Sport

လိုက်ပဇစ်ကို ခြေစွမ်းမရှုံးဖူးဆိုတာဘာကြောင့်လဲ

UNICODE

လိုက်ပဇစ်ကို ခြေစွမ်းမရှုံးဖူးဆိုတာ ဘာကြောင့်လဲ

အောင်မြင်မယ့် အသင်းတစ်သင်းဖြစ်ဖို့ဆိုတာ ကျရှုံးမှုတေ အများ အပြားလိုအပ်တယ်၊အထူးသဖြင့် လူငယ်တေနဲ့ တည်ဆောက်ထားတဲ့ ကျနော်တို့ ယူနိုက်တတ် အသင်းမှာ ပိုပြီးလို အပ်တယ်။ချန်ပီယံလိဂ်ကနေ ဒီရာသီ ထွက်ခွာလိုက်ကပါပီ၊ ဒီစာမတိုင်ခင် ကျနော့်ရဲ့ ပွဲပြီး သုံးသပ်ချက်မှာ ခြေစွမ်းမရှုံးဖူးလို့ ပြောခဲ့တယ်။ဒါကို လူအမျိုး မျိုး က အမြင် အမျိုးမျိုး ကွဲပြားကြပေမယ့် လို့ ကျနော် ကတော့ ခြေစွမ်းမရှုံးခဲ့ဖူး ပြောခဲ့တယ်။ဒါဘာကြောင့်ပြောလဲပြောရမယ်ဆိုရင်အခုယူနိုက်တတ်ကကျနော်တို့လွန်ခဲ့တဲ့နှစ်တေကမြင်ခဲ့ရတဲ့ယူနိုက်တတ်နဲ့မတူတော့ လို့ဘဲ၊ ရှုံးနိမ့်မှု မှာ လူတစ်ယောက်ခြင်းစီရဲ့ အမှားတေ ရှိတယ်။ဒါပေမယ့် သူတို့မှာ အရှုံးပေးခြင်စိတ် မရှိခဲ့ကြဖူး။ပေါက်ကွဲလိုက်ခြင်စိတ်တေ အောင်ပွဲခံလိုစိတ်တေ ကို မျက်နှာတေ က အထင်းသား‌မြင်နေရခဲ့တယ်၊ ပီးတော့ စာလောင်မှုတေဒီစိတ်တေ က တကယ်ကောင်းတဲ့ လက္ခဏာတေပါ။ပီးတော့ ဂိုး‌ပေါက်တေကိုအကြိမ်ကြိမ် ကြိုးစားကန်သွင်း နေတာတေ၊ထိရောက်တဲ့ တိုက်စစ်ဆင်မှုတေ၊ဒါတေ က တကယ်ကို ယူနိုက်တတ် မရှုံးခဲ့ဖူးဆိုတဲ့ အချက်တေဘဲ။ကစားသမားတစ်ချို့မပါနိုင်ခဲ့တာ ကလည်း တကယ်နစ်နာစရာပါ။ပြီးတော့
ကစားသမားတေရဲ့ခြေစွမ်းဆိုတာက သူ့မှာပါသလောက်ဘဲရှိမှာပါ၊ကစားသမားတေကို ဒီချိန်မှာ အပြစ်မတင်သင့်ပါဖူး။ဒါမို့လိုအပ်တဲ့ ဖြည့်တင်းမှုတေ၊အတွေ့အကြုံတေ တဖြည်းဖြည်း ပြည့်၀လာပီဆိုရင် ယူနိုက်တတ်ရဲ့ လိုအပ်ချက်တေနည်းလာမှာပါ၊ အချိန်လေးနည်းနည်းဘဲလိုနေသေးတာပါ၊ပြီးတော့ အထူးသဖြင့် နည်းပြဖြစ်သူ ဆိုလ်းရှား ဆိုလ်းရှားဟာ အတွေ့အကြုံနည်းတယ် နည်းစနစ်ပိုင်းဆိုင်ရာ ပါရမီရှင်မဟုတ်ဖူး ဆိုတာ လက်ခံရမယ်၊ ပီးတော့ ယူနိုက်တတ်ရဲ့ တိုက်စစ်ကို ဦးဆောင်သွားတာ လူငယ်တေပါ။ အတွေ့အကြုံ လုံလောက်မှုမရှိတဲ့ လူငယ်တေနဲ့ အတွေ့အကြုံလုံလောက်မှု မရှိသေးတဲ့ နည်းပြတစ်ယောက် အတွက်လိုအပ်နေတာ အချိန်နဲ့ အဆင့်အတန်းရှိတဲ့ ပြိုင်ပွဲတေ မှာ ခါးခါးသီးသီးရှုံးနိမ့်ခြင်းတေပါ။ပြီး‌တော့သူက ဒီအချိန်မှာ ယူနိုက်တတ် အတွက် အကောင်းဆုံးသော နည်းပြဆိုတာ လည်း လက်ခံရမှာဘဲ၊ ကျနော်တို့ အားလုံး ဟာ ကျနော်တို့ကိုယ် ကျနော်တို့ ယူနိုက်တတ်ကို ဘာကြောင့် အားပေးတာလည်း ပြန်မေးရလိမ့်မယ်၊ ဘာကြောင့် အားပေးတာလည်း ကျနော်ကတော့ ရှင်းတယ် တစ်ချိန်က ယူနိုက်တတ် ရဲ့ DNA ကို ကြိုက်နှစ်သက်လို့ဘဲ၊ အနိုင်မခံ အရှုံးမပေး ဆိုတဲ့ စိတ်ဓါတ်တေ ဖြစ်တည်လာဖို့ ဆိုတာ လွယ်တဲ့ အရာ မဟုတ်ဖူး၊ အောင်မြင်မှု ကို စာလောင်တဲ့ စိတ်ဓါတ်တေ ဖြစ်လာဖို့ ဆိုတာ မလွယ်ကူဖူး။တစ်ပွဲစပေါ်လာတဲ့ စိတ်ကို ပြောတာ မဟုတ်ဖူးး၊ အမြဲ ကိန်းအောင်းနေရမယ့် စိတ်ဓါတ်။ကျနော်တို့ ယူနိုက်တတ်မှာ ဒါတေက ပျောက်ဆုံးသွားခဲ့ပြီ ဒါဟာအတော်ကြာခဲ့ပီ၊ရှုံးနိမ့်ချိန်မှာ နောက်တစ်ခါ အရှုံးဆိုတာ မခံစားခြင်လောက်အောင်ခါးသီးသွားတဲ့ မျက်နှာတေ နဲ့ အရှုံးကို လက်ခံလိုက်တဲ့ မျက်နှာ ဆိုတာ တေက ကွာခြား လှပါတယ်။မျက်နှာဆိုတာ ထက် မျက်လုံးဆို ပိုမှန်လိမ့်မယ်။သာမန်ခံစားရတာထက်အိပ်မရလောက်အောင် ခံစားရမယ့် ခံစားချက်မျိုးတေအိပ်‌ပျော်ရင်တောင် အိပ်မက်ဆိုးတေ ဖြစ်နေမယ့် ခံစားချက်မျိုး ဖြစ်တည်သွားမယ်ဆိုတာ မ်းသေချာတယ်၊ညက ပွဲမှာ ဒါကို ပြန်မြင်လိုက်ရတယ်လို့ ခံစားရတယ်။အရင်ကထက်ကို ပိုပြင်းထန်တာ ကို ခံစားမိလို့ ရေးဖြစ်လိုက်တာပါ။နောက်တစ်ခါ ဒါမျိုး ရှုံးရင် ငါတို့ဒီလို ခံစားရမှာပါလားဆို တဲ့ ကြောက်စိတ်ကြီးပေါ့။ခါးသီးတဲ့ရှုံးနိမ့်မှုကို ခံစားဖူးသူတေ ဒီခံစားချက်ကို သိမှာပါ

