Sport

ယူနိုက်တတ်နည်းပြ ဆိုလ်းရှားကို ဝါးလုံးကြိမ်း ကြိမ်းသွားတဲ့ မိုရက်စ်

UNICODE

ယူနိုက်တတ်နည်းပြ ဆိုလ်းရှားကို ဝါးလုံးကြိမ်းကြိမ်းသွားတဲ့ မိုရက်စ်

ဒေးဗစ်မိုရက်ဟာ ဖာဂူဆန်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ယူနိုက်တတ် အသင်းကိုပထမဆုံးကိုင်တွယ်ခွင့်ရခဲ့တဲ့ စကော့ တလန်သား နည်းပြ ဖြစိပြီး ၎င်းဟာ ယူနိုက်တန် နည်းပြ ဘ၀ နှင့် ၁၀ လ သာ ကြာရှည် ခဲ့ပြီး ယူနိုက်တတ် နည်းပြဘ၀ မှ ထုတ်ပယ် ခံခဲ့ ရသူ တစ်ဦးဖြစ်သည်။

၎င်းဟာ ယူနိုက်တတ် မှ ထွက်ခွာခဲ့ပြီး နောက် ဆိုစီဒက်၊ ဆန်းဒါးလန်း အသင်းတို့ ကို ကိုင်တွယ်ခဲ့ပြီး ယခု နောက်ဆုံး ၀က်ဟမ်း အသင်းကို နည်းပြနေသူ တစ်ဦး လည်း ဖြစ်ပါတယ်။

၎င်းဟာယူနိုက်တတ် အသင်း၌ အောင်မြင်မှု တစ်စုံတရာလောက်လောက်ငှငှ မရရှိခဲ့ဘဲ ထွက်ခွာခဲ့ရပြီး ၎င်းကိုယ်တိုင်က လည်း ထုတ်‌ပယ် ခံရမှုအပေါ် ယူနိုက်တန် ဘုတ်အဖွဲ့ ကို အစာ မကြေဖြစ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုည ၁၂:၀၀ တိတိ မှာတော့ ၎င်းဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တတ် အသင်းကို ရန်သူ အဖြစ် အိမ်ကွင်း လန်ဒန်စတေရီရမ်မှာ လက်ခံရမှလည်း ဖြစ်ပါတယ်။

ယခု ၀က်ဟမ်း အသင်းဟာ ၎င်းရဲ့ လက်ထပ် မှာ အကောင်းဆုံး ခြေစွမ်းတေကို ပြသထားနိုင်နေပြီး အဆင့် ၅ နေရာ မှာ ရပ်တည်နေကာ ယူနိုက်တတ် အသင်းနှင့် အိမ်ကွင်းတွင် ယနေ့ည ၁၂ နာရီ ၌ လက်ခံကစားရမည် ဖြစ်သည်။ ၀က်ဟမ်းအသင်းဟာ ဒီရာသီ အိမ်ကွင်းခြေစွမ်းအကောင်းဆုံး အဆင့်တွင် ဒုတိယနေရာ၌ ‌လီဗာပူးအသင်းရဲ့ နောက်မဇာ ရပ်တည်နေတာ ဘဲဖြစ်ပါတယ်။

အဆိုပါ ၀က်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုရက်ဟာ ယနေ့ည ၎င်း၏ အသင်းဟောင်းနှင့် ရင်ဆိုင်ကစားရမည့်အပေ့ါ် ယူနိုက်တတ် နည်းပြ ဖြစ်သူ ဆိုလ်းရှားကို ယခုကဲ့ သို့ ကြိမ်းမောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

မိုရက်စ်က ” အိုလီက ယူနိုက်တတ်မှာဆို ကျတော့ထက် ပိုပရိုဖြစ်ပါတယ်။သူဟာမန်ချက်စတာယူနိုက်တတ် မှာ မန်နေဂျာအဖြစ်နဲ့သာမက ကစားသမားအဖြစ်နဲ့ပါ နေခဲ့ဖူးသူပါ။ဒီလို ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းကို တာဝန်ယူနေရချိန်မှာ အခက်အခဲဆိုတာ အမြဲကပ်ပါနေမှာပါ။ ဖိအားပေးခံရမယ် တိုက်ခိုက်ကြမယ်။နောက်ဆုံးရုန်းကန်ရမယ်ပေါ့ ။ဒီနေ့ပွဲမှာလည်း ကျတော်က သူ့ကို သိပ်ဖို့ စောင့်နေမယ်ဆိုတာ သူကောင်းကောင်း သိနေမှာပါ” ဟု ကြိမ်းသွားခဲ့တာဖြစ်ပါတယ်။

#MUFF

 

ZAWGYI







အဆိုပါ ၀က်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုရက်ဟာ ယနေ့ည ၎င်း၏ အသင်းဟောင်းနှင့် ရင်ဆိုင်ကစားရမည့်အပေါ့် ယူနိုက်တတ် နည်းပြ ဖြစ်သူ ဆိုလ်းရှားကို ယခုကဲ့ သို့ ကြိမ်းမောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X