Sport

စောင့်ကြည့်သင့်သောအမြင့်ပျံမယ့် ငှက်တစ်ကောင် သို့မဟုတ် ဂျိုးလ်း ဟူးဂယ်

UNICODE

စောင့်ကြည့်သင့်သော အမြင့်ပျံမယ့် ငှက်တစ်ကောင် သို့မဟုတ် ဂျိုးလ်း ဟူးဂယ်

မန်ချက်စတာ ယူနိုက်တတ် ရဲ့ အမာခံ ဖန် တစ်ယောက် ဖြစ်လာပြီ ဆိုရင် လုပ်စရာတေ ကသိပ်များ လှ တယ်။
ပွဲမလာခင် ရင်ခုန်ရတယ်၊ပွဲပြီးရင် ဝေဖန်လေကန်ရတယ်။သတင်း‌တေကို မလွတ်တမ်းအားပေးရတယ်၊ခုက ဖေစ့်ဘွတ် ခေါတ်ဆိုတော့ ယူနိုက်တတ် သတင်းဆို Like ပေးရတဲ့ အလုပ်က လည်း ပါလာတာပေါ့၊ဆိုတော့
ဒါတေက ပုံမှန်အလုပ်တေပေါ့။ ဒီထက်ပိုတဲ့ အလုပ်တေက လည်း ဒုနဲ့ဒေး ပေါ့၊ အဓိကဆို နည်းစနစ်တေကို သုံးသပ်ကတယ်၊နည်းပြ မှားရွင်းနေတာတေကို ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ အပြန်အလှန်ငြင်းခုန်ထောက်ပြ ကြတယ်။ဒါက ပုံမှန်သဘာ၀ အလုပ်။ဒီထက်ပို ပြီး မာစတာဖြစ်သွားတဲ့ ဖန်တေရဲ့ အလုပ်ကြတော့ တစ်ခုထပ် တိုးသွားတယ်၊လူငယ်တေကို လိုက်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်။ဒါက လည်း ယူနိုက်တတ် ပရိတ်သတ်တေရဲ့ မရိုးနိုင်တဲ့ ပျော်စရာ ရွှင်စရာ လေးတေပေါ့။ ဘယ်လူငယ်ကတော့ တကယ်ကောင်းတာ၊ ဘယ်ကောင်လေးက အားကိုးရမယ်ဆိုတာမျိုးပေါ့၊ ဒိထက်ကတော့ ဘယ်ကောင်လေးကို အသင်းကြီးမှာ စသုံးသင့်နေပြီ ကွာ ဆိုတဲ့ စိတ်ထဲက တောင်းတမိတဲ့ တောက်ခေါက်သံတေကလည်း တစ်မျိုးပေါ့လေ။ ကဲဆိုတော့ ‌တစ်နေ့တစ်နေ့ ယူနိုက်တတ်ရဲ့
အကယ်ဒမီဟာ သာမန်ထက် ပိုတဲ့ လုငယ်တေရဲ့ အရည်အသွေးတေ စုပုံလာ ခဲ့တယ်။နောက်ပိုင်း ရက်ဖို့၊တော်မီနေးတို့ က စတဲ့ အကယ်ဒမီရဲ့ တခါးခေါက်သံတေက အခုဆို ဂရင်းဝုဒ်၊ ဝီလီယံတို့ ခေါတ်ကို ရောက်ရှိနေပြီ။အသင်းကြီးကို တစ်ခါးခေါက်လာတဲ့ လူငယ်တေလည်း ထုနဲ့ ထေးပါ။ သူတို့ အတွက် အခွင့်ရေးမရနိုင်သေးပေမယ့် တစ်ချိန်မှာ ယူနိုက်တတ်ရဲ့ အဓိက ဒေါက်တိုင်နေ ဖြစ်လာနိုင်တယ်ဆိုတာ ကို ဆူညံလောက်အောင် အသံတေ လွှင့်နေကြပီပေါ့။မနှစ်က တစ်ခါးခေါက်လာတဲ့ လူငယ်တေထဲက တစ်ချို့ က အသင်းကြီးမှာ နေရာ ရ‌လာပေမယ့် တစ်ချို့ကတော့ အငှားထွက်နေကြသတဲ့။ဒီဆောင်းပါးလေးကတော့ အခု‌တ‌လော
အက်မင်သတိထားမိလာတဲ့ ကောင်လေးတစ်ယောက် အကြောင်း ကိုဆောင်းပါးတိုလေး ရေးသွားမှာ ဖြစ်ပါတယ်။ဆိုတော့ စလိုက်ကအောင်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၁၈ မှာ သူ့ကို မွေးခဲ့တယ်။
အခု ၂၀၂၀ မှာမှ ယူနိုက်တတ်အကယ်ဒမီကနေ သူ့ကို ဆန်းဒါးလန်း အကယ်ဒမီကနေပြီးတော့ မန်စတီး၊လီဗာပူးတိုနဲ့ အပြိုင် ခေါ်ယူနိုင်ခဲ့တယ်။ ယူနိုက်တတ်ရဲ့ နောက်ပိုင်း လူငယ် စီမံကိန်းက သိသိသာသာ ကို တစ်ဟုန်းထိုး အရှိန်နဲ့ လှုပ်ရှားနေတာ ကို တွေ့ရတယ်။အရည်အသွေးမြင့် လူငယ်တေကို ရွေးခေါ် နေတဲ့
ယူနိုက်တတ် တို့ ဒီတစ်ခါလည်း ဆန်းဒါးလန်းရဲ့ ဂိုးသွင်းမုဆိုးငယ်လေးကို မန်ချက်စတာကို ခေါ်ယူလိုက်တယ်။

