Sport

၀က်ဟမ်းနဲ့ပွဲမှာ ပရိတ်သတ်တေကို ခနဲ့ တဲ့တဲ့ လုပ်ခဲ့တဲ့ပေါလ်ပေါ့ဘာ

UNICODE

၀က်ဟမ်းနဲ့ပွဲမှာ ပရိတ်သတ်တေကို ခနဲ့ တဲ့တဲ့ လုပ်ခဲ့တဲ့ပေါလ်ပေါ့ဘာ

ယူနိုက်တတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်သူ ဟာ ဂျူဗင်တပ် အသင်းမှ မန်ချက်စတာ ယူနိုက်တတ်အသင်းကို ရောက်ရှိပြီး ‌ နောက်ပိုင်း ခြေစွမ်းကောင်များ ပြသနိုင်သော်လည်း ပြီးခဲ့သောကာလတစ်ချို့က အသင်းမှ ထွက်ခွာခြင်သည်ဟု လေသံများပစ်ခဲ့သောကြောင့်အသင်း ပရိတ်သတ်များရဲ့ ဝေဖန်မှု များစွာကို ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ဒီရာသီ မှာလည်း ကိုဗစ်ရောဂါ၊ဒါဏ်ရာ ပြဿနာ စသည့် ကိစ္စ အသီးသီးကြောင့် ပွဲထွက် ကစားခွင့် အပြည့် အ၀ မရရှိဘဲ ရုန်းကန်နေကတာလည်း ဖြစ်ပါတယ်။ပေါလ်ပေါ့ဘာဟာ ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်တာ နဲ့ အညီ ၎င်း၏ ခြေစွမ်းများကို ယူနိုက်တတ် ပရိတ်သတ်များ သာ မက တခြား အသင်း ပရိတ်သတ်များ ကပါစောင့် ကြည့်ရသည် အထိ ခြေစွမ်းကောင်း မွန်သော်လည်း ၎င်းရဲ့ ကွင်းပြင်ပ အပြု အမူ တစ်ချို့ကြောင့် အောင်မြင်မှု ထိုက်သင့်သလောက်မရရှိဘဲ ဖြစ်နေရခြင်းဖြစ်ပါသည်။

ပြီး ခဲ့တဲ့ စနေနေ့ က ၀က်ဟမ်း အသင်းနှင့် ကစားတဲ့ ပွဲစဉ်မှာတော့ ပေါလ်ပေါ့ဘာ ဟာ ယူနိုက်တတ် အတွက် သရေ ဖြစ်စေ မည့် အဖွင့် ဂိုးကို ဂိုးဧရိယာ ထိပ်က နေ ကာ လှလှ ပပ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်အပြီး မှာတော့ ယူနိုက်တတ် ဟာ ၀က်ဟမ်း အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့ပြီး ပရိတ်သတ်အကြိုက် ကမ်းဘတ် ပွဲစဉ်တစ်ခု ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပေါလ်ပေါ့ဘာဟာ ယူနိုက်တတ် အတွက် သွင်းဂိုး ကို သွင်းယူပြီးတဲ့ နောက်မှာတော့ လက်ကို နားရွက်နားကပ်ကာ ထပ်ပြောကြည့်စမ်းပါ ဆိုတဲ့ ပုံစံမျိုး ကို ပြု လုပ်ခဲ့ကာ အောင်ပွဲခံသွားခဲ့ပါတယ်။


အဆိုပါ ဖြစ်ရပ်ကို ပရိတ်သတ်တို့ သတိထားမိကြမယ် လို့ထင်ပါတယ်၊ ယခု အခါမှာတော့ ပေါလ်ပေါ့ဘာ ထိုကဲ့ သို့ အောင်ပွဲခံ ရတဲ့ အကြောင်း အရင်းဟာ ပေါ်ပေါက်လာခဲ့ပါပီ။အကြောင်း မှာ ၀က်ဟမ်းအသင်းဟာ ထိုနေ့ည ပွဲစဥ်တွင် ကွင်းအတွင်း သို့ ပရိတ်သတ် ၂၀၀၀ ခန့် ပြန်လည် ခေါ်ယူခွင့် ရရှိခဲ့ပါတယ်။အဆိုပါပွဲဟာ ယူနိုက်တတ်တို့ အတွက် ပရီးမီးယားလိဂ်မှာ ပရိတ်သတ်နဲ့ ပြန်ကစားရတဲ့ အထမဆုံး ပွဲစဉ်ဖြစ်ပြီး ၀က်ဟမ်းပရိတ်သတ်များက ၎င်းတို့ အသင်းအနိုင်ရရှိရေး အတွက် ပေါလ်ပေါ့ဘာ ဘောလုံးရရှိချိန်တိုင်း၌ “ဘူးး” ဟူသော အသံကို ပြိုင်တူ အော်ဟစ်ခဲ့ကြတယ် ဟု သိရပါတယ်။ အဆိုပါကိစ္စကြောင့် ပေါလ်ပေါ့ဘာဟာ သူဂိုးသွင်းပြီး သည့် အချိန်၌ ၀က်ဟမ်းပရိတ်သတ်များ ဘက်သို့ နားတစ်ဖက်ကို လက်ဖြင့် ကပ်ကာ ထပ်ပြောကြည့်စမ်းပါဦးဟူသော ပုံစံကို ပြုလုပ်၍အောင်ပွဲခံသွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X