Sport

ဝက်ဟမ်း နှင့် ယူနိုက်တက် ပွဲမတိုင်ခင် မဖြစ်မနေ သိထားသင့်သောအချက် (7) ချက်

UNICODE

ဝက်ဟမ်း နှင့် ယူနိုက်တက် ပွဲမတိုင်ခင် မဖြစ်မနေ သိထားသင့်သောအချက် (၇) ချက်

ယူနိုက်တက်သည် ဝက်ဟမ်းအသင်းနှင့် နောက်ဆုံးတွေ့ဆုံထားသည့် ပရီးမီးယားလိဂ်ပွဲစဥ်အဝေးကွင်း (11) ပွဲ တွင် (5)ပွဲရှုံး၊ (3) ပွဲနိုင်၊ (3) ပွဲသရေ ဖြစ်ပေါ်ထားသည်။ ယူနိုက်တက်အသင်းသည် ဝက်ဟမ်း အသင်းနှင့် နောက်ဆုံးရင်ဆိုင်ထားသည့်ပရီးမီးယားလိဂ်ပွဲစဥ် အဝေးကွင်း (2) ပွဲဆက်ရှုံးနိမ့်ခဲ့သည်။

၀က်ဟမ်းအသင်းနှင့် ယူနိုက်တတ် အသင်းပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီး အဖြစ် အန်ဒရေမာရီနာ က ကိုင်တွယ် သွားမည် ဖြစ်ပြီး ယနေ့ည ၁၂ နာရီတိတိအချိန်တွင် ၀က်ဟမ်းအသင်း၏ အိမ်ကွင်း London Stadium ကွင်းအတွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်

ပရီးမီးယားလိဂ်၌ ကွင်းလယ်လူ ဖာနန်ဒက်သွင်းယူခဲ့သည့် သွင်းဂိုး(15)ဂိုးမှ (11) ဂိုးသည် အဝေးကွင်းမှရရှိသည့်သွင်းဂိုးများဖြစ်ပြီး စုစုပေါင်း(73.3%) အထိရှိခဲ့ သည်။

၀က်ဟမ်းအသင်း၏ ယခု လက်ရှိနည်း ပြ ဖြစ်သူ မှာ မန်ချက်စတာ ယူနိုက်တတ် အသင်း၏ ဖာဂူဆန်နောက်ပိုင်း ပထမဆုံး နည်းပြ ဖြစ်သူဘစကော့တလန်သားကြီး ဒေးဗစ်မိုရက် ဖြစ်ပြီး ၎င်းဟာ မန်ယူနည်းပြ အဖြစ် ၁၀ လ ကြာ ကိုင်တွယ်ပြီး နောကိ အသင်းမှတ် ထုတ်ပါယ် ခံခဲ့ရသော ကြောင့် အသင်းတာ၀န်ရှိသူတေကို အခဲမကြေ ဖြစ်နေသူ တစ်ဦးဖြစ်ပါစည်။

တိုက်စစ်မှူး ကာဗာနီသည် ပရီးမီးယားလိဂ်၌ (128) မိနစ်သာ ကစားထားရပေမယ့် ဂိုးပါဝင်ပတ်သတ်မှု(4)ကြိမ်အထိရှိခဲ့ပြီး(32) မိနစ်ရောက်တိုင်းတစ်ဂိုးရဖို့ စွမ်းဆောင်ပေးခဲ့သည်။

ကွင်းလယ်လူ ဖာနန်ဒက်သည် ဝက်ဟမ်း နှင့်ပွဲစဥ်တွင် ဂိုးသွင်းနိုင်ပါက(1964) ခုနှစ်တုန်းကစံချိန်တင်ထားသည့် ဂန္တဝင်တိုက်စစ်မှူး ဒီနစ်လောနောက်ပိုင်း အဝေးကွင်း၌ ကစားသည့်အမှတ်ပေးပွဲ (6)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် မှတ်တမ်းကောင်းကိုပိုင်ဆိုင်မည်ဖြစ် သည်။

၀က်ဟမ်းအသင်းသည် ယခုရာသီတွင် ရလဒ်ကောင်းများ ပြသထားပြီး ၁၀ ပွဲကစားပြီး ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး အဆိုပါအမှတ်ထဲမှ ရမှတ် ၁၀ မှတ်မှာ အိမ်ကွင်း ပွဲစဉ်များမှ ရယူထားခြင်းဖြစ်သည်။လီဗာပူးအသင်းပြီးနောက် ဒီရာသီ အိမ်ကွင်း အကောင်းဆုံး စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားသည်။
#MUFF

ZAWGYI

ဝက်ဟမ်း နှင့် ယူနိုက်တက် ပွဲမတိုင်ခင် မဖြစ်မသေိထားသင့်သောအချက် (၇) ချက်








#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X