တိုက်စစ်မှူး ဟူဂေရဲ့ မန်ချက်စတာ ခရီးလမ်းက ခုဆို တာထွက်လှနေပြီ ယူနိုက်တက်U-18 အသင်းအတွက်
U-18 ပရီးမီးယားလိဂ်ပွဲစဉ် (3)ပွဲ ကစားပေးခဲ့တယ်။ပြီးတော့ ၆ ဂိုးထိသွင်းတယ်။ကောင်လေး အသက်က ၁၇ နှစ်၊ ဒါက နည်းတဲ့ မှတ်တမ်း မှတ်ရာတော့ မဟုတ်လှဖူး။ဒါတောင် ဒါက အစလေ၊ တစ်ပွဲကို ၂ ဂိုးနှုန်းဆိုတာ တော်ရုံ ခြေစွမ်းတော့ မဟုတ်ဘူးပေါ့။
ယူနိုက်တက် 2-1 ဘလက်ဘန်း ပွဲမှာ ၂ ဂိုးလုံးကို သူသွင်းတယ်။
မယ်ဒယ်ညဘရော့ 1-4 ယူနိုက်တက် မှာ နှစ်ဂိုး ထက်သွင်းတယ်။

ယူနိုက်တက် 4-3 လီဗာပူးလ် ပွဲမှာတော့ ၂ ဂိုးထက်သွင်းတယ်၊အဓိကအားဖြင့် ၂-၀ နဲ့ ဦးဆောင်နေရာကနေ ၂-၃ နဲ့ ရှုံးနိမ့်တဲ့ အနေထားရောက်တဲ့ အချိန်မှာ ၄-၃ အထိ ဖြစ်စေမယ့် သွင်းဂိုးတေ ကို ဒိုင်ခံ သူ သွင်းခဲ့တယ်။
ဆိုတော့ ကောင်လေး ရဲ့ စွမ်းရည်က ပြောစရာ ကောင်းလောက်အောင် ကောင်းနေတယ် ဆိုတာ တော့ လက်ခံရမယ်။သို့ပေမယ့် ယူနိုက်တတ်ရဲ့ အဓိက ရည်မှန်းချက်က သူ့ကို U_23 မှာ သုံးဖို့ပါ၊ ဒါကြောင့် ကောင်လေးက ယူ-၁၈ ရော ယူ- ၂၃မှာရော မှာ ကန်ခွင့်ရနေတယ်။ရံဖန်ရံခါ ယူ-၂၁ မှာလည်း ပါသေးတယ်။ဆိုတော့
ယူ -၂၃ မှာ လည်း သူ့စွမ်းရည်က မသေးလှ ဖူးဗျ။
၇ ပွဲကစားရတယ် ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားတယ်။ဒါက လည်း ၁၇ နှစ်သား ပိန်ပိန်လှီလှီကောင်လေးတွင် ကောင်းမွန်ပါတယ်လို့ ဆိုလို့တဲ့ စွမ်းရည် လို့ပြော မယ်ဆိုရင် မှားမယ်တော့ မထင်ပါဖူး။ကိုယ့်ထက် အသက် ၅ နှစ်နီးပါး ‌ကွာတဲ့ နောက်ခံလူတေကြားမှာ ဒီလိုခြေစွမ်းပြနိုင်တယ်ဆိုတာ မဆိုးလှဖူးလို့ ပြောလို့ရတယ်။

