Uncategorized

ဇန်နဝါရီတွက်ချိတ်ဆက်နေသောကစားသမားကြောင်းပါဝင် နံနက်ခင်း သတင်းတိုများ

UNICODE

ဇန်နဝါရီတွက်ချိတ်ဆက်နေသောကစားသမားကြောင်းပါဝင် နံနက်ခင်း သတင်းတိုများ

မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ လာမည့်ဇန်နဝါရီ ဈေးကွက်တွင် အသင်း၏နောက်တန်းအင်အားအား ထပ်မံတိုးမြှင့် ရန်ရည်ရွယ် ထားကြောင်း သိရပါသည်။အသင်းနည်းပြ ဖြစ်သူ ဆိုလ်းရှား ဟာ မက်ဂွားယား ရဲ့ တွဲဖက် ပြဿနာကို စိတ်တိုင်းမကျ ဖြစ်ကယ ဗီလာရီးရဲလ် အသင်းမှ ပေါလ်တော်ရက် အားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါသည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (5) ပွဲအပြီးယူနိုက်တက်အသင်းမှတိုက်စစ် မှူး ရပ်ရှ်ဖို့ဒ်မှာ သွင်းဂိုး(6) ဂိုးဖြင့် မိုရာတာ၊ ဟာလန်တို့ နှင့် အတူ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် အဆင့်(1)နေရာ၌ ပူးတွဲရပ်တည်ခဲ့ကြောင်းသိရသည်။

ယူနိုက်တတ်ဟာ ခံစစ်အင်အားကို တိုးမြှင့်ရန် လာမည့်ဇန်နဝါရီဈေးကွက် တွင် ဗီလာရီးရဲနောက်ခံလူ ပေါလ်တော်ရက်၊လက်စတာ ဝါရင့်နောက်ခံလူ ဂျွန်နီအီ‌ဗန် တို့ အပြင် လက်စတာ ‌ညာနောက်ခံလူ ရီကာဒိုပီရဲရားတို့ ထဲမှ တစ်ဦးဦးအား ခေ့်ယူရန် စီစဉ်ထားကြောင်း သိရပါသည်။

မိုချန်ဂလာဘတ်အသင်း ၏ ကွင်းလယ်လူ Denis Zakaria ၏ခြေစွမ်းကို ယူနိုက်တတ် အသင်းကစိတ်ဝင်စား‌နေပြိး စောင့် ကြည့်နေကြောင်းသိရသည်။ ယင်းကို ချယ်လ်ဆီး အသင်းနှင့် မန်စီးတီးအသင်းတို့ကလည်း ခေါ်ယူဖို့စိတ် ဝင်စားနေသည်။

ယူနိုက်တတ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်များတွင် တစ်ပွဲရှူံး၊ တစ်ပွဲနိုင် ရလဒ် ရရှိထားပြီး လိုက်ပဇစ် အသင်း၏ အိမ်ကွင်းတွင် သရေ သို့မဟုတ် အနိုင်ရလဒ်ကို ရရှိမှ သာနောက်တစ်ဆင့်တတ်ရောက်နိုင်မည် ဖြစ်ပြိး မဟုတ်ပါက ယူရိုပါလိဂ် သို့ ဆင်းကစားရမည်ဖြစ်ကြောင်း သိရပါသည်။

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ အိမ်ကွင်း(8) ပွဲတွင် (4) ပွဲရှုံးခဲ့သည်။ ယင်းရှုံးပွဲပမာဏမှာ နောက်ဆုံး(8) ပွဲမတိုင်ခင်ကစားခဲ့သည့်(28) ပွဲ အိမ်ကွင်းပွဲစဉ်တုန်းက ရှုံးပွဲနှင့်တူညီနေကြောင်းသိရ သည်။

ကျနော်ရေးသားသော ယူနိုက်တတ်သတင်းများကို ယူနိုက်တတ်ပရိတ်သတ်များ အလွယ်တကူဖတ်ရှုနိုင်ရန်
မန်ယူဂရု များသို့ Like(သို့)ရှယ်ပေးကြရန် တောင်းဆိုအပ်ပါသည် ခင်ဗျ။

#MUFF

ZAWGYI









#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X