Sport
Come back United ဖြစ်ခဲ့တဲ့ ၀က်ဟမ်း ၁-၃ ယူနိုက်တတ် ပွဲပြီး သုံးသပ်ချက်
UNICODE
Come back United ဖြစ်ခဲ့တဲ့ ၀က်ဟမ်း ၁-၃ ယူနိုက်တတ် ပွဲပြီး သုံးသပ်ချက်
ယူနိုက်တတ်တို့က ဒီပွဲစဉ်မှာ‌တော့ ပုံမှန် ပွဲထွက်နေကြ မဟုတ်တဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာမှာ ဟန်ဒါဆန်၊ တိုက်စစ်မှာ မာရှယ်၊ကာဗာနီ၊ ဂရင်းဝုဒ်တို့ ကို တွဲကစားစေခဲ့ပြီး ကွင်းလယ်မှာ နောက်ပိုင်း ဒါဏ်ရာရရှိနေတဲ့ ပေါလ်ပေါ့ဘာ ပြန်လည်ပါ၀င်လာပီး၊ဗန်ဒီဘီ၊ တော်မီနေး တို့ နဲ့ တွဲဖက် ပါ၀င်လာခဲ့ပါတယ်။နောက်တန်းမှာ တော့ ပုံမှန် အတိုင်း ဘစ်စာကာ၊ မက်ဂွားယား၊ လင်ဒီလောဒ့်တို့ ဘစ်စာကာ နဲ့ အတူ ပွဲထွက်ပါ၀င်လာခဲ့ပါတယ်။
၀က်ဟမ်းဘက်ကလည်း ၎င်းတို့ ရဲ့ အကောင်းဆုံး လူစာရင်းကို ပွဲထုတ်သွားခဲ့ပြီး ယူနိုက်တတ်ကို အကောင်းဆုံး ရင်ဆိုင် သွားခဲ့ပါတယ်။
ပထမပိုင်းစတင်ချိန်ကစပြီး ၀က်ဟမ်း အသင်းက အပိုင် အခွင့်အရေး ရရှိခဲ့ပေမယ့် ဂိုးသမားဟန်ဒါဆန် အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ၀က်ဟမ်းအသင်းက ဘဲ ဆက်တိုက်ဖိအားပေးနေခဲ့ပြီး ယူနိုက်တန်ဘက် က ဘစ်စာကာ၊ ဂရင်းဝုဒ်တို့ ဖက်ကနေ ထိုးဖေါက်မှု တစ်ချို့ ပြူလုပ်သွားခဲ့ပါတယ်။သို့ပေမယ့် ယူနိုက်တတ်တို့ တိုက်စစ် ကောင်းကောင်း ဆင်နိုင်ခြင်း မရှိခဲ့ဘဲ ဘောလုံးက မာမာ ထန်ထန် ကစားတဲ့ ၀က်ဟမ်းရဲ့ ကွင်းလယ် မှာ ဘဲ အပျက် များနေခဲ့တာ ဖြစ်ပါတယ်။
ပွဲကစားချိန် ၃၈ မိနစ် အရောက်မှာတော့ ၀က်ဟမ်းတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဖြတ်တင်ဘောကတစ်ဆင့် လမ်းကြောင်းပြောင်းပီး ပြန်ကျလာတဲ့ ဘောလုံးကို
ဆိုလ်းချောက်က ဂိုးသမား မရှိတဲ့ အနေထားကနေ ပိတ်သွင်းသွားခဲ့ တာ ဖြစ်ပါတယ်။ သို့ပေမယ့် ယူနိုက်တတ်တို့ ဂိုးပေးလိုက်ရပေမယ့် တိုက်စစ် ကစားပုံတိုးတတ်လာခြင်း မာရှယ်ရဲ့ ကန်ချက်တစ်ခုသာ ရင်ခုန်စာ ရှိခဲ့ပြီး
ဘရူနိုဖာနန်ဒက်မပါတဲ့တိုက်စစ်ဟာလောက်လောက်
လားလားတိုက်စစ်ဆင်မှု မရှိဘဲ ၁-၀ နဲ့ သာ ပထမပိုင်းပီးဆုံးသွားခဲ့ပါတယ်။
ဒုတိယပိုင်းစတင်ချိန်မှာတော့ ယူနိုက်တတ် တို့ ဗန်ဒီဘီ၊ကာဗာနီ တို့ အစား ဘရူနိုဖာနန်ဒက်၊ ရက်ဖို့ တို့ ကို လူစားလဲလှယ်ခဲ့ပါတယ်။ယူနိုက်တတ် တို့ တိုက်စစ် ဆင်နေပေမယ့် သွင်း ဂိုးမရရှိဘဲ ရုန်းကန်နရပီး တိုက်စစ်မှုး ဖြစ်သူ မာရှယ်ဟာ ဒါဏ်ရာကြောင့် ပွဲကစားချိန် မိနစ် ၆၀ မှာ မာတာနဲ့ လူစားလှဲလှယ်ခဲ့ရပါတယ်။ပွဲရဲ့ အလှည့် အပြောင်းကတော့ ပွဲကစားချိန် ၆၅ မိနစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ ဂိုးကိုတော့ ဂိုးသမား ဖြစ်သူ ဟန်ဒါဆန်ရဲ့ အကွက်မြင်မြင်ဘကန်တင်မှုကနေ ဖာနန်ဒက်ကရရှိခဲ့ပြီး ပေါ့ဘာကို ခင်းပေးကာ ပေါ့ဘာက လှလှ ပပ ကန်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။
ချက်ချင်းဆိုသလိုဘဲ ဂိုးရရှိပီးနောက် ဂရင်းဝုဒ်က တဲလက်ရဲ့ ပေးပို့ မှုကနေ လှလှ ထိန်းပီး ညာခြေနဲ့ ကန်သွင်းယူ သွားတာ ဖြစ်ပါတယ်။ ထပ်ပြီး ယူနိုက်တတ် တို့
ဂိုးကန်သွင်းခွင့်တေရရှိခဲ့ပြီး ပွဲကစားချိန် ၇၀ လောက်မှာ ရက်ဖို့ အပိုင်ကန်သွင်းခွင့်ရခဲ့ပြီး တိုင်ထိ ထွက်ခဲ့ရလို့ နစ်နာ ခဲ့ရပါတယ်။ ပွဲကစားချိန် ၇၇ မိနစ် မှာတော့ ယူနိုက်တတ် တို့ အနိုင်သေချာစေ မယ့် ဂိုးကို ရက်ဖို့က မာတာ ရဲ့ အကွက်မြင်မြင်ပေးပို့မှု ကနေ ပြေးထွက်ကာ ဂိုးသမားနဲ့ တစ်ယောက်ခြင်း အတွေ့မှာ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၈၃ မိနစ်မှာတော့ ၀က်ဟမ်းအသင်းရဲ့ ဖရီးကစ်ကန်ချက်ကို ဟန်ဒါဆန် လှလှ ပပ ပုတ်ထုတ်သွားခဲ့ပါတယ်။ဒီလိုနဲ့။ နောက်ပိုင်း ပွဲကစားချိန်တေကို ယူနိုက်တတ်တို့ ထိန်းကစားသွားခဲ့ပြီး ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဘဲ ပီးဆုံးကာ အနိုင်ရရှိသွားခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X