Sport

အက်သလက်တီကိုညာနောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တတ်

UNICODE

အက်သလက်တီကိုညာနောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တတ်

ယူနိုက်တတ်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုလ်းရှားဟာ အသင်းရှိကစားသမားများ ကိုပိုပြိုင်ဆိုင်မှု ရှိပြီး တိုးတတ်မှု နှုန်းကောင်းမွန်စေရန် အသင်း၏ လူစာရင်း လိုအပ်ချက် များကို တနည်းနည်း ဖြင့် အနည်းငယ်စီ ဖြည့်စွက်ပြင်ဆင်လျက်ရှိနေပါသည်။

ယူနိုက်တတ်နည်းပြ ဆိုလ်းရှား ဟာ အသင်းရဲ့ ညာတောင်ပံခံစစ်ကစားသမား ဖြစ်သူအာရွန်၀မ်ဘစ်စာကာ ကို အပြည့် အ၀ ကြိုက်နှစ်သက်သူ ဖြစ်ပြီး ၎င်း၏ တိုးတတ်မှု အပေါ် လည်း ကျေနပ်လျက်ရှိပါတယ်။သို့ပေမယ့် ကစားသမားမှာ လုံလောက်သော အပြိုင် အဆိုင် မရှိသောကြောင့် တိုးတတ်မှု နှုန်းမှာ လုံလောက်ခြင်း မရှိဟုလည်း ယူဆနေသည်။

ထို့ ကြောင့် ယူနိုက်တက်သည် အသင်း၏ညာခြမ်းကိုအင်အားဖြည့်တင်းလိုလျက်ရှိပြီး စိတ်ဝင်စားနေသောကစားသမားများတွင် အက်သလက်တီကိုမှ အင်္ဂလန်လက်‌
ရွေးဆင်ကစားသမား ထရစ်ပီယာလည်းအပါအဝင်ဖြစ်ကြောင်း Daily Telegraph သတင်းဌာနကဖော်ပြသည်။အဆိုပါ စပါးကစားသမားဟောင်း ကို ယူနိုက်တတ်က အာရွန်၀မ်ဘစ်စာကာ နဲ့ အပြိုင် အသုံးပြုရန် ရည်ရွယ်ထားပြီး ၀မ်ဘစ်စာကာအနေဖြင့်ပွဲဆက်များကြောင့်နွမ်းနည်မှုများဒါဏ်ကို ခံစားလာရနိုင်သည် ကို ဆိုလ်းရှားက စိုးရိမ်နေခြင်းဖြစ်သည်။ထို့ပြင် ၎င်းဟာ ဒီရာသီတွင် 2 ပွဲမျှသာ အနားရထားသေးပါတယ်။

LEICESTER, ENGLAND – DECEMBER 04: Ricardo Pereira of Leicester City during the Premier League match between Leicester City and Watford at The King Power Stadium on December 4, 2019 in Leicester, United Kingdom. (Photo by Plumb Images/Leicester City FC via Getty Images)

ထို့ပြင် လက်စတာ နောက်ခံလူ ညာနောက်ခံလူ ရီကာဒိုပီရဲယားကလည်း ထရစ်ပီယာနဲ့ အတူ စိတ်၀င်စားနေသော ကစားသမား စာရင်းတွင် ပါ‌၀င်နေကြောင်း သိရပါသည်။
#MUFF

ZAWGYI






#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X