ကစားသမားတိုင်းကို မဆိုလိုပေမယ့် ထက်၀က်လောက်မှာ ခံစားရတယ်။ဒါက ကောင်းတဲ့ အချက်ပါ။ဆိုတော့ ကျနော်တို့ အားလုံးက အရင်ကကျနော်တို့ ကြိုက်နှစ်သက်ခဲ့တဲ့ စိတ်ဓါတ်တေ ကိုယူနိုက်တတ်မှာ ပြန်မြင်ခြင်တယ်ဆို ဒီနည်းပြနဲ့ ဒီအသင်းကို အချိန် နည်းနည်းတော့ ထပ်ပေးရဦးမှာဘဲ၊ ရှုံးနိမ့်ခြင်းတေရဲ့ ခါးသီးမှုဒါဏ် တေ လူငယ် တေ အတွက် အတွေ့အကြုံ တေ ဒါတေဟာ ယူနိုက်တတ်မှာ လိုအပ်နေသေးတယ်။ ယူနိုက်တတ် ဆိုတဲ့ အသင်းဟာ ဘယ်သော အခါမှ ငွေနဲ့ တည်ဆောက် မှာ မဟုတ်သလို ကျနော်တို့ လိုချင်တဲ့ စိတ်ဓါတ်ကလည်းငွေနဲ့ ၀ယ်လို့မရနိုင်ဖူး။ ကျနော်တို့ ယူနိုက်တတ်ဟာ တစ်ယောက်ခြင်းစီရဲ့ စိတ်ပိုင်း ဆိုင်ရာ ပျက်ယွင်းမှု တေကြောင့် ပျက်စီးနေခဲ့တာ တော်တော်ကြာခဲ့ပါပီ၊ အမှန်အတိုင်းဆို ဒီပျက်စီးနေမှုတေကို ပြင်ဆင်ရမှာကအဓိက ပါ၊သို့ပေမယ့် ချက်ခြင်း အကုန်ရောင်း အကုန်၀ယ် အဲ့လို လုပ်လို့ မရဖူးလေ၊ဒါကို နားလည်ကမယ် ဖြေးဖြေးခြင်း တစ်ဆင့်ခြင်း ဖြေရှင်းချက်တေ ရှာရင် ပြဿနာတေ ကို ရှင်းရင်း နဲ့ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တေကို ဖြည့်စီးကြရမှာ။ကျနော့် အမြင် မမှားဖူးဆို ယူနိုက်တတ်ရဲ့ တောက်ပတဲ့ အချိန်တေလာဖို့ကို အလွန်ဆုံး 2 နှစ်ဘဲ စောင့်ကမှာပါ၊အဲ့ထက်လည်း စောနိုင်ပါသေးတယ်။လူတိုင်း က အမှားနဲ့ မကင်း ကြဖူး၊ အတွေ့အကြုံဆိုတာ က စကားအရမ်းပြောတယ်၊ အနိုင်ရလဒ်ကို ခံစားချင် တယ်ဆိုရင်ခါးသီးတဲ့ အရှုံးတေကို အရင်ဆုံး ခံစား ကြရမယ်၊ဒါမှ လည်းစစ်မှန်ပြီး ကြာရှည် ခံမယ့် အောင်မြင်မှုကို ပြန်ရမယ်။

