Uncategorized

ရလဒ်ရှုံးပေမယ့် ခြေစွမ်း မရှုံးတဲ့ လိုက်ပဇစ် ၃-၂ ယူနိုက်တတ် ပွဲအပြီးသုံးသပ်ချက်

UNICODE

ရလဒ်ရှုံးပေမယ့် ခြေစွမ်း မရှုံးတဲ့ လိုက်ပဇစ် ၃-၂ ယူနိုက်တတ် ပွဲအပြီးသုံးသပ်ချက်

ယူနိုက်တတ်တို့ကတော့ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အုပ်စု အဆုံးအဖြတ် ပွဲစဉ်ကို ဂရင်းဝုဒ်၊ရက်ဖို့ တို့ တိုက်စစ် အတွဲနဲ့ ပွဲထုတ်လာပီး တော့ ကွင်းလယ်က ဘရူနို၊ မာတစ်၊တဲလက်၊တော်မီနေး၊ဘစ်စာကာတို့ နဲ့ နောက်ခံလူ နေရာမှာ လုခ်ရှော၊ ‌မက်ဂွားယား၊ လင်ဒီလောဒ့်တို့ ၃ ဦးကို အထိုင်ချကာ ဂိုးသမား ဒီဂီယာနဲ့ အတူ ၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာပါတယ်။ပထမပိုင်း ပွဲစစ ခြင်း ၂ မိနစ် မှာဘဲ ကျနော်တို့ ယူနိုက်တတ် ရဲ့ ကံဆိုးခြင်းက စတင်လာခဲ့ပါတယ်။အထ‌နှေးတတ်တဲ့ ယူနိုက်တတ်ဟာ လိုက်ပဇစ်အသင်း ကွင်းလယ်ကျော်ကျော်ညာခြမ်းကနေဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ ယူနိုက်တတ်နောက်ခံလူတေကို ကျော်ဖြတ်ပီး လိုက်ပဇစ်ကစားသမား အိန်ဂျယ်လီနို ဆီတည့်တည့် မတ်မတ် ရောက်သွားပီး ဦးဆောင်ဂိုး ထပ်မံပေး ခဲ့ရပါတယ်။

ယူနိုက်တတ်တို့ ပွဲအပေါ် နည်းနည်း ပြာသွားခဲ့ပြီး လိုက်ပဇစ်ဘက် က တိုက်စစ် ဆင်မှု များ ကို ထိန်းချုပ် နေခဲ့ရပါတယ်၊ဒီလိုနဲ့ ပွဲကစားချိန် ၁၃ မိနစ် အရောက်မှာ လည်း လိုက်ပဇစ် အသင်း ဘယ် ခြမ်းက ဖြတ်တင်ပေးတဲ့ ဘောလုံးကို လူကပ်မခံထားရတဲ့ လိုက်ပဇစ် ကစားသမား ဟိုက်ဒရာက ထပ်မံပိတ်သွင်းပီး ဒုတိယဦးဆောင်ဂိုး ကို ထပ်မံ ရယူ သွားခဲ့ပါတယ်။ဒီဂိုက အနည်း ငယ်ပြောစရာဖြစ်ခဲ့ပြီး ခေါင်းခုန်တိုက်ခဲ့တဲ့ နောက်ခံလူ တဲလက်စ် ဟာ အတွန်းခံခဲ့ရပီး ၎င်းကို ကျော်ဖြတ်ကာ ဟိုက်ဒရာစီ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။သို့ပေမယ့် ဒိုင်လူကြီး က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာ ကြောင့် ယူနိုက်တတ် တို့ နစ်နာ ခဲ့ရပါတယ်။အဲ့နောက်မိနစ် သုံးဆယ် ၀န်းကျင်မှာတော့ လိုက်ပဇစ်တို့ ဂိုးထပ်မံရရှိခဲ့ပေမယ့် လူကျွံနေခဲ့တာ ကြောင့် သက်သာရာ ရခဲ့ပီး ပထမပိုင်းမှာ အဝါကတ် များကလည်း ပလူပြန်နေခဲ့ပါတယ်။ ပွဲကစားချိန် ၃၆ မိနစ် မှာ တဲလက်ဖြတ်တင်ဘောကို ‌လိုက်ပဇစ်နောက်ခံလူခေါင်းဖြင့် ရှင်းရာ ကိုယ့်လက်နဲ့ ကို ပြန်ထိခဲ့ပေမယ့် ဒိုင်က ပင်နယ်တီမပေးခဲ့တာ ကလည်း ယူနိုက်တတ် ကို နစ်နာစေခဲ့ပါတယ်။ရက်ဖို့ နဲ့ ဂရင်းဝုဒ်တို့ ရဲ့ ကန်ချက်တေကလည်း နောက်ခံလူတေကို မကျော်ဘဲ ဖြစ်နေပီး ယူနိုက်တတ်တို့ တိုက်စစ် တင်ခဲ့ပေမယ့် မထူးခြားသွားဘဲ ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ချိန်မှာတော့ ယူနိုက်တတ်တို့ ဗန်ဒီဘီကို ထည့် သွင်းကစားခဲ့ပီး တိုက်စစ် ဆင်ကစားသွားခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်ဂိုးသမား အတော်လေး ကောင်းနေတာ ကြောင့် ယူနိုက်တတ်တို့ ဂိုးမရရှိဘဲ
တတိယဂိုးကို ယူနိုက်တတ်က ထပ်ပေးလိုက်ကပါတယ်။
တတိယဂိုးပေးပီးနောက် ယူနိုက်တတ်တို့ ကြိုးစားကစားခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ မှာတော့ ဂရင်းဝုဒ်ကြောင့် ရတဲ့ ပင်နယ်တီကို ဖာနန်ဒက်က ကန်သွင်းပြီး ချေပဂိုး စတင်ရယူခဲ့ပီး ဆက်တိုက်ဆိုသလို မိနစ် ၈၂ မိနစ် အရောက်မှာတော့ ယူနိုက်တတ်တို့ ပေါ့ဘာရဲ့ ခေါင်းတိုက်မှု ကနေတစ်ဆင် ဒုတိယ ဂိုးကို ရရှိခဲ့ပါတယ်။သိုပေမယ့် အဲ့နောက်ပိုင်း ပွဲကစားချိန်တေမှာ ယူနိုက်တတ်တို့ သွင်းဂိုး မရရှိတော့ ဘဲ ပွဲဒီတိုင်းဘဲ ၃-၂ နဲ့ ပီးဆုံးသွားတာကြောင့် ချန်ပီယံလိဂ်ကနေ နှုတ်ဆက်ခဲ့ရပီဘဲ ဖြစ်ပါတယ်။

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X