Sport

အားလုံးယုံကြည်စိတ်ချရတဲ့ယနေ့ညမန်ချက်စတာ ဒါဘီပွဲအတွက်မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

UNICODE

အားလုံးယုံကြည်စိတ်ချရတဲ့ ယူနိုက်တတ် ပွဲအတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

ယနေ့ည မန်ချက်စတာ ဒါဘီ ပွဲစဉ်ကတော့ ယနေ့ည ၁၂ နာရီ တိတိ မှာ အိုးထရက်ဖိုဒ်ကွင်းအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ ပရိတ်သတ်တေကတော့ ရင်ခုန်စိတ်လှုပ်းရှားနေမယ်လို့ ထင်မိပါတယ်။ အဆိုပါ ပွဲစဉ်ဟာ ယူနိုက်တတ် အတွက် အိမ်ကွင်း ၆ ပွဲမြောက် ပွဲစဉ်ဖြစ်ပီး အိမ်ကွင်း ရလဒ်ကောင်းတေ မရသေးတဲ့ ယူနိုက်တတ် အတွက် ဖိအားတေ‌ကို အကောင်းဆုံး ချေဖျက်နိုင်မယ့် အခွင့်‌အရေး ဖြစ်သလို တစ်ဖက်က မန်စီးတီး အသင်းကလည်း ခေသူ မဟုတ်တာကြောင့် တကယ်ကို စောင့်ကြည့် ရမယ့် ပွဲတစ်ပွဲဘဲ ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်နှင့် ပါတ်သတ်ပြီး ယူနိုက်တတ်ကစားသမားဟောင်းဖြစ်သူ မိုက်ကယ် အို၀င်ကတော့ ယခုလို ခန့် မှန်းချက် ထုတ်ပြန်သွားခဲ့ပီ ဘဲ ဖြစ်ပါတယ်။

အို၀င်က” မန်ယူနိုက်တက်ဟာ ဒီရာသီ အတော့်ကို ခြေမငြိမ်ပါဘူး။ ဒါ့ကြောင့် ၎င်းတို့ဆီက ဘာတွေ မျှော်လင့်လို့ ရသလဲဆိုတာ မသိနိုင်ပါဘူး။ မန်စီးတီး ကတော့ ရာသီအစမှာ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အများကြီး တည်ငြိမ်နေပါပြီ။ မန်စီးတီးဟာ အိုးထရပ်ဖို့ဒ်မှာ ဘောလုံး ပိုင်ဆိုင်မှု များစွာ အသားရနေမှာ ဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ ဒါဟာ ယူနိုက်တက်နဲ့ အံကိုက် ဖြစ်နေတာပါပဲ။အိုလီဂန်နာဆိုးရှား ရဲ့ အသင်းဟာ တန်ပြန်တိုက်စစ် ကစားပုံနဲ့ အထူးကို အံကိုက်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ယူနိုက်တက်ထက် အများကြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်ကတော့ မန်ချက်စတာရဲ့ အပြာဘက်ခြမ်း ကပဲ အနိုင်ရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ခန့်မှန်း သွားခဲ့တာ ဘဲ ဖြစ်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်

ယူနိုက်တတ် ၁-၂ မန်စီးတီး

CRD

#MUFF

ZAWGYI







CRD

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X