Sport

သူတို့တုန်းက ယူနိုက်တတ်ဆိုတာ နိုင်နိုင်ရှုံးရှုံးခြေစွမ်းကောင်းတယ်လို့ ခုကစားသမားတေကို သတိပေးသွားတဲ့ ဘာဘာတောပ့်

UNICODE

သူတို့တုန်းက ယူနိုက်တတ်ဆိုတာ နိုင်နိုင်ရှုံးရှုံးခြေစွမ်းကောင်းတယ်လို့ ခုကစားသမားတေကို သတိပေးသွားတဲ့ ဘာဘာတောပ့်

ယူနိုက်တတ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ပြီး ယခု အခါမှာတော့ မန်ချက်စတာစီးတီး အသင်းနှင့် ပရီးမီးယားလိဂ်မှာ ဒါဘီ ပွဲစဉ် အဖြစ် လာမယ့် စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ယူနိုက်တတ်အသင်းဟာ ဒီရာသီမှာ အဝေးကွင်းရ လဒ်ကောင်းများ ရှိနေပေမယ့် အိမ်ကွင်းစွမ်းဆောင်ရည်ကတော့ အနည်းငယ် ကျဆင်းနေတာဘဲဖြစ်ပါတယ်။ယူနိုက်တတ်တို့ဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပီ ဖြစ်တာကြောင့် ဒီနေ့ပွဲဟာ သူတို့ အတွက် အရေးကြီးမယ့် ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်နှင့် ပါတ်သတ်ပြီး ကစားသမားဟောင်းဖြစ်သူ ဘာဘာတောပ့် က အောက်ပါအတိုင်းပြောပြ သွားခဲ့ပါတယ်။ဘာဘာတောပ့်က“ဆိုလ်းရှားက ဂွာဒီယိုလာနဲ့ ရင်ဆိုင်ရရင် ရလဒ်ကောင်းတဲ့ မှတ်တမ်းတေ ရှိထားတာကို သိထားပေမယ့် ဒီပွဲက ခက်ခဲမယ့် ပွဲတစ်ပွဲပါ။ပရီးမီးယား လိဂ်မှာ ယူနိုက်တတ်တို့ ခြေ‌စွမ်းမှန်လာပီး တစ်ဆ တစ်ဆ အဆင့်တေရှေ့ကို တိုးတတ်လာနေပါပီ။ဒါပေမယ့် ပီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးပွဲကို ပြန်ရုန်းထ ဖို့ဆိုရင်တော့ လာမယ့် စီးတီးနဲ့ ပွဲကို အနိုင်ကန်မှရပါမယ်။ကျနော့် အမှတ်တရ အဖြစ်ဆုံး ဒါဘီပွဲကို ပြပါဆို နောက်ဆုံးမိနစ်မှာ အို၀င် အနိုင်ဂိုးသွင်းယူသွားခဲ့တဲ့ပွဲပါ။အဲ့ဂိုးက တကယ်ကို အရေးပါတဲ့ ဂိုးပါ။အဲ့နိုင်ပွဲကလည်း အသင်းအတွက်တကယ်ကိုတန်ဖိုး ကြီးမားခဲ့ပါတယ်။

ကျနော်မှတ်မိသလောက်ဆို သွင်းဂိုးလည်းရရှိသွားရော တစ်ကွင်းလုံးကလူတေ စိတ်လွတ်ကိုယ်လွတ် ဖြစ်ကုန်ကြတာပါဘဲ။ဒါဘီဆိုတာ ဒီနေ့မှ မဟုတ်ပါဖူး၊အချိန်တိုင်းဘယ်အချိန် ကန်ကန် အရေးကြီးပါတယ်။တစ်ခါတလေ မှာတော့နိုင်မယ်၊ တခါတစ်လေတော့ရှုံးတာပေါ့၊ကျနော်တို့ အသင်းမှာ ကစားသမားကောင်းတေအရမ်းများတော့ နည်းနည်း အာရုံစိုက်တာနဲ့ အနိုင်ရမယ် ဆိုတာ ကျနော်တို့ သိပီးသားပါ။ဒါပေမယ့် အဲ့တစ်ချိန်က ယူနိုက်တတ် ဆိုတာ နိုင်နိုင်ရှုံးရှုံး ခြေစွမ်းမှာ အမြဲ ပိုကောင်းခဲ့တဲ့ အသင်းဖြစ်ခဲ့တာပါ။”ဟု ပြောပြ သွားခဲ့ပါတယ်။
#MUFF

