Sport

ယူနိုက်တတ် နဲ့ မန်စီးတီးပွဲစဉ် အတွက် အနီးကပ်ဆုံးခန့်မှန်း လူစာရင်း

UNICODE

ယူနိုက်တတ် နဲ့ မန်စီးတီးပွဲစဉ် အတွက် အနီးကပ်ဆုံးခန့်မှန်း လူစာရင်း

ယူနိုက်တတ် အသင်းဟာ ယနေ့ည ၁၂ နာရီ တိတိ မှာ အိမ်ကွင်း အိုးထရက်ဖိုဒ် ကွင်းအတွင်းမှာတော့ ဧည့်သည် မန်စီးတီး အသင်းကို ဧည့်ခံ ရင်ဆိုင် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ယူနိုက်တတ် အသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပီး မန်စီးတီး အသင်းကလည်း နောက်ဆုံးပွဲစဉ် ၅ ပွဲမှာ ၁ ပွဲရှုံး ၁ ပွဲသရေ ရရှိထားပြီး ၃ ပွဲအနိုင်ရ ထားတာကို တွေ့ရပါတယ်။ယူနိုက်တတ် ရဲ့ နောက်ဆုံး အိမ်ကွင်း ၅ ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရရှိထားပြီး အိမ်ကွင်း ရလဒ်ဆိုးဝါးနေတာ ကြောင့် သတိကြီးကြီး ထားပြီး ယှဉ်ပြိုင် ကစားရမယ့် ဒါဘီ ပွဲစဉ် တစ်ပွဲလဲ ဖြစ်နေတာ ဖြစ်ပါတယ်။

ယနေ့ည မန်စီးတီးနဲ့ ပွဲမှာ ယူနိုက်တတ် အသင်းက ကာဗာနီ အနေနဲ့ ပါ၀င်နိုင်မှာ မဟုတ်ကြောင်းဆိုလ်းရှားက အတည်ပြုသွားခဲ့ပါတယ်။ထို့ကြောင့် အသင်းရဲ့ တိုက်စစ်မှာ မာရှယ်၊ရက်ဖို့၊ဂရင်းဝုဒ်တို့ သုံးဦးသာတွေ့ရပီး အီဂါလိုကလည်း အသင်းရဲ့ ဟော်တယ်ကို ရောက်ရှိလာတဲ့ စာရင်းမှာ မတွေ့ရကြောင်း သိရပါတယ်။ဒါကြောင့် ယူနိုက်တတ် အသင်းအနေနဲ့ တိုက်စစ်မှာ ကစားနေကြ ရက်ဖို့၊ မာရှယ်၊ဂရင်းဝုဒ် တို့ ၃ ဦး ပွဲထွက် ပါ၀င် လာနိုင်ပီး
ကွင်းလယ်တိုက်စစ် နေရာမှာတော ထုံးစံအတိုင်း ဘရူနိုဖာနန်ဒက်က ပါ၀င်လာနိုင်ဖွယ်ရှိပါတယ်။ထို့ပြင် ပြီးခဲ့တဲ့ ပွဲစဉ်က မပါဝင်နိုင်တဲ့ ကွင်းလယ်လူ ဖရက်လည်း ပြန်လယ်ပါ၀င်နိုင်လာပီး တော်မီနေး ဖရက် အတွဲ ကို ပြန်တွေ့ရနိုင်ကာ ပေါ့ဘာနဲ့ ဗန်ဒီဘီ ကတော့ အရန်စာရင်းမှာဘဲ ရှိလိမ့်မယ်လို့ ခန့်မှန်း ရရှိထားပါသည်။
နောက်ခံလူစာရင်း မှာ‌တော့ ဒါဏ်ရာက သက်သာလာတဲ့ လုခ်ရှော က တဲလက်စ်နေရာမှာ ပြန်လည် ပါ၀င် လာနိုင်ပီး မက်ဂွားယား၊လင်ဒီလောဒ့် အတွဲနှင့်အတူ ဘစ်စာကာ နဲ့ တွဲဖက် ကာ နောက်ခံ ၄ ယောက် အနေအထားနဲ့ ပါ၀င်လာမှာ ဖြစ်ပါတယ်။ဂိုးသမားနေရာမှာတော့ ဒီဂီယာသာ ပုံမှန် အတိုင်း ပွဲထွက်လာနိုင်တယ် လို့ ခန့်မှန်း ရရှိပါတယ်။


မန်ချက်စတာ ယူနိုက်တတ် ခန့်မှန်း လူစာရင်း

ဂိုး-ဒီဂီယာ

နောက်တန်း- ဘစ်စာကာ၊လင်ဒီလောဒ့်၊မက်ဂွားယား၊လုခ်ရှော

ကွင်းလယ်- တော်မီနေး၊ ဖရက်၊ ဖာနန်ဒက်

တိုက်စစ်- ဂရင်းဝုဒ်၊ရက်ဖို့ ၊မာရှယ်
#MUFF

 

ZAWGYI






ဂိုး-ဒီဂီယာ



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X