Sport

ဗန်ဒီဘီ ယူနိုက်တတ်ကို ပြောင်းလာတာဟာ မှားရွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဆိုလိုက်တဲ့ ဗန်ဟား

UNICODE

ဗန်ဒီဘီ ယူနိုက်တတ်ကို ပြောင်းလာတာဟာ မှားရွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဆိုလိုက်တဲ့ ဗန်ဟား

ယူနိုက်တတ် ပရိတ်သတ်တေ အားလုံး အတွက် လူး၀စ်ဗန်ဟားဆိုတာ ရင်ထဲအသည်းထဲမှာ ဘယ်တော့မှ မေ့မရတဲ့ လူတစ်ယောက် ဆိုရင် လည်း မှားမယ် မထင်ပါဖူး။ပရိတ်သတ်ချစ်ပါတယ် ဆိုတဲ့ ကစားသမားတေ ကို ရောင်းထုတ်ခဲ့ပြီး ယူနိုက်တတ် ကနေ ထုတ်ပါယ်ခံရမှုကြောင့် ထွက်ခွာခဲ့ရ မှု အပေါ် အခုချိန် အထိ ဘုတ်အဖွဲ့ကို ကြေနပ်နိုင်ခြင်း မလျဉ်းမရှိသေးဘဲ အခဲမကျေသူတစ်ယောက် ဖြစ်မယ် ဆိုရင်လည်း မှားမယ် မထင်ပါဖူး။ယူနိုက်တတ် အသင်းနည်းပြ အဖြစ် ၂ နှစ်နီး ပါးသာ တာ၀န်‌ထမ်းဆောင်ပြီး နောက် မားကပ်ရက်ဖို့၊ လင်ဂါတ်တို့ လို လူငယ် ကစားသမားတေ ကို မြေတောင်မြှောက် ဆင်တင်ပေးခဲ့သူ လည်း ဖြစ်ပါတယ်။၎င်းသည် ယူနိုက်တတ် အသင်းတွင် အောင်မြင် မှု လုံလုံလောက်လောက်မရရှိမှု ကြောင့် ထုတ်ပါယ် ခံခဲ့ရပြီး ၎င်းနောက်ပိုင်း နည်းပြ အဖြစ် ဆက်လက် ထမ်းဆောင်ခြင်း မပြု ဘဲ အနား ယူသွားခဲ့တာ လည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ ၎င်းက ၎င်းရဲ့ တစ်နိုင်ငံတည်းသားဖြစ်သူ လူငယ်ကွင်းလယ်လူ ဗန်ဒီဘီ ယူနိုက်တတ် အသင်းအပေါ် ပြောင်း ရွှေ့ခဲ့ခြင်း က မှား ရွှင်းကြောင်း ကို ယခုကဲ့ သို့ ပြောဆို သွားခဲ့ပါတယ်။ဗန်ဟားက ” သူလိုကစားသမား မျိုး ပုံမှန်ပွဲထွက် ခွင့် ရမယ့် အချိန်တေ ကို ကျနော် စောင့် မျှော်နေမိပါတယ်။ဒါပေမယ့် ကျနော့် အမြင်မှာတော့ သူ လုံး၀ အသင်းရွေးတာ မှားယွင်းခဲ့တယ်လို့ ထင်ပါတယ်။အသင်းမှာ
ပေါလ်ပေါ့ဂ်ဘာနဲ့ဘရူနိုဖာနန်ဒက်စ်တို့လို ကစားသမားတေ ရှိနေပြီဆိုရင် ဒွန်နီ က ဘယ်နေရာမှာကစားရမှာလဲ သူယူနိုက်တတ်ကိုရောက်တော့ ကျနော် ဒီစကားကိုချက်ချင်းကျနော်ပြောခဲ့ပါတယ်။ သူ့မှာ ပေါ့ဂ်ဘာနဲ့ဘရူနိုတို့မှာလို အရည်အချင်းတွေမရှိဘူး။ အခုဆိုရင် ပေါ့ဂ်ဘာလည်းမကြာခဏဆိုသလိုပွဲထွက်လူစာရင်းမှာမပါတော့တာကိုမြင်နေရပြီ။ ဒါဖြင့် ဒွန်နီကဘယ်နေရာမှာကစားမှာလဲ?””ဒီကိစ္စတွေကို ခင်ဗျား အစောကတည်းကကြိုမြင်ထားပြီးသားလို့ကျနော်ထင်တယ်။ သူ့ကို အခုထက်ပိုပြီးမျှမျှတတဆက်ဆံနိုင်တဲ့ ထိပ်တန်းအသင်းတွေအများကြီးရှိပါတယ်။ဒါ‌ပေမယ့် သူရွေးချယ်မှု မှား ရွင်းခဲ့ပါတယ်။ဒွန်နီဟာ အရည်အချင်းတွေအများကြီးရှိတဲ့ချာတိတ်တစ်ယောက်ပါ” ဟု ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Credit
#MUFF

ZAWGYI




Credit
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X