Sport

ပရိတ်သတ်တေရဲ့ အချစ်ကို ပြန်ယူသွားနိုင်ခဲ့တဲ့မန်စီးတီးနဲ့ ပွဲအပြီး ပေါလ်ပေါ့ဘာရဲ့ စကားတစ်ခွန်း

UNICODE

ပရိတ်သတ်တေရဲ့ အချစ်ကို ပြန်ယူသွားနိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ပွဲအပြီး ပေါလ်ပေါ့ဘာရဲ့ စကားတစ်ခွန်း

ယူနိုက်တတ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါလ်ပေါ့ဘာဟာအသင်းပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတေကြောင့်အတော်လေး ဖိအားဒါဏ်ကို ခံစားနေရပြီး ရုန်းကန် နေရတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ၎င်းဟာ လိုက်ပဇစ်နဲ့ ပွဲမတိုင်လည်း ၎င်းအေးဂျင့်ဖြစ်သူ ရဲ့ ပေါလ်ပေါ့ဘာရဲ့ အနာဂါတ်က ယူနိုက်တတ် မှာ မရှိတော့ပါဖူး ဆိုတဲ့ စကားလုံးကြောင့် ပေါလ်ပေါ့ဘာရဲ့ အပြောင်းအရွှေ့ ဟာ အတော်လေးလှုပ်ခတ်သွားခဲ့ပြီးကစားသမား အနေနဲ့ လာမယ့် ဇန်နဝါရီ၊သို့ မဟုတ် နွေရာသီ အပြောင်း အရွှေ့မှာ အရောင်းခံရနိုင်သည် ဟုသော ခန့်မှန်း ချက်များလည်း အပြိုင် အဆိုင်ထွက်ပေါ်လာခဲ့ပါသေးတယ်။သို့သော် ယူနိုက်တတ်အသင်းနည်းပြ ဖြစ်သူဆိုလ်းရှားနှင့် ပေါလ်ပေါ့ဘာတို့အကြား တစ်နာရီ ကြာအောင် ဆွေးနွေး မှု တေ ပြုလုပ်သည် ဟုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း မနေ့ည က မန်ချက်စတာ စီးတီး အသင်း နှင့် ယှဉ်ပြိုင် ကစားသောပွဲစဉ် မှာ တော့ ပေါလ်ပေါ့ဘာဟာ ပုံမှန် ပွဲထွက်ခွင့်တစ်နေရာကိုပြန်လည် ရရှိခဲ့ပြီး ပွဲအပြီး အင်စတာဂရမ်ပေါ် က ၎င်း၏ စာကြောင့် လည်း ပရိတ်သတ်များ ရဲ့ အမြင်ကို ‌အနည်းငယ် ပြောင်းလည်း စေခဲ့ပါတယ်။ပေါလ်ပေါ့ဘာက”ကျွန်တော်က မန်ချက်စတာ ယူနိုက်တတ်အသင်း အတွက် အမြဲတိုက်ပွဲဝင်ခဲ့ပါတယ်။ဒါအပြင် အသင်းဖော်တွေနဲ့ ပရိတ် သတ်တွေနဲ့အတူလည်း ကျနော် အမြဲတမ်း ယူနိုက်တတ် အတွက်တိုက်ပွဲဝင်သွားမှာပါ။ပြောနေကျတဲ့အရာတွေက အရေးမကြီးပါဘူး။လာမယ့်အနာဂတ် ဆို အဝေးတစ်နေရာဆီမှာ ရှိနေပါသေးတယ်။ကျွန်တော် ဒီနေ့မှာ ဘာတွေ အကောင်းဆုံးစွမ်းဆောင်နိုင်လဲဆိုတာအရေးကြီးပါတယ် ပြီးတော့ ကျွန်တော် ယနေ့ပွဲမှာ 1000% ယူနိုက်တတ် အတွက် ပါဝင်စီးမျောခဲ့ပါတယ်။ယူနိုက်တတ်နဲ့ ကျွန်တော်ကြားမှာ အမြဲတမ်းရှင်းရှင်းလင်းလင်းရှိခဲ့ပြီး ဘယ်သောအခါမှဒါတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး ခင်ဗျားတို့ အတွင်းထဲမှာဘာတွေ ဖြစ်ပျက်နေလဲဆိုတာ မသိခဲ့ရင် ဘာမှ မပြောနဲ့”ဟု ပြောဆိုသွားခဲ့တာ လည်း ဖြစ်ပါတယ်။ယူနိုက်တတ် အသင်းဟာ မနေ့ည က မန်ချက်စတာ စီးတီး အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရပီး ဂိုးမရှိသရေရလဒ်နှင့် ပြီး ဆုံး သွားကာ ပေါလ်ပေါ့ဘာကလည်ူ အထိုက်လျောက် ခြေစွမ်းကောင်းတစ်ချို့ ကို ပြသပေးနိုင်ခဲ့ပါတယ်။

 

#MUFF

ZAWGYI




#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X