Sport
5-0 နဲ့ ရှုံးတာ ခေါင်းထဲမှာမရှိတော့ဖူး ဒီပွဲ၃ မှတ်အရယူမယ် ဆိုတဲ့ လိုက်ပဇစ်နည်းပြ
UNICODE
5-0 နဲ့ ရှုံးတာ ခေါင်းထဲမှာမရှိတော့ဖူး ဒီပွဲ ၃ မှတ်အရယူမယ် ဆိုတဲ့ လိုက်ပဇစ်နည်းပြ
ယူနိုက်တတ်အသင်းဟာ ယနေ့ည 2:30 အချိန် မှာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး အဆုံး အဖြတ် ပွဲစဉ် အဖြစ် လိုက်ပဇစ်အသင်းနှင့် ယနေ့ည မှာ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။အဆိုပါ အခြေအနေနဲ့ ပါတ်သတ်ပြီး လိုက်ပဇစ်နည်းပြ နာဂယ်ဆမန်းကတော့မနေ့ညက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ ယူနိုက်တက်ဟာ ဦးဆောင်ဂိုးတွေ ပေးထားရတယ် ဆိုရင်တောင် ၊ အပြောင်းအလဲတွေ လုပ်ပြနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတယ် ဆိုတာ ကျနော်တို့က သတိထားမိပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ အဲဒီအတိုင်းပဲ ကစားပြသွားခဲ့တာလေ။
ဒါကြောင့်မို့ ဒိုင်လူကြီးက ပွဲသိမ်း ခရာမမှုတ်မချင်း ရင်ခုန်နေရမှာပါ။ သူတို့ဆီ ကနေ အနိုင်သုံးမှတ် ယူပြနိုင်အောင်လဲ အစွမ်းကုန် တိုက်ပွဲဝင်သွားရမှာပါ။5-0 အနိုင်ရထားတဲ့ အသင်း နဲ့ 5-0 ရှုံးနိမ့်ထားတဲ့ အသင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်း အတွက် ပိုပြီး လွယ်ကူမလဲ ဆိုတာတော့ ကျနော်တို့လဲ မသိပါဘူး။ သေချာတာ တစ်ခုက ပထမ အကျော့ က ရလာဒ်တွေကို ကျနော်တို့ ခေါင်းထဲ ထည့်နေမှာ မဟုတ်ပါဘူး။
ပွဲကို သေချာ ပြန်လည် သုံးသပ်ခဲ့တယ် ၊ ပြီးတော့ ဘယ်နေရာ ၊ ဘယ်အချိန်တွေမှာ အမှား လုပ်ခဲ့သလဲ ဆိုတာ ကစားသမားတွေကို ပြန်လည် ရှင်းပြထားခဲ့ပြီးပါပြီ။ အဲဒီ ပွဲမှာတုန်းက ကစားပုံကောင်းတာက ကျနော်တို့ အသင်းပါ။ ဒါပေမယ့် အထနှေးနေခဲ့တယ်လေ။ဒီပွဲမှာတော့ အများကြီးကို တိုးတက်လာပါလိမ့်မယ်။ အထူးသဖြင့် Final Third နေရာတွေ မှာ ပိုပြီးတော့ ကောင်းမွန်လာမှာပါ။ယူနိုက်တက် ကစားပုံက ကောင်းခဲ့တယ်လို့တော့ လုံး၀ မပြောနိုင်ပါဘူး။
ဒါပေမယ့် သူတို့ခံစစ် ကစားတာတော့ တော်တော်လေး ကောင်းခဲ့ပါတယ်။လက်ရှိ ရပ်တည်မှု က အများကြီး ရှုပ်ထွေးနေဆဲမို့ ၊ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ပြောလို့ မရသေးပါဘူး။ ယူနိုက်တက် ဆိုရင် အချိန်များများမှာ အုပ်စု အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာလေ။ ဒါပေမယ့် ဒီတစ်ပွဲ ရှုံးလိုက်တာ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်လို့ ရတော့မှာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။လိုက်ပ်ဇစ်မှာ ဟင်းနရစ်ချ် ၊ လိုင်မာ နဲ့ ကလိုစတာမန် တို့ဟာ ဒူးဒဏ်ရာ ပြသနာတွေကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်ပြီး ၊ အားထားရတဲ့ ခံစစ်မှုး အူပါမီကာနို ကလဲ ပွဲပယ် ဖြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
Crd
#MUFF
ZAWGYI
Crd
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X