတာ ဆိုတာ လုံး၀ လက်ခံလို့ရပါတယ်၊ဒါပေမယ့် သူ့သူငယ်ချင်းကောင်းလို့ အမည် ခံထားတဲ့ သူရဲ့ အေးဂျင့် ကြောင့် သူက လွန်ခဲ့တဲ့ ၁၆ လ က ယူနိုက်တတ် အစားတစ်ခြား အသင်းကို ရောက်သွားခဲ့တာပါ၊ပေါလ်ပေါ့ဘာရဲ့ ပြဿနာကလည်း ဒါကြောင့်ပါဘဲ၊ သူမကစားခြင်ရင် ဘာစီလိုနာ၊ရီးရဲ မက်ဒရစ် ကြိုက်တဲ့ အသင်းကို ထွက်သွားလို့ရပါတယ်။ယူနိုက်တတ်မှာ ပြဿနာ ရှိနေတာက အ၀တ်လဲခန်းထဲမှာ အေးဂျင့်တေပါ၀င်ပါတ်သတ်ခြင်း ခံနေရတဲ့ ကြယ် ပွင့်ကစားသမား ရဲ့ ကိစ္စ အရှုပ်ထုတ်တေပါ ပါ၀င်နေတာပါ။(လိုက်ပဇစ်ပွဲမတိုင်ခင် ရွိုင်အိုလာရဲ့ ပြောကြားမှုကြောင့် ကစားသမားတေ အ၀တ်လဲခန်း မတည်ငြိမ်ဖြစ်မှုအပေါ် ရည်ရွယ်) အချင်းချင်းလေးစားမှု မရှိတဲ့ လူတစ်ယောက် နဲ့ ဆက်ဆံရတာလည်း တကယ်စိတ်ပျက်စရာပါ၊ဒီလိုလူတစ်ယောက်နဲ့ ရေရှည် ဆက်ဆံနေမယ်ဆိုရင် အသင်းအတွက် တကယ့် အရှုပ်ဖြစ်မှာပါ၊သူအေးဂျင့် မဟုတ်တဲ့ တစ်ခြား ကစားသမားတစ်ယောက်ကို သူတို့ အစားထိုး မခေါ်ယူ နိုင်ကြဖူးလား၊(ဟာလန်းရဲ့ အေးဂျင့်မှာ ရျွုင်အိုလာပင်ဖြစ်သည်) ဒီလောက်ဆို တော်တော်လေးလည်းလုံလောက်အောင် စိတ်ပျက်စရာကောင်းနေပါပီ၊တော်ပါပီ ” ဟု ထုတ်ပြောသွားခဲ့တာ ဘဲဖြစ်ပါတယ်။
#MUFF

ZAWGYI



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X