Uncategorized

လိုက်ပဇစ်နဲ့ပွဲစဉ်အတွက် ယူနိုက်တတ်ပရိတ်သတ်တေကိုစိတ်ပျက်သွားစေတဲ့ စိတ်ညစ်စရာသတင်းစကား

UNICODE

လိုက်ပဇစ်နဲ့ပွဲစဉ်အတွက် ယူနိုက်တတ်ပရိတ်သတ်တေကိုစိတ်ပျက်သွားစေတဲ့ စိတ်ညစ်စရာသတင်းစကား

ယူနိုက်တတ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မနက် ၂:၃၀ မှာတော့ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် လိုက်ပဇစ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ယူနိုက်တတ်ဟာ နောက်တစ်ဆင့်တတ်ဖို့ ဒီပွဲမှာ အနည်းဆုံး ရမှတ်တမှတ်ရရှိရန်လိုအပ်နေပြီးလိုက်ပဇစ် အသင်းက လည်း ယူနိုက်တတ် အသင်းကို အနိုင်ရရှိသည် နှင့် နောက်တစ်ဆင့် ကို တတ်ရောက် နိုင် မှာ မို့ တကယ့်ကို ပွဲကြီး ပွဲကောင်း တစ်ပွဲလည်း ဖြစ်ပါတယ်။

ယူနိုက်တတ် ဟာ ပထမ အကျော့ အိမ်ကွင်းမှာ လိုက်ပဇစ် အသင်းကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်ခြေမှုန်းထားတာ ဖြစ်ပေမယ့်လို့ အဆိုပါ ဂျာမနီ အသင်းက လည်း အသင်းကောင်းတစ်သင်းဖြစ်တာ ကြောင့် လုံး၀ ပေါ့လို့ မရဘဲ အကြိတ်အနယ် ရှိမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။သို့ပေမယ့် ယူနိုက်တတ်တို့ ဟာ လာမယ့် လိုက်ပဇစ် နဲ့ ပွဲစဉ်ကို အသင်းရဲ့ အဓိက က စားသမား ၂ ဦးဖြစ်သည့် ကာဗာနီနှင့် မာရှယ်တို့ ဟာ ပြီးခဲ့သော ၀က်စ်ဟမ်း အသင်း နှင့် ပွဲစဉ်က ဒါဏ်ရာကြောင့် ယခု အခါ
လိုက်ပဇစ်နဲ့ ပွဲ စဉ်ကို လွဲချော်မည် ဖြစ်ကြောင်းနည်းပြ ဆိုလ်းရှားက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ထို့ကြောင့် ယူနိုက်တတ်တို့ တိုက်စစ် အားနည်း လာတော့မည် ဖြစ်ပြီး တိုက်စစ်ကစားသမား ဟူ၍ ဂရင်းဝုဒ်၊ရက်ဖို့၊ နှင့် အီဂါလို တို့ ၃ ဦးသာ ယူနိုက်တတ်ရဲ့ လူစာရင်းမှာ ကျန်ရှိတော့ တာ ဖြစ်ပါတယ်။ဒါကြောင့် ယူနိုက်တတ် တို့ အခက်တွေ့လာမည့် ပုံစံရှိပြီး ယူနိုက်တတ် နည်းပြ ဆိုလ်းရှား အနေဖြင့် အကောင်းဆုံး ပြင်ဆင် ကစားသွားရန် လို အပ်နေပြီဘဲဖြစ်ပါတယ်။

#MUFF

ZAWGYI

လိုက္ပဇစ္နဲ႔ပြဲစဥ္အတြက္ ယူႏိုက္တတ္ပရိတ္သတ္ေတကိုစိတ္ပ်က္သြားေစတဲ့ စိတ္ညစ္စရာသတင္းစကား

ယူႏိုက္တတ္အသင္းဟာ လာမယ့္ ဗုဒၶဟူးေန႔ မနက္ ၂:၃၀ မွာေတာ့ ခ်န္ပီယံလိဂ္ ပြဲစဥ္ အျဖစ္ လိုက္ပဇစ္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ ကစားရမွာျဖစ္ပါတယ္။ယူႏိုက္တတ္ဟာ ေနာက္တစ္ဆင့္တတ္ဖို႔ ဒီပြဲမွာ အနည္းဆုံး ရမွတ္တမွတ္ရရွိရန္လိုအပ္ေနၿပီးလိုက္ပဇစ္ အသင္းက လည္း ယူႏိုက္တတ္ အသင္းကို အႏိုင္ရရွိသည္ ႏွင့္ ေနာက္တစ္ဆင့္ ကို တတ္ေရာက္ ႏိုင္ မွာ မို႔ တကယ့္ကို ပြဲႀကီး ပြဲေကာင္း တစ္ပြဲလည္း ျဖစ္ပါတယ္။

ယူႏိုက္တတ္ ဟာ ပထမ အေက်ာ့ အိမ္ကြင္းမွာ လိုက္ပဇစ္ အသင္းကို ၅-၀ ဂိုးနဲ႔ ဂိုးျပတ္ေျခမႈန္းထားတာ ျဖစ္ေပမယ့္လို႔ အဆိုပါ ဂ်ာမနီ အသင္းက လည္း အသင္းေကာင္းတစ္သင္းျဖစ္တာ ေၾကာင့္ လုံး၀ ေပါ့လို႔ မရဘဲ အႀကိတ္အနယ္ ရွိမယ့္ ပြဲစဥ္တစ္ပြဲ ျဖစ္လာမွာ ျဖစ္ပါတယ္။သို႔ေပမယ့္ ယူႏိုက္တတ္တို႔ ဟာ လာမယ့္ လိုက္ပဇစ္ နဲ႔ ပြဲစဥ္ကို အသင္းရဲ႕ အဓိက က စားသမား ၂ ဦးျဖစ္သည့္ ကာဗာနီႏွင့္ မာရွယ္တို႔ ဟာ ၿပီးခဲ့ေသာ ၀က္စ္ဟမ္း အသင္း ႏွင့္ ပြဲစဥ္က ဒါဏ္ရာေၾကာင့္ ယခု အခါ လိုက္ပဇစ္နဲ႔ ပြဲ စဥ္ကို လြဲေခ်ာ္မည္ ျဖစ္ေၾကာင္းနည္းျပ ဆိုလ္းရွားက အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

ထို႔ေၾကာင့္ ယူႏိုက္တတ္တို႔ တိုက္စစ္ အားနည္း လာေတာ့မည္ ျဖစ္ၿပီး တိုက္စစ္ကစားသမား ဟူ၍ ဂရင္းဝုဒ္၊ရက္ဖို႔၊ ႏွင့္ အီဂါလို တို႔ ၃ ဦးသာ ယူႏိုက္တတ္ရဲ႕ လူစာရင္းမွာ က်န္ရွိေတာ့ တာ ျဖစ္ပါတယ္။ဒါေၾကာင့္ ယူႏိုက္တတ္ တို႔ အခက္ေတြ႕လာမည့္ ပုံစံရွိၿပီး ယူႏိုက္တတ္ နည္းျပ ဆိုလ္းရွား အေနျဖင့္ အေကာင္းဆုံး ျပင္ဆင္ ကစားသြားရန္ လို အပ္ေနၿပီဘဲျဖစ္ပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X