မနေ့ည က လီဗာပူး ၄-၃ ပွဲမှာ ဆိုရင်အက်မင်အနေနဲ့ တစ်ပွဲလုံးကြည့် ခဲ့တယ်။အဓိကအားဖြင့်တော ဒီကောင်လေးရဲ့ ခြေစွမ်းကို တစ်ပွဲလုံးခြုံပီး မကြည့်ဖူးသေးတာလည်းပါတယ်၊ဆိုတော့ ဒီကောင်လေးကို ကြည့်ခြင်တာနဲ့ တစ်ပွဲလုံးထိုင်ကြည့်ခဲ့တယ်။ အဲ့မှာ အက်မင်သိလိုက်တာ က သူက ယူနိုက်တတ်ရဲ့ တိုက်စစ်မှာ ကာလ အတန်ကြာ ပျောက်ဆုံးနေတဲ့ နံပါတ် ၉ ပုံစံစစ်စစ်ကို ကစားနိူင်သူ ဆိုတာ ဘဲ။ မေဆင်ဂရင်းဝုဒ်တစ်ယောက် နမည်စထွက်လာတုန်းက သူ့ရဲ့ ကစားဟန်တေကို လူငယ်အသင်းတေမှာ ကြည့်ခဲ့ဖူးတယ်။

ဒါက မေဆင် သက်သက်၊ ခုက ဟူဂေလ်း သူ့ရဲ့ ကစားဟန်က လုံး၀ နံပါတ် ၉ ပုံစံ၊ မေဆင်ရဲ့ ကစားဟန်က အက်မင်အမြင်မှာ ဆို နံပါတ် ၁၀ နေရာမှာ ပိုလိုက်မယ် လို့မြင်တယ်၊အကောင်သေးနေတာကြောင့် အဲ့နေရာတေက သူ့အတွက် ရုန်းကန်နေရ ပေမယ့် တစ်ချိန်မှာတော့ မေဆင်က ယူနိုက်တတ် တိုက်စစ်ကို ဦးဆောင်လာမှာ သေချာပါတယ်။ဆိုတော့ခုတစ်ယောက်က မေဆင်လို အဆုံးသတ်ကောင်းတယ် ဆိုတာ ထက် ခုခေတ် ပြောစကားအရ ဆို ကောက်စား ဆိုတဲ့ ပုံစံ ယူနိုက်တတ်ရဲ့ လူကြီး အသင်းမှာဆို ဘောလုံးလမ်းကြောင်း အလိုက်ထွက်လာမယ့် ဘောလုံးတေကို ပိတ်သွင်းမယ့်လူမရှိခဲ့လို့ တော်တော်ကြာကြာ ‌နစ်နာ ခဲ့ဖူးတယ်။ခုတော့ ကာဗာနီ ရောက်လာတော့ ဒါက အနာ‌ပျောက်စေမယ့် ခနတာ ‌ဖြေဆေးတစ်ခု လို့ပြောလို့ရမယ်။ဆိုတော့ ဒီကောင်လေးက တကယ်ကို ဂရင်းဝုဒ်လို အဆုံးသတ် သေခြာတယ်ဆို တဲ့ အမျိုး မဟုတ်ဖူး။အဆုံးသတ်မှာ လည်း သာမာန်ထက်ပိုတဲ့ အဆင့်တစ်ခုမှာ ရှိပေမယ့် သူအားသန်တာက နေရာယူပုံတေ၊နေရာလွတ်တေ ဖန်တီးပေး နိုင်မှုတေ၊ လိုအပ်ရင် လိုအပ်သလို ပိတ်သွင်းမှု တေလုပ်နိုင်သူ ဖြစ်တယ်။

၄-၄-၂ လိုကစားဟန်မျိုးက သူနဲ့ သိပ်လိုက်မယ်လို့ တွေးမိတယ်၊တိုက်စစ်မှုး ၂ ယောက်ထားတဲ့ ကစားဟန်မှာဆို သူလို လူမျိုးက တကယ့် ကီး‌ပလေယာ တစ်ယောက် ဖြစ်လာလိမ့်မယ်၊ဒါကထားပါ ခုဆို ယူ-၁၈ လီဗာပူးနဲ့ ပွဲကြည့်နေရင်း ယူနိုက်တတ်ရဲ့ ပထမဂိုးကတော့ ထမင်းသွားထည့်နေလို့ မကြည့်လိုက်ကဖူး၊ ဆိုတော့ ဒုတိယ ဂိုးရသွားတဲ့ ပုံ၊ ‌ယူနိုက်တတ်ရဲ့ တိုက်စစ်ကစားသမား က ၃ ယောက် ဘယ်တောင်ပံ၊ညာတောင်ပံ တစ်ဖက်စီမှာ တစ်ယောက်စီ သူတို့ရဲ့ ကြားမှာ ဟူဂေလ်း လီဗာပူးနောက်ခံလူ ၄ ယောက်လုံးရဲ့ ကြားမှာ ရောက်နေတယ်၊ဆိုတော့ တခြားအသင်းရဲ့ နောက်ခံလူတေ က ဘယ်ခြမ်းက စွဲလာတဲ့ ဘောလုံးကို ဖြတ်တောက်ဖို့ ကြိုးစားနေချိန်မှာ သူ့ရဲ့ နေရာယူပုံက လေးယောက်လုံးရဲ့ ကြား ကနေ ဘယ်ခြမ်းကို ဘောလုံးတောင်းပီး ပြေးထွက်ဟန်ကို လုပ်လိုက်တယ်၊အဲ့ ချိန်မှာ ညာခြမ်းက လူကို ကပ်ထားတဲ့ နောက်ခံလူက သူ့စီကို အာရုံရောက်သွားချိန်မှာ လွတ်လွတ်လပ်လပ် ဖြစ်သွားတဲ့ ညာခြမ်းက မက်နေလ်း ဖြစ်မယ် ထင်တယ်၊ဘယ်ခြမ်းက ဖြတ်တင်ပေးတဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသွားတယ်။အဲ့မှာ သတိ မူမိတယ် တစ်ချက်၊ ဒါပေမယ့် လူငယ်နောက်တန်းတေရဲ့ ကစားပုံရောရဲမှုကြောင့် လို့ပြောလို့ရပေမယ့် လို့ သူ့အဆင့်နဲ့ သူ့အတန်းတစ်ခုမှာတော့ ဒါဟာမဆိုးဖူး လို့ပြောလို့ရတယ်။

