Sport

ဒီရာသီ ပရီးမီးယားလိဂ်ဖလား အရယူဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားတဲ့ ဒီဂီယာ

UNICODE

ဒီရာသီ ပရီးမီးယားလိဂ်ဖလား အရယူဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားတဲ့ ဒီဂီယာ

ယူနိုက်တတ် အသင်းဟာ ဒီရာသီ မှာ ရာသီအစပိုင်းက ပုံမှန်ခြေစွမ်းအောင် ရောက်ရှိနေခဲ့ ပေမယ့် ယခု အချိန်မှာတော့ ပုံမှန် ခြေ စွမ်းများ ပြန်လည် ရရှိလာပြီး ဇယား အဆင့် အထက်ပိုင်း ကို တတ်ရောက်လာနိုင်ခဲ့ပြီ ဘဲ ဖြစ်ပါတယ်။သို့ပေမယ့် ယူနိုက်တတ် အသင်းဟာ ချန်ပီယံလိဂ်ကနေ မထင်မှတ်ဘဲ ထွက်ခွဦခဲ့ရပြီး ဒီရာသီ အသင်းရဲ့ အဓိက ပြစ် မှတ်ဟာ လိဂ်ဖလားဆီကို ဦးတည်နေပြီလည်း ဖြစ်ပါတယ်။ယူနိုက်တတ် ရဲ့ ဂိုးသမား ဖြစ်သူ ဒီဂီယာ ဟာလည်း အမှား အနည်းငယ် ကျူး လွန် မှု တေကြောင့် အနည်းငယ် ပရိတ်သတ်များ ရဲ့ ငြိုငြင်မှု ကို ခံနေရပြီး


အသင်း၏ ဂန္တ၀င်ကစား သမား များ ရဲ့ ဝေဖန် မှု နေကို လည်း ဆက်တိုက်ဆို သလို ခံထားရသူ ဖြစ်ပါတယ်။ထို့ပြင် ၎င်း ဟာ ဒီရာသီ မှာ ဒါဏ်ရာ ပြဿနာ အနည်းငယ် ကို ရင် ဆိုင် နေရပြီး လက်စွမ်းကောင်းများ မပြသနိုင်သေးဘဲ ရုန်းကန်နေရပေမယ့် ၎င်းက ဒိရာသီတွင် အမှတ်ပေး ဖလား ရရှိအောင် စွမ်းဆောင် သွား မည့် အကြောင်း ကို အောက်ပါ အတိုင်း ဖွင့်ဟ သွားခဲ့ပါတယ်။ဒီဂီယာက “ဒီနှစ်ပရီးမီးယားလိဂ်က အသင်းတိုင်းအတွက်ဖြစ်နေပါတယ်။အသင်းအများစုက ဇယားထိပ်ချန်ပီယံနေရာအတွက် ကြိုးစားနေကြပါတယ် ဒါ့ကြောင့် ကျွန်တော်တို့လည်း ကြိုးစားရပါမယ်။ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့ရယူနိုင်မယ်လို့ ယုံကြည်ထားပြီး ဒီယုံကြည်ချက်အတိုင်းလုပ်သွားဖို့လိုပါတယ်။ဒိရာသီက အရမ်းကိုထူးဆန်းနေပါတယ် အသင်းအများစုကလည်း ထိပ်ဆုံးနေရာအတွက် ကြိုးစားနေကြပါတယ် ဒါ့ကြောင့် ပွဲတိုင်းကို ကျွန်တော်တို့ အာရုံစိုက်ဖို့ ပိုလိုအပ်နေပြီး ပရီးမီးယားလိဂ်ဖလားရရှိအောင်ကြိုးစားရပါမယ်။”ဟု ပြောဆို သွားခဲ့တာ လည်း ဖြစ်ပါတယ်

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X