Sport
ယူနိုက်တတ်ကိုလမ်းခွဲ နှုတ်ဆက်တော့မယ့် ကကွက်တို့ရဲ့ အရှင်သခင် ဂျေစီလင်ဂတ်
UNICODE
ယူနိုက်တတ်ကိုလမ်းခွဲနှုတ်ဆက်တော့မယ့် ကကွက်တို့ရဲ့ အရှင်သခင် ဂျေစီလင်ဂတ်
ယူနိုက်တတ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ဂျက်စီလင်ဂတ် ဟာ ဒီရာသီအကုန်မှာ အသင်းနှင့် အတူ စာချုပ်သက်တမ်း ကုန်ဆုံးတော့ မှာ ဖြစ်ပီး ကစားသမား ဘက်က အသင်း မှ ထွက်ခွာရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရပါသည်။
လင်ဂတ်ဟာ ယူနိုက်တတ် အကယ် ဒမီ မှ ထွက်ပေါ်လာ သူ တစ်ဦးဖြစ်ပြီး ပရိတ်သတ် များက ၎င်းရဲ့ ခြေစွမ်းထက် ၎င်းရဲ့ စတိုလ် အလန်းနှင့် ကကွက်များ ကို ပိုပြီး
ချစ်ခင်နှစ်သက်ကြလိမ်မယ့် လို့ထင်မိပါတယ်။အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်စတေရီရမ်မှာ ဂိုးသွင်းပြီးနောက် ဒီကွင်းဟာ ၎င်းရဲ့ အကလေ့ကျင့်ရာ နေရာ ဟု ပြောခဲ့သူ ဖြစ်ပြီး ပရိတ်သတ်တေကို ပိုမို ကြိုက်နှစ်သက်မှု ကို ရရှိခဲ့သူ လည်း ဖြစ်ပါတယ်။ထို့ပြင် ပေါလ်ပေါ့ဘာနဲနှင့် ပေါင်းဖက်ပြီး ကကွက်အလန်းစားများကကာ ပရိတ်သတ်တေကို ပျော်ရွှင်မှုတေပေးစွမ်းနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ယခုမှာ‌တော့
အဆိုပါ အင်ဂလန်လက်ရွေးစင်ဟောင်းဟာ နောက်ပိုင်းမှာ မိသားစု အတွင်းရေးပြဿနာ များကြောင့် ခြေစွမ်းများ ကျဆင်းခဲ့ ရပြီး ယခု အခါလည်း ဒါဏ်ရာ ပြဿနာကြောင့် အသင်း၏ လေ့ကျင့်ရေးသို့ မကြာသေးခင်ကာလက မှ ပြန်လာနိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။
သို့ပေမယ့် ၎င်းဟာယခု အခါယူနိုက်တတ်မှာ ‌ ခြေစွမ်းပြ ရန် ရုန်းကန် နေရပြီး ဘရူနိုဖာနန်ဒက်၊ဗန်ဒီဘီ၊ပေါလ်ပေါ့ဘာ တို့လိုကစားသမား များ‌ရှိနေခြင်းကြောင့် အသင်းမှာ တိုက်ပွဲ၀င်ရန် ခက်ခဲနေသည် ဟု ယူဆနေပြီး ပွဲထွက် ခွင့်ရရန် မှာ မလွယ်ကူနိုင်ကြောင်း ၎င်းက သိထားကြောင်းသိရသည်။
ထို့ကြောင့် လင်ဂတ်ဟာ ဒီရာသီ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တတ် တို့ ကတော့ ပရိတ်သတ် အချစ်တော်ကစားသမား ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းရန်းစီစဥ်ထားကြောင်း သိရသည်။သို့ပေမယ့် အဆိုပါ ကွင်းလယ်လူဟာ ယူနိုက်တတ်၌ အနာဂါတ်မရှိတော့ ဟု ယူဆကာ အသင်းမှ ထွက်ခွာတော့ ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရပါသည်။၎င်းသည် ယူနိုက်တတ် မှ ထွက်ခွာပြီး ဆဲလ်တစ် အသင်း၌ သွားရောက် ကစားရန် စီစဉ်နေကြောင်း သိရပြီး၊ ဆဲတစ်အသင်းကလည်း ခေါ်ယူရန်စိတ်၀င်စား‌နေပြီး ၎င်းနှင့် လည်း တွေ့ဆုံဆွေးနွေးမှုတေ ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X