Sport

ရီးရဲနဲ့ လျို့ဝှက်ချက်ရှိခဲ့ပေမယ့် ယူနိုက်တတ်ကို ချစ်တဲ့ အကြောင်းကို ပြောပြသွားတဲ့ ရီးရဲဥဣဌဟောင်း

UNICODE

ရီးရဲနဲ့ လျို့ဝှက်ချက်ရှိခဲ့ပေမယ့် ယူနိုက်တတ်ကို ချစ်တဲ့ အကြောင်းကို ပြောပြသွားတဲ့ ရီးရဲဥဣဌဟောင်း

မန်ယူဂန္ထဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်မသိအောင် စီရော်နယ်ဒိုနဲ့ရီးရဲလ် ကွက်ကျော်ရိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေ မီဒီယာတစ်ချို့ပေါ်မှာတွေ့နေရပါတယ်။ တကယ်တော့ ဒီလျှို့ဝှက်ချက်ကို ရီးရဲလ်ဥက္ကဌဟောင်းကယ်လ်ဒါရွန်ဖွင့်ဟခဲ့တာကြာခဲ့ပါပြီ။ဒီနှစ် ဖေဖေါ်ဝါရီလတုန်းက The Athletic နဲ့အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစုံကတော့ ဒီလိုပါ။ ၂၀၀၉-၂၀၁၀ ရာသီမတိုင်ခင် နွေဈေးကွက်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် ပေါ်ပေါက်လာခဲ့ဖူးပါတယ်။ပေါင် သန်း ၈၀ ဆိုတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ယူကနေ ရီးရဲလ်ကို စီရော်နယ်ဒိုရောက်ရှိသွားခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ပေါ်တူဂီတိုက်စစ်မှူးဟာ ၂၀၀၈ ခုနှစ်ကတည်းက ရီးရဲလ်နဲ့သဘောတူစာချုပ်ချုပ်ခဲ့ကြတာလို့ လျှို့ဝှက်ချက်တစ်ခုကိုဥက္ကဌဟောင်းကယ်လ်ဒါရွန်ကဖွင့်ဟခဲ့ပါတယ်။ အဲဒီတုန်းက မန်ယူနဲ့ရီးရဲလ်ကြားမှာ ပြဿနာတက်ခဲ့ကြပါသေးတယ်။ သူတို့ကစားသမားကို မက်ဒရစ်ကလပ်တရားမဝင်ချဉ်းကပ်ပါတယ်ဆိုပြီး မန်ယူက ဖီဖာကိုတိုင်ခဲ့တယ်။ ဖီဖာဥက္ကဌဆပ်ဘလတ္တာက စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့


ကစားသမားတစ်ယောက်ကို တစ်ခြားအသင်းနဲ့ဆွေးနွေးခွင့်ပြုသင့်တယ်လို့ဆိုပြီး မန်ယူရဲ့အရေးဆိုမှုကိုလျစ်လျူရှုခဲ့တယ်။ စီရော်နယ်ဒိုကိုယ်တိုင်လည်း ဘလတ္တာရဲ့စကားကိုသဘောတူခဲ့ပေမယ့် မန်ယူမှာတစ်နှစ်ဆက်ကစားပေးခဲ့ပါတယ်။ ဒါက ၂၀၀၈-၀၉ ရာသီပါ။
စီရော်နယ်ဒိုဟာ သူ့ရဲ့မန်ယူကစားသမားဘဝနောက်ဆုံးရာသီမှာ အကောင်းဆုံးတောက်ပနိုင်ခဲ့ပါတယ်။ ဂျပန်မှာကျင်းပတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားရဖို့ အနိုင်ဂိုးကိုဖန်တီးပေးခဲ့တယ်။ ငွေဘောလုံးဆုရခဲ့တယ်။ ပြီးတော့ ဂျော့ဘတ်စ်နောက်ပိုင်း မန်ယူရဲ့ပထမဆုံးရွှေဘောလုံးဆုရှင်ဖြစ်လာခဲ့တယ်။ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့တယ်။ ပေါ်တိုနဲ့ချန်ပီယံလိဂ်ပွဲမှာ ကိုက် ၄၀ အကွာသွင်းဂိုးနဲ့ ဖီဖာပွတ်ရှ်ကပ်ဆုရခဲ့တယ်။ မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၃ ရာသီဆက်ရယူပြီးသူ့ရဲ့သရဲနီကစားသမားဘဝကို ဆုဖလား ၉ လုံးနဲ့အဆုံးသတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်မှာကတည်းက နောက်ရာသီမှာရီးရဲလ်ကိုပြောင်းဖို့ စာချုပ်ချုပ်ခဲ့တာပါ။ “ ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ စီရော်နယ်ဒိုက ကျွန်တော့်ဆီဖုန်းဆက်ခဲ့တယ်။ ရီးရဲလ်ကို သူလာမယ်ဆိုတာပြောတယ်။ သူရီးရဲကို ပြောင်းခြင်ခဲ့ပေမယ့် ယူနိုက်တတ်အပေါ် ရှိတဲ့ သံယောဇဉ်ကြောင့် တစ်နှစ် ဆက်ကစားပေးခဲ့ပါတယ်။

