Sport
ပရိတ်သတ်တေကိုစိတ်မကောင်းဖြစ်စေခဲ့တဲ့ယူနိုက်တတ်ကို သိပ်ချစ်တဲ့ အီဂါလိုရဲ့ပြောစကား
UNICODE
ပရိတ်သတ်တေကို စိတ်မကောင်းဖြစ်စေခဲ့ တဲ့ ယူနိုက်တတ်ကို သိပ်ချစ်တဲ့ အီဂါလိုရဲ့ပြောစကား
မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ ပြီးခဲ့သော ရာသီ ဇန်နဝါရီ အပြောင်း အရွှေ့ရဲ့ ဈေးကွက်နောက်ဆုံး ရက်မှာ တရုတ်ကလပ် အသင်းကနေ
ပရီးမီးယားလိဂ် အ‌တွေ့အကြုံရင့် ၀တ်ဖို့ဒ် အသင်းရဲ့ တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်သူ အို‌ဒိယွန်အီဂါလို ကို အငှားစာချုပ်နဲ့ ခေါ်‌ဆိုခဲ့ပါတယ်။အဆိုပါ ကစားသမား အီဂါလိုဟာ ယူနိုက်တတ်အသင်းရဲ့ ကမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး ဘ၀ တစ်လျောက်လုံး ယူနိုက်တတ် အသင်းကိုစွဲစွဲမြဲမြဲ အားပေး ခဲ့သူ တစ်ဦးဖြစ်ကြောင်း
၀န်ခံထားခဲ့သူ ဖြစ်သည်။
၎င်းဟာ တရုတ်ကလပ် အသင်း၌ ခြေစွမ်းကောင်းများပြသထားပြီး ယူနိုက်တတ် အသင်းကို လစာငွေ ၂ ဆ နီးပါး လျော့ ယူကာ လာရောက်ကစားခဲ့ ခြင်းဖြစ်ပါသည်။၎င်းဟာ ယူနိုက်တတ် အသင်းအတွက် ရောက်ကာစ က ပွဲထွက်ကစားခွင့် အနည်းငယ် ရရှိခဲ့သော်လည်း ဒီရာသီ မှာတော့ ပွဲထွက်ကစားခွင့် လုံး၀ နီးပါးပျောက်ဆုံးနေတာ ဘဲဖြစ်ပါတယ်။
၎င်းက ယူနိုက်တတ်အသင်းရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ပြီး ယူနိုက်တတ် အတွက် ပုံမှန်ရနေကြ လစာကို လျော ယူကာ ရရာ နေရာ မှာ ပါ၀င်ကစားခွင့်ရသလောက် ‌ခြေစွမ်းပြ သထားသူတစ်ဦးဖြစ်သည်။၎င်းဟာ ရောက်ရှိသည့် အချိန်မှ စ၍ တစ်နှစ်နီးပါးအချိန်တွင် ပွဲပေါင်း ၂၀ ပါ၀င်ကစားခွင့်ရရှိထားပြီး အဓိက အားဖြသ့် လူစား၀င်ကစားသမား များ အဖြစ်သာ ပွဲထွက် ခွင့် ရရှိခဲ့ ပြီး သွင်းဂိုး ၂ ဂိုး ရရှိထား ပါတယ်။
သို့သော် ယခု ရာသီ တွင်ပွဲထွက် ခွင့် မရမှု အပေါ် ၎င်း က စိတ်မကောင်းဖြစ်စွာဤ သို့ပြော ပြသွားခဲ့ပါတယ်။
အီဂါလို က “ကျနော် ဒီလိုအခြေ အနေကြီး မှာ ဖြစ်နေရတာ ကျနော့်ကို စိတ်ပျက်စေပါတယ်။ကျနော်ထင်ပါတယ် ဇန်နဝါရီ ကျရင် China ကို ကျနော်ပြန်ရမယ်လို့။ကျနော့်ရဲ့ အမြဲတမ်း အိမ်မက်က မန်ချက်စတာ ယူနိုက်တတ် အသင်းအတွက် ကစားပေးဖို့ပါ။ဒါပေမယ်လေ့ကျင့်ရေးကွင်းမှာဘဲကစားရတာမျိုး မဟုတ်ပါဖူး။တကယ့် ပြိုင်ပွဲအချိန်အတွင်းမှာပါ ကစားခွင့် ရခြင်တာပါ၊ပွဲချိန်တေဆို ကျနော်အမြဲ အရန်ခုံတန်းကနေ ကြည့်နေရတယ်။ဒါကကျနော့် ကို နာကျင်စေပါတယ်။ကျနာ်ကတောာ့ အိုလီ အနေနဲ့ ကျနော့် အတွက် မိနစ် အနည်းငယ်လောက်ဖြစ်ဖြစ် ကစားခွင့်ပေးဖို့ ကျနော် တကယ် မျှော်လင့်မိပါတယ်။သဘောတူညီမှု အရဆို ကျနော်က အခုဇန်နဝါရီဆို ပြန်ရတော့ မယ့် အခြေနေမှာ ရှိပါတယ်။ဒါကြောင့်ကျနော့ စိတ်ကို ဇန်နဝါရီမတိုင်ခင် အကောင်းဆုံး ကျေနပ် မှု တေ နဲ့ အတူ အသင်းကနေ ထွင်ခွာဖို့ အိုလီ ကူညီမယ် လို့ ကျနော် မျှော်လင့်ပါတယ်” ဟု စိတ်မကောင်းစွာပြောပြသွားခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X