Sport

ကျေးဇူးကြီးမားသော ဖာဂူဆန်အကြောင်း အပါအ၀င် မနက်ခင်း ယူနိုက်တက်သတင်းတိုများ

UNICODE

ကျေးဇူးကြီးမားသော ဖာဂူဆန်အကြောင်း အပါအ၀င် မနက်ခင်း ယူနိုက်တက်သတင်းတိုများ

ယနေ့သည် ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မာရှယ်လ်၏ အသက်(25) နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်းသိရ ပါသည်။

ယူနိုက်တတ်ဟာဂျေဒန်ဆန်ချိုကို မခေါ်တော့ဘဲ လက်စတာအသင်း၏ ၂၂ နှစိအရွယ်ကစားသမား ဟာဗေးဘန်းစ်ကို ခေါ်ဖို့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားလာကြောင်းသိရပါသည်။

ယနေ့သည်လည်း ယူနိုက်တက် အသင်း၏U-18 ကစားသမား Charlie Wellens ၏ အသက်(18)နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်းသိရသည်။

ယူနိုက်တက်အသင်းသည် UK ရှိဆေးရုံတက်နေရ သောကလေးသူငယ်များကို ပေါင်(2)သိန်းခွဲအထိလှူဒန်းခဲ့ပြီး ယူနိုက်တက် ဖောင်ဒေရှင်းနှင့်ပူးပေါင်းပြီး ခရစ္စမတ်ကာလ အမှတ်တရပစ္စည်းများကိုလည်းပေးအပ်လှူဒန်းခဲ့ကြောင်းသိရသည်။

ယူနိုက်တက်အသင်းသည် (2019/20) ဘောလုံးရာသီမှစပြီး ရှုံးနိမ့်တော့မည်အနေအထားမှ ရမှတ်ပြန်ယူနိုင်ခဲ့သည့်အသင်းတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး စုစုပေါင်းရမှတ်(25)မှတ်အထိရရှိခဲ့သည်။

ဝက်ဟမ်းနည်းပြဒေဗစ်မိုးယက်စ်မှ ယူနိုက်တက်ဂန္တဝင်နည်းပြဖာဂူဆန်နှင့်ပတ်သတ်ပြီး ” ဆာအဲလက်စ် ကတော့ ကျွန်တော့်အပေါ် အမြဲတမ်းကောင်းတဲ့လူတစ်ဦးပါ။ သူယူနိုက်တက်အသင်းမှာနည်းပြအဖြစ်နဲ့ရှိကတည်း က ကျွန်တော့်အပေါ်ကိုကောင်းခဲ့တာပါ ” ဟုဆိုခဲ့သည်။

ယနေ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ Premier League 2 ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက် ယူ၂၃ အသင်း နှင့် စိန့် ယူ၂၃ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ယူနိုက်တက် လူငယ် အသင်းက ( ၃-၁ ) အနိုင်ရရှိသွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ၃၉ မိနစ် တွင် Anthony Elanga , ၄၆ မိနစ် တွင် Pellistri , ၉၄ မိနစ်တွင် Puigmal တို့က သွင်းယူသွားခဲ့ပါတယ်။

Credit
MUFF

ZAWGYI










Credit
MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X