မန်ယူမှာ တစ်နှစ်ဆက်ကစားခဲ့ပေမယ့် သူနဲ့ကျွန်တော်တို့ နားလည်မှုစာချုပ်လက်မှတ်ထိုးခဲ့ကြတယ်။ သူ့ကိုခေါ်ဖို့ စာချုပ်ပါသဘောတူညီမှုအတိုင်း ကျွန်တော်တို့မလုပ်ခဲ့ရင် လျော်ကြေး ပေါင် သန်း ၃၀ ပေးရမယ်။
သူ့ဘက်က ပျက်ကွက်ရင်လည်း ကျွန်တော်တို့ကို ပေါင် သန်း ၃၀ ပေးဖို့ပါပဲ ” လို့ ရီးရဲလ်ဥက္ကဌအဖြစ် ၂၀၀၆ ကနေ ၂၀၀၉ အထိ တာဝန်ယူသွားခဲ့တဲ့ စပိန်သားရှေ့နေကြီးက ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

Credit to source
#MUFF

ZAWGYI

ရီးရဲနဲ႔ လ်ိဳ႕ဝွက္ခ်က္ရွိခဲ့ေပမယ့္ ယူႏိုက္တတ္ကို ခ်စ္တဲ့ အေၾကာင္းကို ေျပာျပသြားတဲ့ ရီးရဲဥဣဌေဟာင္း

မန္ယူဂႏၴဝင္နည္းျပႀကီးဆာအဲလက္စ္ဖာဂူဆန္မသိေအာင္ စီေရာ္နယ္ဒိုနဲ႔ရီးရဲလ္ ကြက္ေက်ာ္႐ိုက္ခဲ့တယ္ဆိုတဲ့သတင္းေတြ မီဒီယာတစ္ခ်ိဳ႕ေပၚမွာေတြ႕ေနရပါတယ္။ တကယ္ေတာ့ ဒီလွ်ိဳ႕ဝွက္ခ်က္ကို ရီးရဲလ္ဥကၠဌေဟာင္းကယ္လ္ဒါ႐ြန္ဖြင့္ဟခဲ့တာၾကာခဲ့ပါၿပီ။

