Sport
ယူနိုက်တတ်နဲ့ မန်စီးတီး ပွဲစဉ်မတိုင်ခင် မဖြစ်မနေသိထားသင့်သော ထူးခြားသည့် အချက်အလက်တစ်ချို့
UNICODE
ယူနိုက်တတ်နဲ့ မန်စီးတီး ပွဲစဉ်မတိုင်ခင် မဖြစ်မနေသိထားသင့်သော ထူးခြားသည့် အချက်အလက်တစ်ချို့
ဒီတစ်ပါတ်မှာတော့ ကျနော်တို့ ရဲ့ မန်ချက်စတာယူနိုက်တတ် အသင်းဟာ အကောင်းဆုံးစိန်ခေါ်မှု ပွဲစဉ် အဖြစ်နဲ့ မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်းအိုး ထရက်ဖိုဒ်မှာ လာမယ့် မနက်ဖန်ည ၁၂ နာရီ တိတိ မှာ ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါတယ်။
ဆိုလ်းရှားရဲ့ ယူနိုက်တတ်ဟာ ပီးခဲ့တဲ့ လိုက်ပဇစ်နဲ့ ပွဲရှုံးပွဲကြောင့် ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပီး ယူရိုပါလိဂ်ကို ဆင်းကစားကတော့ မှာ ဖြစ်တာ ကြောင့် ဖိအား အနည်းငယ် ကျရောက်နေတာလည်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ယနေ့ည ပွဲစဉ်နှင့် ပါတ်သတ်ပြီး ထူးခြားသည့် သိထားသင့်သည့် အချက် များကို ဖေါ်ပြပေးလိုက်ပါတယ်။
ယူနိုက်တတ်အသင်းနှင့် မန်စီးတီးအသင်းနောက် ဆုံး ၅ ကြိမ်တွေ့ဆုံမှုတွင် မန်စီးတီးအသင်းက ၂ ခါ အနိုင်ရရှိကာ ယူနိုက်တတ် အသင်းက ၃ ခါတိတိ အနိုင် ရရှိထားပါတယ်။
ယူနိုက်တတ် အသင်းဟာ ယခုရာသီ အိမ်ကွင်းပွဲစဉ်များ တွင် ၁ ပွဲသာ အနိုင်ရရှိထားပီး ၁ ပွဲသရေရကာ ၃ ပွဲရှုံးနိမ့်ထားပီး မန်စီးတီးအသင်း၏ အဝေးကွင်း ခြေစွမ်းမှာလည်း ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ် ရရှိထားပါသည်။
ပရီးမီးယားလိဂ် နောက်ဆုံး ငါးကြိမ် တွေ့ဆုံမှု တွင် ယူနိုက်တတ် က (၃) ကြိမ် အနိုင်ရရှိထားပြီး မန်စီးတီးအသင်းက (၂) ကြိမ် တိတိ အနိုင်ရရှိထားပါတယ်။
ယူနိုက်တတ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ကြိမ် ဆက်တိုက် မှာ မန်စီးတီး အသင်းကို အနိုင်ရရှိထားခဲ့ပါတယ်။
ယနေ့ည ယူနိုက်တတ် နှင့် မန်စီးတီး အသင်းပွဲစဉ်ကို ကွင်းလယ် ဒိုင်လူကြီး အဖြစ် ခရစ်ကာဗာနာ က တာ၀န်ယူ ကိုင်တွယ်မည် ဖြစ်ပါတယ်။
မန်စီးတီးနှင့် ကစားမည့်ပွဲစဥ်အတွက် ဟိုတယ်သို့ရောက် ရှိလာသည့် ယူနိုက်တက်လူစာရင်း
ဂိုး- ဒီဂီယာ၊ ဒန်ဟန်ဒါဆန်၊
နောက်တန်း -ဝစ်ဘစ်ဆာကာ၊ လုရှော့၊ တဲလက်စ် အဲရစ်ဘာယီ၊မက်ဂွိုင်ယား၊ လင်ဒီလော့ဒ်၊
ကွင်းလယ် – ဖရတ်၊ ဖာနန်ဒက်၊ မာတာ၊ ဗန်ဒီဘီ၊ တိုမီနေး၊ မာတစ်၊ပေါ့ဘာ၊ဒန်နီရယ်ဂျိမ်း။
တိုက်စစ် -ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဂရင်းဝုဒ်။
အီဂါလိုနှင့် ကာဗာနီ ပါ၀င်လာခြင်းမရှိဟုသိရ။။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X