Sport

PSG နည်းပြတူချယ်လ်ကို နည်းပြဖြစ် ခန့်ဖို့ စီစဉ်လာပြန်တဲ့ ယူနိုက်တတ်

UNICODE

PSG နည်းပြ တူချယ်လ်ကို နည်းပြဖြစ် ခန့်ဖို့ စီစဉ်လာပြန်တဲ့ ယူနိုက်တတ်

ယူနိုက်တတ်အသင်းသည် ပြီး ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က PSG အသင်းအား အိမ်ကွင်း တွင် လက် ခံ ယှဉ်ပြိုင် ကစားခဲ့ပြီး ၃ ဂိုး ၁ ဂိုး ဆိုသော ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရပါသည်။

အဆိုပါ ပွဲစဉ်တွင် ယူနိုက်တတ် ဘက် မှ ရက်ဖို့က ခြေပ ဂိုး သွင်းယူ နိုင်ခဲ့ပြီး PSG အသင်းမှ နေမာ က ၂ ဂိုး မော်ကွင်ဟို က ၁ ဂိုး သွင်းယူကာ ၃ ဂိုး ၁ ဂိုး ဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါပွဲစဉ်တွင် ယူနိုက်တတ်တိုက်စစ်မှုး မာရှယ် ရဲ့ အပိုင်အခွင့် အရေး အကြိမ်ကြိမ် ကို ဖြုန်း တီး ခဲ့ မှုကြောင့် ယူနိုက်တတ်တို့ ရှုံးနိမ့်ခဲ့ရ ပီး နည်းပြ ဆိုလ်းရှား ကလည်း ဒီရာသီ မှာ အသင်းကို ပုံမှန်ခြေစွမ်း တည်ငြိမ် အောင် မထိန်းသိမ်းနိုင်သေး ဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

သို့ဖြစ်၍ယူနိုက်တက် တာ၀န်ရှိသူများသည် PSG နည်းပြ​ သောမတ်စ် တူဟယ်လ်အားစိတ်ဝင်စားနေပြီး တူချယ်လ် ကလည်း ယူနိုက်တက်နည်းပြအလုပ်ကိုစိတ်ဝင်စားနေကြောင်း ဂျာမန်မီဒီယာ Sport BILD ကရေးသားခဲ့သည် ။

ယူနိုက်တတ်ဟာ နည်းပြဆိုလ်းရှား ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဒီရာသီ အကုန်တွင် အခြေအနေ မမှန်ပါက စပါးအသင်းနည်းပြဟောင်းပိုချက်တီနို၊ ယခု PSG နည်းပြ တူချလ် တို့အား ခေါ်ယူခန့်အပ်ရန် ရာထားပြီး ဖြစ်ကြောင်း သိရပါသည်။

ယူနိုက်တတ် တာ၀န်ရှိသူများက ပိုချက်တီနိုထက် တူချလ်ကို ပိုမို သဘောတွေ့နေကြကြောင်းဘသိရသည်။အကြောင်းမှာ ပိုချက်တီနိုမှာ ကိုင်တွယ်သည့် အသင်းများကို ဖလားအောင်မြင်မှု လောက်လောက်လားလား ရရှိအောင် မလုပ်ဆောင်နိုင် ခဲ့မှုကြောင့် ဟု သိရပီး ဖလားအောင်မြင်မှု နှင့် ဝေး ကွာနေသော ယူနိုက်တန်အသင်းကို ၎င်း က ဖလားအောင်မြင်မှု များ ပြန်လည် ရယူပေးနိုင်မည် ဟု မယုံကြည်ကြောင်း သိရသည်။

ထို့ကြောင့် PSG နည်းပြ တူချလ် ကို ပိုမိုစိတ်၀င်စားနေခြင်းဖြစ်ပြီး ယခု ရာသီတွင် ယူနိုက်တတ် အနေဖြင့် အောင်မြင်မှု တစ်စုံတရာ မရရှိပါက နည်းပြဆိုလ်းရှားအားထုတ်ပယ်ကာ တူချလ်ဖြင့် အစားထိုးသွားတော့မည်ဟု သိရပါသည်။

#MUFF

ZAWGYI







 



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X