Sport

သူပြန်မလာတော့ပါ (သို့) ဒီဂီယာကို အစားထိုးသင့်ပြီ

UNICODE

သူပြန်မလာတော့ပါ (သို့) ဒီဂီယာကို အစားထိုးသင့်ပြီ

အရင်မန်ယူဂိုးနည်းပြဟောင်းအဲရစ်စတီးပြောပြခဲ့ဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။အဲ့ဒါက”ကျနော်‌မှတ်မိတဲ့ ဖာဂူဆန် ယူနိုက်တတ်ပွဲလွဲချော်တာ နှစ်ပွဲရှိခဲ့တယ်ထင်တယ်၊ပထမပွဲက သူ့သား မင်္ဂလာဆောင် ကြောင့် မန်ချက်စတာ ဒါဘီကို လွဲတာ၊ဒုတိယက ဒီဂီယာကို သွားကြည့်ဖို့ စပိန်သွားခဲ့တုန်းကပေါ့” လို့ ပြောခဲ့ဖူးတယ်။စတီလ်းဟာ ယူနိုက်တတ်မှာ ဒီဂီယာကို ဂန္တ၀င် ဂိုးသမားဟောင်းကြီး ဗန်ဒါဆားရဲ့ နေရာမှာ အစာထိုးဖို့ ဖာဂီကို အကြံပေးခဲ့သူပါ။စတီးက” ကျနော် ဖာဂီကို ၁၉ နှစ်သား ဒီဂီယာရဲ့ ၃ မိနစ်စာ ဗီဒီယိုဖိုင်တစ်ခုကို ပြခဲ့တယ်၊ပီးတော့ဖာဂီနဲ့ အတူ ဗလန်စီယာနဲ့ အက်သလက်ရဲ့ ကစားပွဲကို သွားကြည့်ခဲ့တယ်။ဒါဟာ ဒီဂီယာ ယူနိုက်တတ်ကို ရောက်လာတဲ့ လုံလောက်တဲ့အကြောင်းဖြစ်ခဲ့ပါတယ်၊ဖာဂီရော်နယ်ဒိုထက် သူ့ကို ပိုဂရုစိုက်ခဲ့တယ်”ဟု ဆိုခဲ့တယ်။
ဪ ဒါလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကို ပြန် သတိရမိ‌နေ တာပါ။လူကောင်သေးသေး အမွှေးထူထူ ပိန်ပိန်းပါးပါးနဲ့ ဂိုးသမားတယောက်ကိုဖာဂီကိုယ်တိုင် ပွဲကို နည်းမပြဘဲ သွားရောက်ကြည့်ရှုခဲ့တဲ့ အထိ မျှော်လင့်ခံခဲ့ရတဲ့ ဂိုးသမားတယောက်။ ရောက်ရောက်ခြင်းမှာ အလွဲလွဲ အချော်ချော် နဲ့ ပေးဂိုးတေရှိခဲ့ရလို့ လှောင်ရီခံ ခဲ့ရတဲ့ ကျနော်တို့ ရဲ့ ဂိုးသမား၊ပိန်ပါးလှတဲ့ ခန္ဓာကိုယ်နဲ့ မြန်ဆန်လှတဲ့ ပရီးမီးယားလိဂ်မှာ ခက်ခဲခဲ့ရတဲ့ကျနော်တို့ရဲ့ ဂိုးသမား၊ ပြင်းထန်လှတဲ့ ဖိအားတေအောက်မှာ အကြိမ်ကြိမ်အခါခါ ရုန်းရင်းကန် ရင်းနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားတယောက်ဖြစ်လာခဲ့သူ တယောက်။ဘယ်သူမှ မရခဲ့တဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ၃နှစ်ဆက် ရရှိခဲ့တဲ့ သူ၊ ဒီဘက်ခေါတ်မှာ ဂိုးသမားတေရဲ့ နေ၀န်ချိန်ဟာ မလှပကြတော့ဖူး။လက်စွမ်းကျ‌နေချိန် ရရှိလာတဲ့ ဖိအားတေရဲ့ဒါဏ်ကို ခံနိုင်ဖို့အတော်လေးကို ခက်ခဲလာခဲ့ပါပီ၊ ကာစီးလက်ကစလို့၊ လီပါဗူးရဲ့ Keeper ဟောင်းကြီး ကာရီးရက်စ် ဆိုရင်လည်း ခုထိတောင် ခေါင်းပြန်မထူနိုင်‌တော့အောင် နွံထဲနစ်သွားရတယ်လေ၊ ပြိုင်ဘက် အသင်းသားတေ နည်းပြတေ ကပါ အကြိမ်ကြိမ် ချီးကျုးခံခဲ့ရတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းကြီးကလည်း အခြေနေမဟန်တော့သည်မှာ ကျနော်တို့မြင်တွေ့နေကပြီ။ သူ့ကိုချစ်တဲ့ စိတ်က ကျနော်တို့ အနီရောင်မန်ချက်စတာသားတေမှာ အမြဲကိန်းအောင်းနေကြတယ်၊ အမှားတေ ဘလောက်ဖြစ်နေပါစေ ကျနော်တို့ သူ့ဘက်ကရပ်တည်ခဲ့ကြတယ်၊အပြစ်မမြင်ခဲ့ကြဖူး၊ဒါပေမယ့် ဒီဂီယာအစစ်အမှန်ပျောက် ဆုံးနေတာကို ကျနော်တို့ သတိထားမိတာ ကြာလှပီ၊ ဒီဘက် ၃ နှစ်အတွင်းမှာ သူ့ ရဲ့အမှားတေက သိသိသာသာကို ထင်ရှားလာခဲ့ပြီး၊အထူးသဖြင့်ဒီ ၂ နှစ်ထဲမှာ‌ပေါ့၊ ဒီဂီယာ က ဒီဘက်ခေတ်ရဲ့ အကောင်းဆုံးသော ဂိုးသမားတေထဲကတယောက်ဖြစ်ပေမယ့် ပီးပြည့်စုံတဲ့ ဂိုးသမားတစ်ယောက်ဘယ်သောအခါမှ မဖြစ်ခဲ့ပါဖူး၊ ဒါဟာ အမှန်တရားပါ၊ဒီဂေးရဲ့ အဝေးဘောပေးပို့ မှုတေက ဘယ်တုန်းက မှ ထိပ်တန်းအဆင့်ကို မရောက်ခဲ့ဖူး၊တန်ပြန်တိုက်စစ် စတင်ချိန်တေ မှာ ဆိုးဆိုးရွားရွား ပေးပို့မှုတေပြုလုပ်တတ်တယ်။