ZAWGYI

သူတို႔တုန္းက ယူႏိုက္တတ္ဆိုတာ ႏိုင္ႏိုင္ရႈံးရႈံးေျခစြမ္းေကာင္းတယ္လို႔ ခုကစားသမားေတကို သတိေပးသြားတဲ့ ဘာဘာေတာပ့္

ယူႏိုက္တတ္အသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ရႈံးပြဲႀကဳံေတြ႕ၿပီး ယခု အခါမွာေတာ့ မန္ခ်က္စတာစီးတီး အသင္းႏွင့္ ပရီးမီးယားလိဂ္မွာ ဒါဘီ ပြဲစဥ္ အျဖစ္ လာမယ့္ စေနေန႔ည ၁၂ နာရီမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ယူႏိုက္တတ္အသင္းဟာ ဒီရာသီမွာ အေဝးကြင္းရ လဒ္ေကာင္းမ်ား ရွိေနေပမယ့္ အိမ္ကြင္းစြမ္းေဆာင္ရည္ကေတာ့ အနည္းငယ္ က်ဆင္းေနတာဘဲျဖစ္ပါတယ္။ယူႏိုက္တတ္တို႔ဟာ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရပီ ျဖစ္တာေၾကာင့္ ဒီေန႔ပြဲဟာ သူတို႔ အတြက္ အေရးႀကီးမယ့္ ပြဲစဥ္တစ္ခုလည္း ျဖစ္ပါတယ္။အဆိုပါ ပြဲစဥ္ႏွင့္ ပါတ္သတ္ၿပီး ကစားသမားေဟာင္းျဖစ္သူ ဘာဘာေတာပ့္ က ေအာက္ပါအတိုင္းေျပာျပ သြားခဲ့ပါတယ္။ဘာဘာေတာပ့္က“ဆိုလ္းရွားက ဂြာဒီယိုလာနဲ႔ ရင္ဆိုင္ရရင္ ရလဒ္ေကာင္းတဲ့ မွတ္တမ္းေတ ရွိထားတာကို သိထားေပမယ့္ ဒီပြဲက ခက္ခဲမယ့္ ပြဲတစ္ပြဲပါ။ပရီးမီးယား လိဂ္မွာ ယူႏိုက္တတ္တို႔ ေျခ‌စြမ္းမွန္လာပီး တစ္ဆ တစ္ဆ အဆင့္ေတေရွ႕ကို တိုးတတ္လာေနပါပီ။ဒါေပမယ့္ ပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ရႈံးပြဲကို ျပန္႐ုန္းထ ဖို႔ဆိုရင္ေတာ့ လာမယ့္ စီးတီးနဲ႔ ပြဲကို အႏိုင္ကန္မွရပါမယ္။က်ေနာ့္ အမွတ္တရ အျဖစ္ဆုံး ဒါဘီပြဲကို ျပပါဆို ေနာက္ဆုံးမိနစ္မွာ အို၀င္ အႏိုင္ဂိုးသြင္းယူသြားခဲ့တဲ့ပြဲပါ။အဲ့ဂိုးက တကယ္ကို အေရးပါတဲ့ ဂိုးပါ။အဲ့ႏိုင္ပြဲကလည္း အသင္းအတြက္တကယ္ကိုတန္ဖိုး ႀကီးမားခဲ့ပါတယ္။

က်ေနာ္မွတ္မိသေလာက္ဆို သြင္းဂိုးလည္းရရွိသြားေရာ တစ္ကြင္းလုံးကလူေတ စိတ္လြတ္ကိုယ္လြတ္ ျဖစ္ကုန္ၾကတာပါဘဲ။ဒါဘီဆိုတာ ဒီေန႔မွ မဟုတ္ပါဖူး၊အခ်ိန္တိုင္းဘယ္အခ်ိန္ ကန္ကန္ အေရးႀကီးပါတယ္။တစ္ခါတေလ မွာေတာ့ႏိုင္မယ္၊ တခါတစ္ေလေတာ့ရႈံးတာေပါ့၊က်ေနာ္တို႔ အသင္းမွာ ကစားသမားေကာင္းေတအရမ္းမ်ားေတာ့ နည္းနည္း အာ႐ုံစိုက္တာနဲ႔ အႏိုင္ရမယ္ ဆိုတာ က်ေနာ္တို႔ သိပီးသားပါ။ဒါေပမယ့္ အဲ့တစ္ခ်ိန္က ယူႏိုက္တတ္ ဆိုတာ ႏိုင္ႏိုင္ရႈံးရႈံး ေျခစြမ္းမွာ အၿမဲ ပိုေကာင္းခဲ့တဲ့ အသင္းျဖစ္ခဲ့တာပါ။”ဟု ေျပာျပ သြားခဲ့ပါတယ္။
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X