ညက ပွဲမှာ ယူနိုက်တတ်တို့ ရှုံးနိမ်ခဲ့တာ လည်း ခြေစွမ်းက လုံး၀ ကြီး အောက်မှာ နေခဲ့ရတာ မဟုတ်ပါဖူး၊ သူတစ်ဖန်ကို တစ်ဖန် ထိုးစစ်တေအောက်မှာ ယူနိုက်တတ် က ကစားသမားတေရဲ့ လိုအပ်ချက်တေ ကြောင့် ရှုံးနိမ့်တာပါ၊ဘစ်စာကာ ဟာညက ပွဲမှာ အမှားတေ များခဲ့မယ် လို့ ဘသူ ထင်မှာလည်း နည်း အပြစ်လို့ဆိုလို့မရဖူး ဒါက အတွေ့အကြုံ ရဲ့ စကားပြောခြင်းကို ခံခဲ့ရတာပါ။ တခြားကစားသမားတေလည်းအမှားတေရှိခဲ့တယ် ဒါပေမယ့် မပြောတော့ပါဖူး အမှားတေထက် သူတို့ အားလုံး အတွက် ဒီ အခြေအနေက နောက်ထပ်ဖြစ်တည် လာမယ့် အရာရာ အတွက် အကောင်းဆုံး သင်ခန်းစာဖြစ်မယ် လို့ ထင်လို့ပါ၊ပီးတော့ နောက်ဆုံးကတော့ အဖေကျော်ပြီး ဘယ်ပထွေးမှ လွမ်းမနေကြပါနဲ့လို့ဘယ်နည်းပြ ဘယ်လောက်ကောင်းကောင်းယူနိုက်တတ်မှာ ခွေးဖြစ်ခဲ့တာ တေဘဲမို့ ဒီအခြေအနေကို ဆက်စောင့် ပေးတာကအကောင်းဆုံး ဖြစ်မှာပါ လို့ ပြောပီး နိဂုံးချုပ်ပါတယ်။ကျနော့် အမြင်သက်သက်ဖြစ်လို့ ခင်ဗျားတို အမြင်တေလည်း ဆွေးနွေးသွားနိုင်ပါတယ် ပိုပြီး အမြင်ကျယ် တာပေါ့ဗျာ၊အားလုံးကို ကျေးဇူးတင်ပါတယ်။

မည်သည့် မီဒီယာမှ ကူးယူဖေါ်ပြခြင်းမပြုပါရန်
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X