Uncategorized

ဒါဘီနည်းပြဖြစ်ကတည်းက တစ်နေ့ကို ၁၂ နာရီအလုပ် ကြိုးစားနေတဲ့ ဝိန်းရွန်းနီ

UNICODE

ဒါဘီ နည်းပြဖြစ်ကတည်းက တစ်နေ့ကို ၁၂ နာရီအလုပ် ကြိုးစားနေတဲ့ ဝိန်းရွန်းနီ

မန်ယူဂန္ထဝင်ဟောင်းဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီ အသင်းရဲ့ ယာယီ နည်းပြ အဖြစ် ခန့်အပ်ထားခြင်း ခံခဲ့ရသူ လည်း ဖြစ်ပါတယ်။
ရွန်းနီဟာ လက်ရှိအချိန်မှာတော့ ဒါဘီအသင်းရဲ့အခြေအနေကို ပြောင်းလဲစေနိုင်ဖို့အတွက် တစ်နေ့ကို ၁၂ နာရီအလုပ်လုပ်နေပြီး တန်းဆင်းဇုန်နဲ့ ဝေးနိုင်သမျှ ဝေးရေးအတွက် ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။

ဒါဘီရဲ့ယာယီနည်းပြဖြစ်လာပြီးကတည်းက ရွန်နီဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ပါတယ်။ ဒီည စတုတ်နဲ့ကစားခဲ့ပြီး(ဝ-ဝ)နဲ့သရေကျခဲ့တဲ့ ပွဲအပါအဝင် သူ့အသင်းဟာ နောက်ဆုံး ၅ ပွဲဆက် မရှုံးခဲ့ပါဘူး။

 

အဲဒီလိုဖြစ်ဖို့အတွက် နောက်ကွယ်မှာ ရွန်နီ ဘယ်လောက်ကြိုးစားနေတယ်ဆိုတာကို အင်္ဂလန်က The Times သတင်းစာက အခုလိုဖော်ပြခဲ့တာ ဖြစ်ပါတယ်။
”ဒါဘီကောင်တီကို သူ့စိတ်ကြိုက်ကိုင်တွယ်ခွင့်ရပြီးကတည်းက ဝိန်းရွန်နီရဲ့နေ့စဉ်လုပ်ငန်းဆောင်တာဟာ သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့ပါတယ်။ နံနက်ခင်းအများစုမှာ သူဟာ ၆ နာရီဆိုတာနဲ့ ကားထဲရောက်နေပြီး အဲဒါက ဒါဘီအသင်းလေ့ကျင့်ရေးကွင်းမှာ ၇ နာရီခွဲအရောက် အဆင်သင့်ဖြစ်နိုင်ဖို့ပါ။ ပြီးတာနဲ့ လေ့ကျင့်ရေးအစီအစဉ်အသေးစိတ်ကအစ လူရွေးချယ်မှုနဲ့ ပြိုင်ဘက်တွေကိုလေ့လာဖို့အတွက် သူဟာ တစ်နေ့ကို ၁၂ နာရီလောက် အချိန်ပေးနေတာပါ” The Times သတင်းစာက ဖော်ပြခဲ့တာပါ။

”ရွန်နီဟာ ကစားသမားဘဝမှာ ကမ္ဘာ့ဘောလုံးလောရဲ့အအောင်မြင်ဆုံးနည်းပြတွေ ဖြစ်တဲ့ ဖာဂူဆန်၊ ဗန်ဂေါလ်၊ မော်ရင်ဟိုတို့ အတွက် ကစားပေးခဲ့တာကြောင့် သူတို့တွေဆီကနေ အတွေ့အကြုံကောင်းတွေကိုရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အလုပ်နဲ့ပတ်သက်ရင် အထူးသဖြင့် ဖာဂူဆန်ကို စံနမူနာထားလုပ်ဆောင်နေတဲ့ပုံပါပဲ”လို့ The Times က ဆက်လက်ဖော်ပြခဲ့ပါတယ်။

အခုဆိုရင် ရွန်နီဟာ ဒါဘီအသင်းရဲ့အမြဲတမ်းနည်းပြရာထူးအတွက် ဘွတ်ကီတွေရဲကြေးအလေးပေးမှုမှာ ရေပန်းစား လာခဲ့ပါပြီ။ လာမယ့်ပွဲတွေမှာသာ နိုင်ပွဲရရှိလာခဲ့မယ်ဆိုရင် သူဟာ ဒါဘီအမြဲတမ်းနည်းပြဖြစ်ဖို့ ပိုပြီးအခွင့်အရေးကောင်းလာမှာပါ။

