Sport

ဖာနန်ဒက်ကိုအတုယူပြီးကြိုးစားနေပါတယ်လို့ ပြောပြသွားခဲ့တဲ့ ဗန်ဒီဘီ

UNICODE

ဖာနန်ဒက်ကို အတုယူပြီး ကြိုးစားနေပါတယ်လို့ ပြောပြသွားခဲ့တဲ့ ဗန်ဒီဘီ

ဗန်ဒီဘီ ဟာ ပီးခဲ့တဲ့ နွေရာသီ အပြောင်း အရွေ့ဈေးကွက် မှာ ယူနိုက်တတ် အသင်းကို အေဂျက် အသင်းကနေပြောင်း ရွှေ့လာ ခဲ့သူ တစ်ဦးဖြစ်ပြီး၎င်းရဲ့ ရဲရင့်တဲ့ ကစားဟန် တစ်ချို့ကြောင့် ယူနိုက်တတ် ပရိတ်သတ်တေရဲ့ ချစ်ခြင်းမေတ္တာတရားကို ရရှိနေသော ကွင်းလယ် လူငယ် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်

၎င်းဟာ ဘောလုံးရာသီ အစပိုင်းက ပွဲထွက်ကစား ခွင့်တေ မရရှိဘဲ ရုန်းကန်နေရသော်လည်း ယခု အခါ ပွဲကစားခွင့်အနည်းငယ် ကိုစတင် ရရှိလာပြီလည်း ဖြစ်ပါတယ်။

ထို့အတူ ဖာနန်ဒက်ကလည်း ပြီးခဲ့သော ရာသီဇန်နဝါရီ အပြောင်း အရွှေ့ဈေးကွက်တွင် ယူနိုက်တတ် အသင်းကို စပို့တင်းလစ္စဘွန်း အသင်းမှ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အဆိုပါ ပေါ်တူဂီသား ဟာ ယူနိုက်တတ်ကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း ထိပ်တန်းအဆင့်ခြေစွမ်းတေကို ပရီးမီးယားလိဂ်မှာသာမက ချန်ပီယံလိဂ် ပြိုက်ပွဲတေမှာ ပါပြသထားပြီး ယခုဆိုလျင် ယူနိုက်တတ် ရဲ့ လုံး၀ မရှိမဖြစ် ကစားသမား အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ပေါ်တူဂီသားနဲ့ ပါတ်သတ်ပြီး ဗန်ဒီဘီက ” ဖာနန်ဒက် က ယူနိုက်တက်အသင်းအတွက် ဘယ်လောက်အထိအရေးပါလဲဆိုတာကို ကျနော်တို့ အားလုံးသိထားပါတယ်။ပြီးခဲ့တဲ့ ရာသီက စပို့တင်းလစ္စဘွန်းမှာ ပြသခဲ့တဲ့စိတ်ဓာတ်၊ခြေစွမ်းတွေကို ယူနိုက်တက်ဆီ ယူဆောင်လာနိုင်ခဲ့တယ်။ကျနော်တော့ သူ့ကို ကြည့်ပီး အများကြီး အတုယူမိပါတယ်။တကယ့်ကို သူက ထူးခြားမှုရှိတဲ့ ကစားသမားတစ်ဦးပါ။ သူနဲ့ အတူ ကစားခွင့်ရတာကိုလည်း ကျနော့်ဘက်က အင်မတန့်အင်မတန်ကို ကျေနပ်မိပါ တယ်။ဘာလို့ဆို သူက အသင်းကို မောင်းနှင်ပေးနိုင်တယ်လေ၊ပြီး‌တော့ သူဟာ အသင်းအတွက် စွမ်းအားအပို‌တေပေးစွမ်းနိုင်တဲ့သူဖြစ်ပါတယ်။ ” ဟု ပြောဆို သွားခဲ့ပါတယ်။

#MUFF

ZAWGYI






#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X