ပီးတော့ နောက် ယူနိုက်တတ်က ၃ ဂိုးဆက်ပေးရတယ်၊ ၂-၃ နဲ့ ရှုံးနေချိန် ၂ ဂိုးဆက်သွင်းသွားတယ်။ ၂ ဂိုးလုံးက တကယ့်ကို ခုခေတ် အများပြောစကားအရဆို ကောက်စား လို့ပြောရမှာပေါ့။ပြောခြင်တာက နေရာယူပုံ၊ သရေရစေမယ့် ဂိုးဆိုရင် ဘယ်ခြမ်းက ကန်လိုက်တဲ့ အလုံးကို တဖက် နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး ဂိုသမား ပြန်ထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းသွားတာ၊ဒါက သာ မန် တစ်ခု ဖြစ်ပေမယ့် ကျနော်တို့ ယူနိုက်တတ် အသင်းကြီးရဲ့ တိုက်စစ်မှာ ဒါမျိုး တစ်ကယ်ရှား‌နေတာပါ၊မာရှယ်၊ရက်ဖို့တို့ က ဒီလို အမြင်ရှိသူတေ မဟုတ်ကြဖူးလို့ ဆိုလို့ရပါတယ်။

 

ဒါကကြိုးစားပြီး တိုးတတ်လာနိုင်တာကြောင့်ရက်ဖို့၊မာရှယ်တို့အနေနဲ့ ကာဗာနီစီကနေ သင်ယူရမယ့် အရာတေပါ။ပီးတော့ကောင်လေးက ဂိုးလက်ကီး တကယ်ကောင်းတယ် လို့ပြောရမယ်။ဘောလုံး‌ရောက်မယ့် နေရာတိုင်းကို သူက ရောက်နေတာမျိုး ဆိုတော့ကာ ဒါက တိုက်စစ်မှုး စစ်စစ်တစ်ယောက်မှာ ရှိသင့်တဲ့ အရာမျိုးပေါ့။ပီးတော့ သူ့ရဲ့ ၄ ဂိုးမြောက်အနိုင်ဂိုးဆိုရင် ဂိုးလက်ကီး က သိသာလှ ပါတယ်။ဘောလုံးက သူ့စီကို တည့်တည့် လာတာကို တစ်ချက်ထိန်းပြီး လှည့် ကန်သွားတာ ပေါ့၊ ပြီးတော့ သူ့ရဲ့ အရပ်အမောင်း တကယ်ကို ၁၇ နှစ် သားလို့ မထင်ရလောက်အောင်ပါ၊

ကဲဆိုတော့ ကောင်လေးသာ‌အောင်မြင်မယ့် လမ်းကြောင်းကို သွေဖယ်မသွားဘဲ အကောင်းဆုံး ထိန်းကြောင်းနိုင်မယ်ဆိုရင်တော့
တစ်ချိန်မှာ ဒုတိယ မိုဗစ် ၊ဒါမှ မဟုတ်ရင် ဒုတိယ ပီတာခရောခ့် ဖြစ်လာနိုင်မယ် လို့ အက်မင်ကတော့ မြင်မိရင်း ကောင်လေး‌ကို ထပ်မံစောင့်ကြည့် မိနေပါလိမ့်မယ်။။။။။။။။။

ခင်ဗျားတို့ရော ဒုတိယ ပီတာခရောက်လို့ထင်လား မိုဗစ် ဖြစ်ဖို့တော့ သိပ်မလွယ်လှဖူးဗျ၊ဆိုတော့အမြင်လေးတေ ပြောသွားကြပါဦး။။။။။။။
#ရကောက်
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X