ဒါပေမယ်လို့ သူ့ရဲ့ အားနည်းချက်တေကို သူ့ခေါတ်တစ်ခုဖြစ်ခဲ့ချိန်တုန်းကဘယ်သူမှ သတိမထားဂရုမစိုက် ကြပေမယ့်၊အခုတော့ အထင်းသား ပေါ်လာနေခဲ့တယ်၊ဒီဂေးဟာလည်းသူ့ကိုယ်ကိုယ် ပျောက်ဆုံးနေတယ် လို့ ကျနော် ခံစားမိနေတာကြာခဲ့ပြီ၊ဒီရာသီအစမှာ သူ့ကိုသူ အကောင်းဆုံးပြန်လည်ရှာ ဖွေလာတယ် လို့ခံစားခဲ့ရပေမယ့် အမှားအရွင်းတေ ထပ်ဖြစ်မှုတေနဲ့ အတူ ကျနော်တို့ချစ်တဲ့အရင်တချိန်က ဒီဂီယာ ဟာ ပျောက်ဆုံးသွားခဲ့ပြီ၊ စပိန်လက်ရွေးစင်အသင်းမှာ ပထမ ဂိုးသမားဖြစ်လာချိန်ကစပြီး မကြာခင်မှာဘဲ သူပျောက်ဆုံးသွားတယ်လို့ ကျနော် ခံစားနေမိခဲ့တယ်။သူ့ကိုသူ ရောင့်ရဲ တင်းတိမ်သွားသည်လားတော့ ကျနော်မသိ သူအမှားတေ များလာခဲ့တယ်၊အာရုံစူးစိုက်မှုတော့လျော့ကျလာတယ် ၊သို့ပေမယ့် ကျနော်တို့ က သူ့ကိုချစ်တဲ့ စိတ်က ပိုလွှမ်းမိုးနေခဲ့သည်လေ၊သူပြန်လာမှာပါလို့ ကျနော်တို့ မျှော်လင့်ခဲ့ပေမယ့် ကျနော်တို့ ရဲ့ ဒီဂေး အစစ်အမှန်ဟာ ပြန်မရောက်လာခဲ့သည်မှာကြိမ်းသေလှနေပြီ၊ကျနော်တို့ လက်ခံရတော့မယ်။ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ သူ့ကို စုတ်စုတ်ပြတ်ပြတ်လွင့်စင် သွားမှာ ကို မလိုလားအပ်ဖူး။ သူ့ကို ကျနော်တို့ အသင်းရဲ့ ဂန္ဓ၀င်တယောက်ဖြစ် စေခြင်ကြတယ်၊သူ‌ခြေတစ်စုံနဲ့ ကာကွယ်ပုံတေ ဘယ်လောက်လှကြောင်း၊ သူ့ ရဲ့ ပေါ့ပါးလှတဲ့ ခန္ဓာကိုယ်နဲ့ ပုတ်ထုတ်လိုက်ရင် ဘယ်လောက်မိုက်ကြောင်း ဝံ့ကြွားခြင်ကြသည်၊၊ ကျနော်တို့ သူ့ရဲ့ဇာတ်သိမ်းကို ဒီလို မလှမပ အဆုံးသတ်သွားမှာ ကို မလိုလားကြဖူး၊ ကျနော်တို့တင်မက ပြိုင်ဘက်အသင်းပရိတ်သတ်‌တေပါ လိုလားကြမှာမဟုတ်၊ကျနော်တို့ နည်းပြ‌အနေနဲ့လည်း သူ့အတွက် အချိန်ပေးစဉ်းစားပေး သင့်နေပြီ၊ သူ့ ရဲ့ ကစားသမားဘ၀အဆုံးသတ်ကို လှပစေခြင်တာ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာရှိနေတယ်ဆိုတာ ကြိမ်းသေလှပါတယ်၊သူ့ကို အရှုံးသမား မဖြစ်စေခြင်ကြဖူး ၊ခု‌တော့ သူ့ ရဲ့ နေ၀င်ချိန်လေးကိုလှပအောင် ဆုတောင်းပေးနေရုံ ကလွဲပြီးတခြားမရှိ ။ကျနော်တို့ မှာ ရွေးချယ်စရာ နှစ်ခုဘဲ ရှိမယ် ပွဲထွက်ခွင့် ဆက်တိုက်တေနဲ့ အိမ်မက်ဆိုးတေ ဖိအားတေအပြင်းအထန်နဲ့ သူ့ကိုသူ ယုံကြည့်ချက်လုံး၀ မရှိတော့မယ့် အထိ စိတ်ဓါတ်ပျက်စီးသွားမယ့် ဒီဂီယာကို လိုခြင်လား၊သို့မဟုတ်ရင်တော့ ပွဲထွက်ခွင့် အလှည့်ကျနဲ့ အတူ တစ်ချိန်က ဒီဂီယာကို ဖိအားတေက နေဖြေလျော့ပီး ပြန်ရှာဖွေမလားဆိုတာပါဘဲ၊ကျနော်တို့ က ပရော်ဖက်ရှင်နယ် လောက ကို လက်ခံရမှာမို့ ကျနော်တို့ ဘယ်လောက်ချစ်နေပါစေ အမှန်တရားက တကယ်ကျု လက်ခံသင့်နေပါတယ်။ဆိုတော့ဘလိုဘဲ အမှားတေဖြစ်နေပါစေ တစ်နေ့မှာတော့ ဒီဂေး အစစ်အမှန်ပြန်လာမယ် လို့ ယုံကြည်နေရင်းနဲ့ ဒီစာလေးကို ရေးပြီး ဆုတောင်းလိုက်ပါတယ်။