ဒါဘီအသင်းကစားသမားတွေကလည်း ဝိန်းရွန်နီရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံတွေ ၊ နည်းစနစ်ပိုင်း ချမှတ်မှုတွေ ၊ လူစားလဲ မှန်ကန်မှုတွေကို သဘောကျနေပြီး အမြဲတမ်းနည်းပြရာထူးအတွက် ရွန်နီကို ထောက်ခံမှုပေးထားကြတယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။ ရွန်နီဟာ ဒါဘီအသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ထားပေမယ့် ကစားသမား ဘဝကနေ အနားယူထားခြင်း မရှိသေးပဲ ကစားသမားနည်းပြ ဘဝနဲ့ ဒါဘီအသင်းမှာ ဒီရာသီကို ဖြတ်သန်းနေသူပါ။

တကယ်လို့သာ ဒါဘီအသင်းက သူ့ကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်မယ် ဆိုရင် ဒီဘောလုံးရာသီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်သွားပါလိမ့်မယ်။

ဒါ့အပြင် ရွန်နီဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ထံက အားပေးမှုကိုလည်းရရှိထားပြီး ဆောက်ဂိတ်ကလည်း ရွန်နီအတွက် အချိန်မရွေး ကူညီပေးသွားမယ်လို့ ဆိုထားပါတယ်။

Credit

#MUFF

ZAWGYI

ဒါဘီ နည္းျပျဖစ္ကတည္းက တစ္ေန႔ကို ၁၂ နာရီအလုပ္ ႀကိဳးစားေနတဲ့ ဝိန္း႐ြန္းနီ

မန္ယူဂႏၴဝင္ေဟာင္းဝိန္း႐ြန္နီဟာ လက္ရွိအခ်ိန္မွာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီ အသင္းရဲ႕ ယာယီ နည္းျပ အျဖစ္ ခန္႔အပ္ထားျခင္း ခံခဲ့ရသူ လည္း ျဖစ္ပါတယ္။
႐ြန္းနီဟာ လက္ရွိအခ်ိန္မွာေတာ့ ဒါဘီအသင္းရဲ႕အေျခအေနကို ေျပာင္းလဲေစႏိုင္ဖို႔အတြက္ တစ္ေန႔ကို ၁၂ နာရီအလုပ္လုပ္ေနၿပီး တန္းဆင္းဇုန္နဲ႔ ေဝးႏိုင္သမွ် ေဝးေရးအတြက္ ႀကိဳးပမ္း လုပ္ေဆာင္ေနတယ္လို႔ ၾကားသိရပါတယ္။

ဒါဘီရဲ႕ယာယီနည္းျပျဖစ္လာၿပီးကတည္းက ႐ြန္နီဟာ အသင္းကို လမ္းေၾကာင္းမွန္ေပၚျပန္လည္တည့္မတ္ေပးႏိုင္ခဲ့ပါတယ္။ ဒီည စတုတ္နဲ႔ကစားခဲ့ၿပီး(ဝ-ဝ)နဲ႔သေရက်ခဲ့တဲ့ ပြဲအပါအဝင္ သူ႔အသင္းဟာ ေနာက္ဆုံး ၅ ပြဲဆက္ မရႈံးခဲ့ပါဘူး။

