Sport

၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲကမန်ယူနိက်တတ်ရဲ့ကြောက်စရာသရဲနီ စိတ်ဓါတ်အကြောင်းကို ‌ဖွင့်ဟသွားတဲ့ ဒိုင်လူကြီး

UNICODE

၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲကမန်ယူနိက်တတ်ရဲ့ကြောက်စရာသရဲနီ စိတ်ဓါတ်အကြောင်းကို ‌ဖွင့်ဟသွားတဲ့ ဒိုင်လူကြီး

မန်ချက်စတာ ယူနိုက်တတ် လို့ ဆိုလိုက်လျင် ၎င်းတို့ရဲ့ အနိုင်မခံ အရှုံးမပေးတတ်ဘဲ နောက်ဆုံး မိနစ်ထိ တိုက်ပွဲ၀င်သံတေဟာ လူတိုင်း ရဲ့ အမြင်မှာ မန်ချက်စတာယူနိုက်တတ် နဲ့ အတူ ကိန်းအောင်းနေတာ လည်း ဖြစ်ပါတယ်။ပွဲစိမ်းမရာ မဟုတ်မခြင်း ပွဲမပြီး ဟု မပြောနဲ့ ဆိုသော စကား ပင်တွင်ရလောက်အောင် ယူနိုက်တတ် အသင်းဟာ တကယ့်ကို နောက်ဆုံးမိနစ်တေထိ တိုက်ပွဲ၀င်ခဲ့ကြတာပါ။အဆိုပါပွဲစဉ်တေထဲမှာ တော့ ၁၉၉၉ ခုနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲစဉ်ကတော့ လူတိုင်းရဲ့ ရင်မှာ လုံး၀ မေ့မရအောင် ဖြစ်တည်ထား‌ခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ နမည်ကျော် အီတလီဒိုင်လူကြီး ဖြစ်သူ ကိုလီနာကတော့ ၎င်းရဲ့ ဒိုင်လူကြီး ဘ၀ ရဲ့ အကြီးကျယ်ဆုံးသော ပွဲစဉ် အခိုက်အတန့်အဖြစ် ယူနိုက်တတ် အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ၁၉၉၉ ချန်ပီယံလိဂ်ပွဲစဉ်နောက်ဆုံး မိနစ် ကို ရွေးချယ် သွား ခဲ့ပါတယ်။”ဒါလုံး၀ နောက်ဆုံး နှစ်မိနစ် ဆိုတဲ့ အချိန်လေးပါ၊ကျနော် ဘိုင်ယန်မြူးနစ် ကစားသမားတေ ကွင်းဘေးက တန်းလျားတေမှာ ချန်ပီယံဆုအတွက် အောင် ပွဲခံဖို့ ပြင်ဆင်နေကြတာ ကို မြင်ခဲ့ရပါတယ်။သူတို့ ပရိတ်သတ်တေကလည်း ကွင်းအတွင်းမှာ ပျော်ရွှင်မြုးထူးနေကြပါပီ၊သူတို့ အသင်းအတွက် ချန်ပီယံလိဂ် ဆုဖလား အတုလေးတေ နဲ့ပေါ့၊အဲ့ အချိန်ရုတ်တရက် ခနလေးပါဘဲ၊ မန်ချက်စတာ ယူနိုက်တတ် က ၂ ဂိုး စလုံးကို ၂ မိနစ် အတွင်း မှာ သွင်း ပီးတော့ ပွဲကို ပြောင်းပြန်လှန် ပလိုက်ကြတယ်။မန်ချက်စတာယူနိုက်တတ် ဘက်ခြမ်းကကြယ်လောင်တဲ့ ဆူငြံသံတေနဲ့ ခြေသေ့်တစ်ကောင်လို ဟိန်းဟောက်သံတေကျနော် ဘယ်တော့ မှာ မေ့မှာ မဟုတ်ပါဖူး၊ဒါပေမယ့် မြူးနစ်ဘက်ခြမ်းကတော့ လုံး၀ကို တိတ်ဆိတ် သွားခဲ့ပါတယ်။မန်ယူနိုက်တတ် ကစားသမားတေ ကတော့ သူတို့ ဒုတိယဂိုးကို သွေးရူးသွေးတမ်းကို အောင် ပွဲခံခဲ့ကြတယ်အဲ့တစ်ချိန်ကျနော် မြင်လိုက်တာကတော့ ဘိုင်ယန် ကစားသမားတေ အားလုံး မျှော်လင့်ချက်တေ အားလုံး ပျောက်ဆုံး နေတာ ရယ် ကွင်း ပြင်မှာ လုံး၀ ထမနိုင်တော့ အောင် မှောက်ကျနေတဲ့ သူတေကိုပေါ့ ကျနော်သူတို့ ကို ပြောဖို့ အတွက် စကားလုံး လုံး၀ ရှာမတွေ့ခဲ့ပါဖူး

” ထပြီး တိုက်ပွဲ၀င်ကြပါဦး၊မင်းတို့ မှာ စက္ကန့် ၂၀ ကျော်ရှိပါသေးတယ်” ဆိုတဲ့ စကား ကလွဲပြီး ပေါ့။ အဲ့ အခိုက်အတန့်က ကျနော့်ကို စစ်မှန်တဲ့ ဘောလုံးအပေါ် ထားရှိတဲ့ လူတေရဲ့ စိတ်နေစိတ်ထား၊အသက်စွမ်းအင်တေ၊ သေချင်းတရားတေ အားလုံးကို ဒီ ကွင်းကြီးတစ်ခုထဲမှာ တင် အပြည့်အ၀ ခံစားခွင့် ရခဲ့တာပါ၊လူတစ်ချို့ကတော့ သေလောက်အောင် ကို အောင်ပွဲခံနေကြတယ်၊ဒါပေမယ့် တစ်ဖက်ကတော့ သေသွားတဲ့ လူတေ လိုပါဘဲ” ဟု ‌ပြန်လည်ပြောပြသွားခဲ့တာ ဘဲဖြစ်ပါတယ်။

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X