#muff

မည်သည့် မီဒီယာမှ ကူးယူဖေါ်ပြခြင်း မပြုရပါ

ZAWGYI

သူျပန္မလာေတာ့ပါ (သို႔) ဒီဂီယာကို အစားထိုးသင့္ၿပီ

 

အရင္မန္ယူဂိုးနည္းျပေဟာင္းအဲရစ္စတီးေျပာျပခဲ့ဖူးတဲစကားတစ္ခြန္းရွိပါတယ္။အဲ့ဒါက”က်ေနာ္‌မွတ္မိတဲ့ ဖာဂူဆန္ ယူႏိုက္တတ္ပြဲလြဲေခ်ာ္တာ ႏွစ္ပြဲရွိခဲ့တယ္ထင္တယ္၊ပထမပြဲက သူ႔သား မဂၤလာေဆာင္ ေၾကာင့္ မန္ခ်က္စတာ ဒါဘီကို လြဲတာ၊ဒုတိယက ဒီဂီယာကို သြားၾကည့္ဖို႔ စပိန္သြားခဲ့တုန္းကေပါ့” လို႔ ေျပာခဲ့ဖူးတယ္။စတီလ္းဟာ ယူႏိုက္တတ္မွာ ဒီဂီယာကို ဂႏၲ၀င္ ဂိုးသမားေဟာင္းႀကီး ဗန္ဒါဆားရဲ႕ ေနရာမွာ အစာထိုးဖို႔ ဖာဂီကို အႀကံေပးခဲ့သူပါ။စတီးက” က်ေနာ္ ဖာဂီကို ၁၉ ႏွစ္သား ဒီဂီယာရဲ႕ ၃ မိနစ္စာ ဗီဒီယိုဖိုင္တစ္ခုကို ျပခဲ့တယ္၊ပီးေတာ့ဖာဂီနဲ႔ အတူ ဗလန္စီယာနဲ႔ အက္သလက္ရဲ႕ ကစားပြဲကို သြားၾကည့္ခဲ့တယ္။ဒါဟာ ဒီဂီယာ ယူႏိုက္တတ္ကို ေရာက္လာတဲ့ လုံေလာက္တဲ့အေၾကာင္းျဖစ္ခဲ့ပါတယ္၊ဖာဂီေရာ္နယ္ဒိုထက္ သူ႔ကို ပိုဂ႐ုစိုက္ခဲ့တယ္”ဟု ဆိုခဲ့တယ္။


ဪ ဒါလြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေလာက္ကို ျပန္ သတိရမိ‌ေန တာပါ။လူေကာင္ေသးေသး အေမႊးထူထူ ပိန္ပိန္းပါးပါးနဲ႔ ဂိုးသမားတေယာက္ကိုဖာဂီကိုယ္တိုင္ ပြဲကို နည္းမျပဘဲ သြားေရာက္ၾကည့္ရႈခဲ့တဲ့ အထိ ေမွ်ာ္လင့္ခံခဲ့ရတဲ့ ဂိုးသမားတေယာက္။ ေရာက္ေရာက္ျခင္းမွာ အလြဲလြဲ အေခ်ာ္ေခ်ာ္ နဲ႔ ေပးဂိုးေတရွိခဲ့ရလို႔ ေလွာင္ရီခံ ခဲ့ရတဲ့ က်ေနာ္တို႔ ရဲ႕ ဂိုးသမား၊ပိန္ပါးလွတဲ့ ခႏၶာကိုယ္နဲ႔ ျမန္ဆန္လွတဲ့ ပရီးမီးယားလိဂ္မွာ ခက္ခဲခဲ့ရတဲ့က်ေနာ္တို႔ရဲ႕ ဂိုးသမား၊ ျပင္းထန္လွတဲ့ ဖိအားေတေအာက္မွာ အႀကိမ္ႀကိမ္အခါခါ ႐ုန္းရင္းကန္ ရင္းနဲ႔ အသင္းရဲ႕ အေကာင္းဆုံးကစားသမားတေယာက္ျဖစ္လာခဲ့သူ တေယာက္။ဘယ္သူမွ မရခဲ့တဲ့ အသင္းရဲ႕ အေကာင္းဆုံးကစားသမားဆုကို ၃ႏွစ္ဆက္ ရရွိခဲ့တဲ့ သူ၊ ဒီဘက္ေခါတ္မွာ ဂိုးသမားေတရဲ႕ ေန၀န္ခ်ိန္ဟာ မလွပၾကေတာ့ဖူး။လက္စြမ္းက်‌ေနခ်ိန္ ရရွိလာတဲ့ ဖိအားေတရဲ႕ဒါဏ္ကို ခံႏိုင္ဖို႔အေတာ္ေလးကို ခက္ခဲလာခဲ့ပါပီ၊ ကာစီးလက္ကစလို႔၊ လီပါဗူးရဲ႕ Keeper ေဟာင္းႀကီး ကာရီးရက္စ္ ဆိုရင္လည္း ခုထိေတာင္ ေခါင္းျပန္မထူႏိုင္‌ေတာ့ေအာင္ ႏြံထဲနစ္သြားရတယ္ေလ၊ ၿပိဳင္ဘက္ အသင္းသားေတ နည္းျပေတ ကပါ အႀကိမ္ႀကိမ္ ခ်ီးက်ဳးခံခဲ့ရတဲ့ က်ေနာ္တို႔ရဲ႕ သူရဲေကာင္းႀကီးကလည္း အေျခေနမဟန္ေတာ့သည္မွာ က်ေနာ္တို႔ျမင္ေတြ႕ေနကၿပီ။ သူ႔ကိုခ်စ္တဲ့ စိတ္က က်ေနာ္တို႔ အနီေရာင္မန္ခ်က္စတာသားေတမွာ အၿမဲကိန္းေအာင္းေနၾကတယ္၊ အမွားေတ ဘေလာက္ျဖစ္ေနပါေစ က်ေနာ္တို႔ သူ႔ဘက္ကရပ္တည္ခဲ့ၾကတယ္၊အျပစ္မျမင္ခဲ့ၾကဖူး၊ဒါေပမယ့္ ဒီဂီယာအစစ္အမွန္ေပ်ာက္ ဆုံးေနတာကို က်ေနာ္တို႔ သတိထားမိတာ ၾကာလွပီ၊ ဒီဘက္ ၃ ႏွစ္အတြင္းမွာ သူ႔ ရဲ႕အမွားေတက သိသိသာသာကို ထင္ရွားလာခဲ့ၿပီး၊အထူးသျဖင့္ဒီ ၂ ႏွစ္ထဲမွာ‌ေပါ့၊ ဒီဂီယာ က ဒီဘက္ေခတ္ရဲ႕ အေကာင္းဆုံးေသာ ဂိုးသမားေတထဲကတေယာက္ျဖစ္ေပမယ့္ ပီးျပည့္စုံတဲ့ ဂိုးသမားတစ္ေယာက္ဘယ္ေသာအခါမွ မျဖစ္ခဲ့ပါဖူး၊ ဒါဟာ အမွန္တရားပါ၊ဒီေဂးရဲ႕ အေဝးေဘာေပးပို႔ မႈေတက ဘယ္တုန္းက မွ ထိပ္တန္းအဆင့္ကို မေရာက္ခဲ့ဖူး၊တန္ျပန္တိုက္စစ္ စတင္ခ်ိန္ေတ မွာ ဆိုးဆိုး႐ြား႐ြား ေပးပို႔မႈေတျပဳလုပ္တတ္တယ္။