အဲဒီလိုျဖစ္ဖို႔အတြက္ ေနာက္ကြယ္မွာ ႐ြန္နီ ဘယ္ေလာက္ႀကိဳးစားေနတယ္ဆိုတာကို အဂၤလန္က The Times သတင္းစာက အခုလိုေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
”ဒါဘီေကာင္တီကို သူ႔စိတ္ႀကိဳက္ကိုင္တြယ္ခြင့္ရၿပီးကတည္းက ဝိန္း႐ြန္နီရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာဟာ သိသာထင္ရွားစြာ ေျပာင္းလဲသြားခဲ့ပါတယ္။ နံနက္ခင္းအမ်ားစုမွာ သူဟာ ၆ နာရီဆိုတာနဲ႔ ကားထဲေရာက္ေနၿပီး အဲဒါက ဒါဘီအသင္းေလ့က်င့္ေရးကြင္းမွာ ၇ နာရီခြဲအေရာက္ အဆင္သင့္ျဖစ္ႏိုင္ဖို႔ပါ။ ၿပီးတာနဲ႔ ေလ့က်င့္ေရးအစီအစဥ္အေသးစိတ္ကအစ လူေ႐ြးခ်ယ္မႈနဲ႔ ၿပိဳင္ဘက္ေတြကိုေလ့လာဖို႔အတြက္ သူဟာ တစ္ေန႔ကို ၁၂ နာရီေလာက္ အခ်ိန္ေပးေနတာပါ” The Times သတင္းစာက ေဖာ္ျပခဲ့တာပါ။

”႐ြန္နီဟာ ကစားသမားဘဝမွာ ကမာၻ႔ေဘာလုံးေလာရဲ႕အေအာင္ျမင္ဆုံးနည္းျပေတြ ျဖစ္တဲ့ ဖာဂူဆန္၊ ဗန္ေဂါလ္၊ ေမာ္ရင္ဟိုတို႔ အတြက္ ကစားေပးခဲ့တာေၾကာင့္ သူတို႔ေတြဆီကေန အေတြ႕အႀကဳံေကာင္းေတြကိုရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ အလုပ္နဲ႔ပတ္သက္ရင္ အထူးသျဖင့္ ဖာဂူဆန္ကို စံနမူနာထားလုပ္ေဆာင္ေနတဲ့ပုံပါပဲ”လို႔ The Times က ဆက္လက္ေဖာ္ျပခဲ့ပါတယ္။

အခုဆိုရင္ ႐ြန္နီဟာ ဒါဘီအသင္းရဲ႕အၿမဲတမ္းနည္းျပရာထူးအတြက္ ဘြတ္ကီေတြရဲေၾကးအေလးေပးမႈမွာ ေရပန္းစား လာခဲ့ပါၿပီ။ လာမယ့္ပြဲေတြမွာသာ ႏိုင္ပြဲရရွိလာခဲ့မယ္ဆိုရင္ သူဟာ ဒါဘီအၿမဲတမ္းနည္းျပျဖစ္ဖို႔ ပိုၿပီးအခြင့္အေရးေကာင္းလာမွာပါ။

ဒါဘီအသင္းကစားသမားေတြကလည္း ဝိန္း႐ြန္နီရဲ႕ ပြဲအေပၚ ခ်ဥ္းကပ္ပုံေတြ ၊ နည္းစနစ္ပိုင္း ခ်မွတ္မႈေတြ ၊ လူစားလဲ မွန္ကန္မႈေတြကို သေဘာက်ေနၿပီး အၿမဲတမ္းနည္းျပရာထူးအတြက္ ႐ြန္နီကို ေထာက္ခံမႈေပးထားၾကတယ္လို႔လည္း သတင္းထြက္ေပၚလာပါတယ္။ ႐ြန္နီဟာ ဒါဘီအသင္းရဲ႕ ယာယီနည္းျပ အျဖစ္ တာဝန္ယူ ထားေပမယ့္ ကစားသမား ဘဝကေန အနားယူထားျခင္း မရွိေသးပဲ ကစားသမားနည္းျပ ဘဝနဲ႔ ဒါဘီအသင္းမွာ ဒီရာသီကို ျဖတ္သန္းေနသူပါ။

တကယ္လို႔သာ ဒါဘီအသင္းက သူ႔ကို အၿမဲတမ္း နည္းျပအျဖစ္ ခန႔္အပ္မယ္ ဆိုရင္ ဒီေဘာလုံးရာသီဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးရာသီျဖစ္သြားပါလိမ့္မယ္။

ဒါ့အျပင္ ႐ြန္နီဟာ အဂၤလန္လက္ေ႐ြးစင္အသင္းနည္းျပေဆာက္ဂိတ္ထံက အားေပးမႈကိုလည္းရရွိထားၿပီး ေဆာက္ဂိတ္ကလည္း ႐ြန္နီအတြက္ အခ်ိန္မေ႐ြး ကူညီေပးသြားမယ္လို႔ ဆိုထားပါတယ္။

Credit
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X