ဒီႏွစ္ ေဖေဖၚဝါရီလတုန္းက The Athletic နဲ႔အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဇာတ္လမ္းအစုံကေတာ့ ဒီလိုပါ။ ၂၀၀၉-၂၀၁၀ ရာသီမတိုင္ခင္ ေႏြေဈးကြက္မွာ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ ေပၚေပါက္လာခဲ့ဖူးပါတယ္။
ေပါင္ သန္း ၈၀ ဆိုတဲ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မန္ယူကေန ရီးရဲလ္ကို စီေရာ္နယ္ဒိုေရာက္ရွိသြားခဲ့တာပါ။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ ၂၀၀၈ ခုႏွစ္ကတည္းက ရီးရဲလ္နဲ႔သေဘာတူစာခ်ဳပ္ခ်ဳပ္ခဲ့ၾကတာလို႔ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို
ဥကၠဌေဟာင္းကယ္လ္ဒါ႐ြန္ကဖြင့္ဟခဲ့ပါတယ္။ အဲဒီတုန္းက မန္ယူနဲ႔ရီးရဲလ္ၾကားမွာ ျပႆနာတက္ခဲ့ၾကပါေသးတယ္။ သူတို႔ကစားသမားကို မက္ဒရစ္ကလပ္တရားမဝင္ခ်ဥ္းကပ္ပါတယ္ဆိုၿပီး မန္ယူက ဖီဖာကိုတိုင္ခဲ့တယ္။ ဖီဖာဥကၠဌဆပ္ဘလတၱာက စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ေတာ့တဲ့
ကစားသမားတစ္ေယာက္ကို တစ္ျခားအသင္းနဲ႔ေဆြးေႏြးခြင့္ျပဳသင့္တယ္လို႔ဆိုၿပီး မန္ယူရဲ႕အေရးဆိုမႈကိုလ်စ္လ်ဴရႈခဲ့တယ္။ စီေရာ္နယ္ဒိုကိုယ္တိုင္လည္း ဘလတၱာရဲ႕စကားကိုသေဘာတူခဲ့ေပမယ့္ မန္ယူမွာတစ္ႏွစ္ဆက္ကစားေပးခဲ့ပါတယ္။ ဒါက ၂၀၀၈-၀၉ ရာသီပါ။
စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕မန္ယူကစားသမားဘဝေနာက္ဆုံးရာသီမွာ အေကာင္းဆုံးေတာက္ပႏိုင္ခဲ့ပါတယ္။ ဂ်ပန္မွာက်င္းပတဲ့ ဖီဖာကလပ္ကမာၻ႔ဖလားရဖို႔ အႏိုင္ဂိုးကိုဖန္တီးေပးခဲ့တယ္။ ေငြေဘာလုံးဆုရခဲ့တယ္။ ၿပီးေတာ့ ေဂ်ာ့ဘတ္စ္ေနာက္ပိုင္း မန္ယူရဲ႕ပထမဆုံး

ေ႐ႊေဘာလုံးဆုရွင္ျဖစ္လာခဲ့တယ္။ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဆုရတဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမားျဖစ္လာခဲ့တယ္။ ေပၚတိုနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ကိုက္ ၄၀ အကြာသြင္းဂိုးနဲ႔ ဖီဖာပြတ္ရွ္ကပ္ဆုရခဲ့တယ္။ မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ၃ ရာသီဆက္ရယူၿပီး
သူ႔ရဲ႕သရဲနီကစားသမားဘဝကို ဆုဖလား ၉ လုံးနဲ႔အဆုံးသတ္ခဲ့တယ္။ ဒါေပမဲ့ အဲဒီႏွစ္မွာကတည္းက ေနာက္ရာသီမွာရီးရဲလ္ကိုေျပာင္းဖို႔ စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။ “ ၂၀၀၈ ခုႏွစ္ေႏွာင္းပိုင္းမွာ စီေရာ္နယ္ဒိုက ကြၽန္ေတာ့္ဆီဖုန္းဆက္ခဲ့တယ္။ ရီးရဲလ္ကို သူလာမယ္ဆိုတာေျပာတယ္။ သူရီးရဲကို ေျပာင္းျခင္ခဲ့ေပမယ့္ ယူႏိုက္တတ္အေပၚ ရွိတဲ့ သံေယာဇဥ္ေၾကာင့္ တစ္ႏွစ္ ဆက္ကစားေပးခဲ့ပါတယ္။

မန္ယူမွာ တစ္ႏွစ္ဆက္ကစားခဲ့ေပမယ့္ သူနဲ႔ကြၽန္ေတာ္တို႔ နားလည္မႈစာခ်ဳပ္လက္မွတ္ထိုးခဲ့ၾကတယ္။ သူ႔ကိုေခၚဖို႔ စာခ်ဳပ္ပါသေဘာတူညီမႈအတိုင္း ကြၽန္ေတာ္တို႔မလုပ္ခဲ့ရင္ ေလ်ာ္ေၾကး ေပါင္ သန္း ၃၀ ေပးရမယ္။
သူ႔ဘက္က ပ်က္ကြက္ရင္လည္း ကြၽန္ေတာ္တို႔ကို ေပါင္ သန္း ၃၀ ေပးဖို႔ပါပဲ ” လို႔ ရီးရဲလ္ဥကၠဌအျဖစ္ ၂၀၀၆ ကေန ၂၀၀၉ အထိ တာဝန္ယူသြားခဲ့တဲ့ စပိန္သားေရွ႕ေနႀကီးက ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။

Credit to source
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X