ဒါေပမယ္လို႔ သူ႔ရဲ႕ အားနည္းခ်က္ေတကို သူ႔ေခါတ္တစ္ခုျဖစ္ခဲ့ခ်ိန္တုန္းကဘယ္သူမွ သတိမထားဂ႐ုမစိုက္ ၾကေပမယ့္၊အခုေတာ့ အထင္းသား ေပၚလာေနခဲ့တယ္၊ဒီေဂးဟာလည္းသူ႔ကိုယ္ကိုယ္ ေပ်ာက္ဆုံးေနတယ္ လို႔ က်ေနာ္ ခံစားမိေနတာၾကာခဲ့ၿပီ၊ဒီရာသီအစမွာ သူ႔ကိုသူ အေကာင္းဆုံးျပန္လည္ရွာ ေဖြလာတယ္ လို႔ခံစားခဲ့ရေပမယ့္ အမွားအ႐ြင္းေတ ထပ္ျဖစ္မႈေတနဲ႔ အတူ က်ေနာ္တို႔ခ်စ္တဲ့အရင္တခ်ိန္က ဒီဂီယာ ဟာ ေပ်ာက္ဆုံးသြားခဲ့ၿပီ၊ စပိန္လက္ေ႐ြးစင္အသင္းမွာ ပထမ ဂိုးသမားျဖစ္လာခ်ိန္ကစၿပီး မၾကာခင္မွာဘဲ သူေပ်ာက္ဆုံးသြားတယ္လို႔ က်ေနာ္ ခံစားေနမိခဲ့တယ္။သူ႔ကိုသူ ေရာင့္ရဲ တင္းတိမ္သြားသည္လားေတာ့ က်ေနာ္မသိ သူအမွားေတ မ်ားလာခဲ့တယ္၊အာ႐ုံစူးစိုက္မႈေတာ့ေလ်ာ့က်လာတယ္ ၊သို႔ေပမယ့္ က်ေနာ္တို႔ က သူ႔ကိုခ်စ္တဲ့ စိတ္က ပိုလႊမ္းမိုးေနခဲ့သည္ေလ၊သူျပန္လာမွာပါလို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ က်ေနာ္တို႔ ရဲ႕ ဒီေဂး အစစ္အမွန္ဟာ ျပန္မေရာက္လာခဲ့သည္မွာႀကိမ္းေသလွေနၿပီ၊က်ေနာ္တို႔ လက္ခံရေတာ့မယ္။ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကမွာ သူ႔ကို စုတ္စုတ္ျပတ္ျပတ္လြင့္စင္ သြားမွာ ကို မလိုလားအပ္ဖူး။ သူ႔ကို က်ေနာ္တို႔ အသင္းရဲ႕ ဂႏၶ၀င္တေယာက္ျဖစ္ ေစျခင္ၾကတယ္၊သူ‌ေျခတစ္စုံနဲ႔ ကာကြယ္ပုံေတ ဘယ္ေလာက္လွေၾကာင္း၊ သူ႔ ရဲ႕ ေပါ့ပါးလွတဲ့ ခႏၶာကိုယ္နဲ႔ ပုတ္ထုတ္လိုက္ရင္ ဘယ္ေလာက္မိုက္ေၾကာင္း ဝံ့ႂကြားျခင္ၾကသည္၊၊ က်ေနာ္တို႔ သူ႔ရဲ႕ဇာတ္သိမ္းကို ဒီလို မလွမပ အဆုံးသတ္သြားမွာ ကို မလိုလားၾကဖူး၊ က်ေနာ္တို႔တင္မက ၿပိဳင္ဘက္အသင္းပရိတ္သတ္‌ေတပါ လိုလားၾကမွာမဟုတ္၊က်ေနာ္တို႔ နည္းျပ‌အေနနဲ႔လည္း သူ႔အတြက္ အခ်ိန္ေပးစဥ္းစားေပး သင့္ေနၿပီ၊ သူ႔ ရဲ႕ ကစားသမားဘ၀အဆုံးသတ္ကို လွပေစျခင္တာ က်ေနာ္တို႔ အားလုံးရဲ႕ ရင္ထဲမွာရွိေနတယ္ဆိုတာ ႀကိမ္းေသလွပါတယ္၊သူ႔ကို အရႈံးသမား မျဖစ္ေစျခင္ၾကဖူး ၊ခု‌ေတာ့ သူ႔ ရဲ႕ ေန၀င္ခ်ိန္ေလးကိုလွပေအာင္ ဆုေတာင္းေပးေန႐ုံ ကလြဲၿပီးတျခားမရွိ ။က်ေနာ္တို႔ မွာ ေ႐ြးခ်ယ္စရာ ႏွစ္ခုဘဲ ရွိမယ္ ပြဲထြက္ခြင့္ ဆက္တိုက္ေတနဲ႔ အိမ္မက္ဆိုးေတ ဖိအားေတအျပင္းအထန္နဲ႔ သူ႔ကိုသူ ယုံၾကည့္ခ်က္လုံး၀ မရွိေတာ့မယ့္ အထိ စိတ္ဓါတ္ပ်က္စီးသြားမယ့္ ဒီဂီယာကို လိုျခင္လား၊သို႔မဟုတ္ရင္ေတာ့ ပြဲထြက္ခြင့္ အလွည့္က်နဲ႔ အတူ တစ္ခ်ိန္က ဒီဂီယာကို ဖိအားေတက ေနေျဖေလ်ာ့ပီး ျပန္ရွာေဖြမလားဆိုတာပါဘဲ၊က်ေနာ္တို႔ က ပေရာ္ဖက္ရွင္နယ္ ေလာက ကို လက္ခံရမွာမို႔ က်ေနာ္တို႔ ဘယ္ေလာက္ခ်စ္ေနပါေစ အမွန္တရားက တကယ္က်ဳ လက္ခံသင့္ေနပါတယ္။ဆိုေတာ့ဘလိုဘဲ အမွားေတျဖစ္ေနပါေစ တစ္ေန႔မွာေတာ့ ဒီေဂး အစစ္အမွန္ျပန္လာမယ္ လို႔ ယုံၾကည္ေနရင္းနဲ႔ ဒီစာေလးကို ေရးၿပီး ဆုေတာင္းလိုက္ပါတယ္။

#muff

မည္သည့္ မီဒီယာမွ ကူးယူေဖၚျပျခင္း မျပဳရပါ

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X