Sport
ယူနိုက်တတ်ကို ပြောင်းလာဖို့ မက်ဆီကိုမာတာတိုက်တွန်း
UNICODE
ယူနိုက်တတ်ကို ပြောင်းလာဖို့ မက်ဆီကို မာတာ တိုက်တွန်း
ယူနိုက်တတ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ မာတာဟာ တစ်ချိန်က အသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်ခဲ့ ပြီး အခု အချိန်မှာတော့ အသက်အရွယ်ပိုင်း အရ အကျ ဘက် ကို ရောက်ရှိလာသော ကြောင့် ပွဲထွက် ကစားခွင့် များများ စားစား မရနိုင်ဘဲ ဖြစ်နေပါသည်။
သို့သော် မာတာ ဟာ ယူနိုက်တတ် အတွက် ပါ၀င် ကစားရတဲ့ အချိန်လေးတေတိုင်းမှာ ကြိုးစားကစားပေးပြီး အခွင့်ရေး ရချိန်တိုင်းမှာ တတ်နိုင်သမျှ သွင်းဂိုး တေဖန်တီးမှု တေ ပြုလုပ်နိုင်သေးတာလည်း ဖြစ်ပါတယ်။
ထို့ပြင် မာတာဟာ အ၀တ်လဲခန်း အတွင်း ကစားသမား များ ညီညွတ်ရေး၊အသစ်ရောက်ရှိလာသော ကစားသမားများ ယူနိုက်တတ် မှာ အဆင်ပြေစေ ရန် ကူညီပေးလျက်ရှိပြီး နည်းပြနဲ့ ကစားသမား များ ကြားတွင်လည်း ပေါင်းကူးတံတား သဖွယ် ယူနိုက်တတ် အတွက် ပေးဆပ်နေတာ ဘဲ ဖြစ်ပါတယ်။
၎င်းဟာ လစာငွေထက် အသင်းမှာ ဂန္တ၀င် တစ်ဦးကဲ့ သို့ အနား ယူခြင်သည်ဟု ပြောဆို ဖွင့်ဟ ထားသူ တစ်ဦးဖြစ်ပြီး ယူနိုက်တတ်ပရိတ်သတ်တေရဲ့ ချစ်ခြင်း မေတ္တာ တရားကို အပြည့် အ၀ ပိုင်ဆိုင်ထားနိုင်သူ လည်း ဖြစ်ပါတယ်။
အဆိုပါ ပရိတ်သတ်အချစ်တော် မာတာ က အကာ်၍ မက်စီသာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခြင်သည် ဆိုပါက စီးတီးကို မပြောင်းဘဲ ယူနိုက်တတ် ဆီကို သာ ပြောင်းလာခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။
မာတာက “ကျနော်ကတော့မန်စီးတီးမဖြစ်ဖို့တကယ်မျှော်လင့်ပါတယ်။ တကိုယ်ကောင်းဆန်တယ်ပြောပြော ကျနော့်အသင်း အတွက်ဘဲ ကျနော် ကြည့်မှာမို့ သူ
စီးတီးကို မပြောင်းဖို့ မျော်လင့်ပါတယ်။​ရှေ့ဆက်ဘာတေဆက်ဖြစ်လာမလဲကျနော်မသိပေမယ့် သူ မန်စီးတီးကိုမသွားဖို့မျှော်လင့်မိပါတယ်။ တကယ်လို့များ မက်ဆီသာမန်ချက်စတာကိုရောက်လာခဲ့မယ်ဆိုရင်တော့ ကျနော့်အသင်းယူနိုက်တက်ဆီကိုဖြစ်ဖို့ပဲမျှော်လင့်ပါတယ်၊ တစ်ခြားအသင်းတွေဆီကိုမဟုတ်ပါဘူး”ဟု ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် မာတာက “ကောလဟာလတေတော့ အများကြီး ကြားကတာပေါ့။ဒါပေမယ့် ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကျနော်တို့ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲအာရုံစိုက်သင့်တယ်၊ ကိုယ်မှ ထိန်းချုပ်မရတဲ့ ဟာတေ ကို မေ့ထားလိုက်ပါ” လို့ ပြောသွားခဲ့ပါတယ်။
မက်စီဟာ ပြီး ခဲ့တဲ့ ရာသီတွင်ထဲ က ဘာစီလိုနာအသင်း၌ မပျော် ရွင်တော့ ဟု အတိအလင်း ၀န်ခံထားသူဖြစ်ပြီး အသင်းမှ ထွက်ခွာခွင့်တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။သို့ပေမယ့် စာချုပ်ပါ စည်းမျဉ်းတစ်ချို့ကြောင့် ထွက်ခွာခွင့်မရရှိခဲ့ ဘဲ ဒီနှစ်ရာသီ အကုန်မှာတော့ မက်စီအနေဖြင့် သူ ပြောင်းရွှေ့ခြင်သည့် အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနီးပါးဖြစ်ထွက်ခွာနိုင်မှာ ဖြစ်တာကြောင့် အသင်းများ အားလုံးအတွက် မျော်လင့်ချက်လည်း ရှိနေတာ ဖြစိပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X