Sport

ခုချိန်မှာယူရိုပါလိဂ်ဗိုလ်ဆွဲဖို့ ယူနိုက်တတ် က ရေပန်းအစားဆုံးပါဆိုတဲ့ မော်ရင်ဟို

UNICODE

ခုချိန်မှာ ယူရိုပါလိဂ်ဗိုလ်ဆွဲဖို့ ယူနိုက်တတ် က ရေပန်းအစားဆုံးပါဆိုတဲ့ မော်ရင်ဟို

မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ အားလုံးသိကြတဲ့ အတိုင်း တနေ့ရွှေ တနေ့ ငွေခြေစွမ်းတေနဲ့ အတူ ယခု အခါမှာလည်း ချန်ပီယံလိဂ်ရဲ့ အုပ်စုတတ်နိုင်ခြေ အကောင်းဆုံး အခြေ‌အနေကနေ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပီ၊ပီးခဲ့တဲ့ ည က လိုက်ပဇစ်အသင်းနှင့် ပွဲစဉ်မှာ ယူနိုက်တတ် အသင်းက အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းသက်ကစားရတော့မှာလည်း ဖြစ်ပါတယ်။

ယူနိုက်တတ်အသင်းဟာ အစ္စတန်ဘူအသင်းကို နှစ်ကျော့လုံးအနိုင်ရရှိခဲ့လျင် အုပ်စုတတ်နိုင်မှကြိမ်းသေခဲ့သော်လည်း အနိုင်မရခဲ့ခြင်း PSG နှင့် အိမ်ကွင်း ပွဲစဉ်တွင် မထင်မှတ်စရာ ဂိုးပေါက် လွဲချော်မှုတေကြောင့်၊အစရှိသော အကြောင်းကြောင်းများကြောင့် အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဘဲ ဖြစ်ပါတယ်။ထိုသို့ ယူနိုက်တတ် အသင်းက အုပ်စု အဆင့်က ထွက်ခွာကာ ယူရိုပါလိဂ်သို့ ရောက်လာခြင်းကို ယူနိုက်တတ်နည်းပြဟောင်း ယခု စပါးနည်းပြ ဖြစ်သူ မော်ရင်ဟိုက အောက်ပါအတိုင်း မှတ်ချက် ပြုသွားခဲ့ပါတယ်။

မော်ရင်ဟိုက “လောလောဆယ်ဆို မန်ချက်စတာယူနိုက်တတ်ကယူရိုပါလိဂ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်လာပါပီ။ချန်ပီယံလိဂ်နေ ယူရိုပါလိဂ်ကိုဆင်းလာတဲ့ အသင်းတေဟာ တကယ် အင်အားတောင့်တင်းတဲ့ အသင်းတေပါ။တကယ်ဆို သူတို့ အဆင့်အတန်းက ယူရိုပါလိဂ်နဲ့ မထိုက်တန်ပါဖူး။ယူနိုက်တတ်က တကယ်ကို ခက်ခဲတဲ့ အုပ်စုမှာ ပါ၀င်ခဲ့ရတာပါ။သူတို့က တကယ်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ ပီအက်စ်ဂျီ၊ ယူနိုက်တက် နဲ့ လိုက်ပ်ဇစ် တကယ်ကို သိပ်ခက်တဲ့အုပ်စုပါ။ သူတို့အတွက်လွယ်လွယ်ကန်လို့ရမှာမဟုတ်ဘူးဆိုတာ ကျနော်တို့သိခဲ့တယ်။ခုဆို အဲဒီအုပ်စုကထိပ်တန်းအသင်းတစ်သင်းကယူရိုပါလိဂ်ကိုရောက်လာတော့မယ်ဆိုတာ ကျနော်တို့အားလုံးသိပါတယ်” ဟုပြောဆိုသွားခဲ့ပါတယ်။

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X